spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ရှမ်း/တောင်တွင် ပြောင်းအစား အမြတ်ပိုုများသည့် ဆေးရွက်ကြီးပင်များ ပြောင်းလဲစိုက်ပျိုး

Author

Date

Category

ဖယ်ခုုံမြို့ အရှေ့ဘက် ကျေးရွာတစ်ခုုရှိ ဆေးရွက်ကြီးပင်စိုုက်ခင်း(ဓါတ်ပုုံ-ကရင်နီသူ)

ကရင်နီသူ၊ မူဂျာမီလှိုင်

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံအရှေ့ဘက်ပိုင်းတွင် ပြောင်းစိုက်ပျိုးရာ အမြတ်မကျန်သည့်အတွက် တွက်ချေပိုုကိုုက်သည့် ဆေးရွက်ကြီးပင်များကို ပြောင်းလဲစိုက်ပျိုးေ်နကြသည်။

“ဆေးရွက်ကြီးစိုက်တာ ပိုအဆင်ပြေတာပေါ့၊ ပြောင်းစိုက်တာလည်း မစားရဘူးလေ”ဟု ဆင်တောင်ကျေးရွာမှ ဆေးရွက်ကြီးစိုက်တောင်သူ ဦးလင်းကျော်က ဆိုသည်။

ဆေးရွက်ကြီးစိုက်ပျိုးရာတွင် အခြားတောင်သူများ စိုက်ပျိုးနေကျ ပြောင်း၊ ပဲလိုမဟုတ်ဘဲ ပို၍ဂရုစိုက်ပေးရသည်။ ၁၅ရက်တစ်ကြိမ် ပိုးသတ်ဆေးဖျန်းပေးရခြင်း၊ ပေါင်းပင်များရှင်းပေးရခြင်း၊ မြေဩဇာကို ပုံမှန်ထည့်ပေးရခြင်း စသည်တို့ကို လုပ်ဆောင်နေရသည်။

စတင်စိုက်ပျိုးချိန်တွင် ပျိုးပင်များအလွန်သေးငယ်သောကြောင့် စိတ်ဓာတ်ကျခဲပြီး ယခုတစ်လကျော်သက်တမ်းရှိ ဆေးရွက်ပင်များကို ပြန်တွေ့ရသည့်အတွက် စိတ်ချမ်းသာမိကြောင်း ဆေးရွက်စိုက်တောင်သူ ဒေါ်နန်းလိတ်ကဆိုသည်။

̏ ဆေးရွက်ပင်စစိုက်တုန်းကဆို သူများကျွန်မကို ကဲ့ရဲ့တယ်၊ နင့်အပင်ကသေးသေးလေးပဲ၊ ဝါဝါကြီးပဲဆိုပြီးတော့ ကျွန်မကိုဝိုင်းပြောကြတယ်။ အခုတော့ အပင်ကြီးလာတော့ ကျွန်မစိတ်ချမ်းသာရပါပြီ။˝ဟု ၎င်းကဆိုသည်။
သို့သော် ဆေးရွက်ကြီးကိုယခုနှစ်မှ စစိုက်သော်လည်းငမြှောင်တောင်ပိုးများကျသဖြင့် နောက်နှစ်တွင် ၎င်းကိုဆက်လက်စိုက်ပျိုးရန် မသေချာသေးကြောင်း ဒေါ်နန်းလိတ်ကဆက်ပြောသည်။

ဆေးရွက်ကြီးပင်များကို ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ဆင်ဖြူကျေးရွာတွင် အိမ်ခြေ ၄ဝခန့် စိုက်ပျိုးကြပြီး၊ နမ့်ပေါ်လုံကျေးရွာတွင် အိမ်ခြေ ၁ဝကျော်ခန့် စိုက်ပျိုးလာကြသည်။ ထို့ပြင် ၎င်းတို့ကျေးရွာပတ်ဝန်းကျင်ရှိ ရွာများတွင်လည်း အများအပြားစိုက်ပျိုးနေကြပြီဖြစ်သည်။

တောင်သူဦးကျော်လင်းသည် ယခင်နှစ်တွေမှာ ပြောင်းပင်များကိုသာ စိုက်ပျိုးပြီး ယခုနှစ်မှ ဆေးပင်ပြောင်းစိုက်သည့်အခါ အတော်အောင်မြင်နေသည်။ ထို့ကြောင့် ၎င်းက “ကြည့်ကြည့်မယ် ဒီဟာပိုအဆင်ပြေရင် ဒီဆေးရွက်ကြီးကို ငါတို့ထပ်လုပ်မယ်” ဟုပြောသည်။

လွယ်ပေါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောင်းဖူးများစိုက်ပျိုးခြင်းထက် ဆေးရွက်ကြီးစိုက်ပျိုးရန် ဒေသခံများကို တွန်းအားပေးခဲ့သည်။ သို့သော်တောင်သူအများစုက ၎င်းတို့စိုက်ပျိုးနေကျ ပြောင်းများကိုသာ စိုက်ပျိုးနေကြကြောင်း အုပ်စုအုပ်ချုပ်ရေးမှူး ဦးပီးယိုကပြောသည်။

̏ ကျွန်တော်နမ့်ပေါ်လုံတစ်ရွာတည်းကို ပြောတာမဟုတ်ဘူး၊ ဒီဒေသမှာရှိတဲ့ဒေသခံတွေကို ပြောတယ် ဆေးရွက်ကြီးစိုက်ဖို့၊ ဒါပေမယ့် တောင်သူတွေက အသစ်ကို ထိုးဖောက်ချင်တဲ့စိတ်မရှိဘူး မရဲဘူးလို့ပြောရမယ်ပေါ့နော၊ သူတို့က စိုးရိမ်စိတ်တအားများတယ်။˝ ဟု ၎င်းကပြောသည်။

ဆေးရွက်ကြီးခူးသည့်အချိန်တွင် အရွက်ပေါ်မူတည်ပြီး အရွက်ကောင်းပါကဈေးကောင်းရနိူင်ပြီး ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၁၀၀ဝ မှ ၃၀၀ဝ အထိရနိူင်ကြောင်း သိရသည်။ ဆေးရွက်ကြီးပင်များ စိုက်ပျိုးရန် ကုမ္ပဏီများနှင့် တောင်သူများက တစ်နှစ်တာစာချုပ်ကို ချုပ်ဆိုရသည်။ အကျိုးအမြတ်မှာ ၁ ဧကလျှင် ၁၈ သိန်းရနိုင်ပြီး ကုမ္ပဏီများမှ ၎င်းတို့ထုတ်ပေးသော မြေဩဇာများ၊ ပိုးသတ်ဆေးများနှင့် ဆေးဖျန်းပုံးများ၏ တန်ဖိုးအတိုင်း ပြန်နုတ်ယူပြီးကျန်ရှိသည့် ပမာဏသည်သာ တောင်သူများက အကျိူးခံစားခွင့်ရှိမည် ဖြစ်ကြောင်းသိရသည်။

spot_img
spot_img

Recent posts