spot_imgspot_imgspot_imgspot_img
Friday, November 8, 2024
spot_imgspot_imgspot_imgspot_img

ရေဘေးကြောင့် တိမ်ရှောင်ရတဲ့ လွိုင်ကော်စစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားသုံးဆီ ပေးဝေ ၊ အကူအညီလိုအပ်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့က ဘီလူးချောင်းဘေးတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံ တွေဟာ ရေမြှင့်တက်လာမှုကြောင့် တိမ်းရှောင်နေကြရပြီး လတ်တလောမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အမိုးအကာ ၊ သောက်ရေသန့် နဲ့ ဖယောင်းတိုင်တွေကို ပေးဝေထားတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က မိုးဗြအခြေစိုက် ခမရ – ၄၂၂တပ်ကနေ မိုးဗြဲရေကာတာဖောက်ချတာကြောင့် ဘီးလူးချောင်းဘေး တစ်လျှောက်က ကျေးရွာနဲ့ လယ်ယာထောင်ချီ ရေနစ်မြှုပ်ခဲ့ရပြီး ဒေသခံတွေဟာလည်း ရေဘေးကြောင့် နေရာရွေ့ပြောင်းနေထိုင်ကြရတာ ဖြစ်ပါတယ်။

“လောလောဆယ်တော့ သောက်ရေသန့်တွေ မိုးကာတွေ‌တော့ ဝေထားတာရှိပါတယ်။ နောက်ပြီး ဖယောင်းတိုင်တွေပါမယ် နောက်ပြီး တချို့ စားဆီတွေပါမယ်ပေါ့နော်။ လောလောဆယ်တော့ အဲ့ဒါ အခြေခံဖြန့်ဝေထားတာရှိတယ်”လို့ ဦးဗညားက ဆိုပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်လည်း အမိုးအကာက အရေးတကြီးလိုအပ်နေတယ်လို့ဆိုပါတယ်။ ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေလည်း တိမ်းရှောင်နေကြရပြီး သွားလာရေးအတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ထပ်ဆင့် စစ်ရှောင်နေရတာကြောင့် လိုအပ်ချက်တွေ များနေတယ်လို့ စစ်ရှောင်တစ်ဦးက အခုလို ပြောပါတယ်။

“လွိုင်ကော်ပြန်နေပြီး နောက်တခေါက် ထပ်ရှောင်ဆိုတော့ စစ်ရှောင်တဲ့ ဘဝက အဆင့်ဆင့်ပဲဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ လိုအပ်ချက်တွေတော့ အများကြီးရှိတယ်လို့ပြောလို့ရတာပေါ့။ဒါပေမဲ့ အဓိက အခြေခံစားဖို့သောက်ဖို့ နေဖို့ရှိဖို့ ပိုအရေးကြီးတာပေါ့။ အခြေခံတွေပေါ့”လို့ စစ်ရှောင်ဒေသခံတစ်ဦးက ဆိုပါတယ်။

ရေဘေးကြောင့် လွိုင်ကော်မြို့ကနေ နေရာရွေ့ပြောင်းကြသူတွေဟာ စစ်ဘေးရှောင်စခန်းအသီးသီးမှာ သွားရောက်တိမ်းရှောင်နေကြသလို ဒီးမော့ဆိုမြို့နယ်ကို လာရောက်တိမ်းရှောင်ကြသူလည်း ရှိနေပါတယ်။

လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က ဘီလူးချောင်းဘေး တလျှောက် အနိမ့်ပိုင်းတွေမှာ နေထိုင်ကြတဲ့ဒေသခံတွေအနေနဲ့ အရေးပေါ် ရွှေ့ပြောင်းကြဖို့ IEC က ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပြီးတဲ့နောက် ၅ ရက်အတွင်း အရေးပေါ် ပြောင်းရွှေ့ရတဲ့သူဦးရေ ၁၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts