spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ရိက္ခာ ပြန်လာယူတဲ့ ရွာသားနှစ်ဦး စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်၊ တစ်ဦးဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

မနေ့က (ဧပြီ ၁၁ရက်) ဖရူဆိုဖက်မှာ ရိက္ခာပြန်လာယူတဲ့ ရွာသားနှစ်ဦးကို စစ်ကောင်စီကနေပြီး သေနတ်နဲ့ ပစ်ခတ်မှုကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို ရွာသားလေး ဦးကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ ပြီးတော့မှ ကျနော်တို့ သိရသလောက် ဆိုလို့ရှိရင်တော့ ဖရူဆိုဖက်မှာဆိုလို့ရှိရင် ရိက္ခာပြန်လာယူတဲ့ ရွာသားနှစ်ဦးကို သူတို့ သေနတ်နဲ့ ပစ်တော့ တစ်ဦးထိခိုက်ဒဏ်ရာရတယ်။ အဲ့လို ပုံစံမျိုးတော့ ကျနော်တို့ သိရတယ်ပေါ့လေ။ ပြီးတော့မှ ရွာသား လေးယောက်ကို သူတို့ ဖမ်းပြီးတော့မှ ရိုက်နှက်တာတွေ ရိုက်ပုတ်တာတွေ လုပ်ပြီးတော့မှ ညနေ မှ ပြန်လွှတ်လာတဲ့ ဥစ္စာတွေလည်း ရှိတာပေါ့။ “ လို့ KNDFပြောဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ(၁၀)ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် လမ်းမကြီး အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေရှိတဲ့အတွက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ KNDF B-15 က ထုတ်ပြန် အသိပေးထားတာ ရှိပါတယ်။

မနေ့ကဆိုရင်လည်း ဖရူဆိုမြို့နယ် ထားလဲကျေးရွာနဲ့ -ဘောလခဲမြို့နယ် နန်းဖဲ ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကိုလည်း KA, KNDFတို့ ပူးပေါင်းပြီး မနက်(၆)နာရီလောက်မှာ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနိုင်သလို စစ်ကောင်စီကနေပြီး ပြည်သူနေအိမ်မီးရှို့ဖျက်စီးတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေ အနေနဲ့ သတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ တွေကနေပြီး အသိပေးထားတာတွေရှိပါတယ်။

spot_img
spot_img