spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ရိက္ခာဖြန့်ဝေတဲ့ စစ်ကောင်စီစခန်းတစ်ခုကို KA ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး လက်နက်ခဲယမ်းရရှိ

ကန္တာရဝတီတိုင်း( မ် )

ရိက္ခာဖြန့်ဝေပေးနေတဲ့ ထိုင်း-ကရင်နီနယ်စပ် နမ့်ပန်ချောင်းအနီးက စစ်ကောင်စီရဲ့ ဟွေအမ်တပ်စခန်းကို ယမန်နေ့ မတ်လ ၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“တိုက်ပွဲတော့ဖြစ်တယ်။ အဲဒီ ဟွေအွမ်ပေါ့နော။ ၅၄တပ် စခန်းထိုင်တဲ့နေရာ ဟွေအွမ် အဲဒီ နန့်ပန် ချောင်းဘေးပေါ့နော။ အဲဒါဖြစ်ပါတယ်။ ဟုတ်တယ်။ ကျနော်တို့ KA ကွန်မန်ဒိုရဲ့ ကွန်မန်ဒို တပ်ဖွဲ့ ဝင်တိုက်တယ်လေ။ မနက် ၅ နာရီ ၆ နာရီလောက်ပေါ့။ ၆ နာရီကျော်ကျော်လောက် ဝင်တိုက်တယ်လေ။ ဝင်တိုက်တော့ မိနစ် ၂၀၊ ၃၀ လောက်ထင်တယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့ရှိခဲ့ရပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်တွေမှာ ၆၀ မမ ၁ လက်၊ စနိုင်ဘာ ၁ လက်၊ MA 1 ၁ လက်၊ MA 2 ၂ လက်၊ MA 4 ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ကုန်းပွိုင့်အမှတ် ( ၁၄၄၁ ) စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံးများပြားခဲ့သလို စစ်ကောင်စီရဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ( KMIC ) က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img