spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထုတ်ပြန်တဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အမြင်သဘောထား

Author

Date

Category

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မဲဆန္ဒနယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ( UEC ) ကအောက်တိုဘာလ ၁၂ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီး က မြို့နယ်တချို့တို့ရဲ့ ကျေးရွာအုပ်စုတွေဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထုတ်ပြန်တဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အမြင်သဘောထားတွေလိုက်လံမေးမြန်းထားတာကို တင်ပြထားပါတယ်။

ဦးစောခူးတလေ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) မှ ဒီမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ဦးစောခူးတလေ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) မှ ဒီမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကျတော်တို့အနေနဲ့ကတော့ UEC ကနေ ထုတ်ပြန်လိုက်တဲ့ရွေးကောက်ပွဲမကျင်းပဘူးဆိုတဲ့ နေရာတွေ မြို့နယ်တွေ ကျေးရွာအုပ်စုတော်တော်များတယ်။ အဓိက ပြည်နယ်တွေမှာပိုများတယ် တိုင်းကနည်းနည်းလေးပဲပါတယ်ပေါ့။ ဆိုတော့ တစ်ဖက်ကနေကြည့်ရင် စစ်ဖြစ်လို့ ဒီဒေသအခြေအနေက မတည်ငြိမ်လို့မလုပ်ဘူးဆိုတာတော့ လက်ခံစရာလည်းရှိပါတယ် ဒါပေမယ့် တစ်ဖက်မှာပြန်ကြည့်လိုက်ရင် ၂၀၂၀မှာတိုင်းရင်းသားအခန်းကဏ္ဍက အားနည်းသွားမယ့်အခြေအနေမျိုးက အများကြီးဖြစ်သွားနိုင်တယ်။ ဆိုတော့ ဒီမအပေါ်မှာက သိပ်ပြီးတော့ သဘောမကျဘူး။ တချို့ ကျတော်တို့အပြင်ကနေ ရတဲ့သတင်းအချက်အလက်ဆိုရင် အဲ့လောက်ထိလုပ်ဖို့မလိုဘူးဆိုတဲ့အခြေအနေမျိုးတွေလည်းရှိတာပေါ့ မြို့နယ်အကုန်လုံးကတော့မဟုတ်ဘူးပေါ့နော တကယ်စစ်ဖြစ်နေတဲ့နေရာတွေလည်းရှိသလို အခြေအနေအရ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်ဆိုတာ ကျတော်တို့ သိရတယ်ပေါ့။ ဒါက အပြင်ကနေ အချင်းချင်းရတဲ့ သတင်းအချက်အလက်အရပေါ့။ ကျတော့်အနေနဲ့ ရဲရဲပြောချင်တာတစ်ခုကတော့ တစ်ဖက်ကနေ ကျတော်တို့တိုင်းရင်းသားပါတီအားမကောင်းအောင် တိုင်းရင်းသားတွေအခန်းကဏ္ဍလျော့နည်းအောင် တိုင်းရင်းသားတွေ လွှတ်တော်မှာများများမရောက်နိုင်အောင် လုပ်တာလားဆိုပြီးတော့ ကျတော် ဒီလိုပဲမေးခွန်းမေးချင်တယ် မှတ်ချက်ပြုချင်တာပေါ့။ ဒါက ကျတော်တို့တိုင်းရင်းသားတွေအတွက်တော့ တော်တော်လေးအထိနာစေတယ် တိုင်းရင်းသားတွေရဲ့ကိုယ်စားလှယ်တွေကို လွှတ်တော်မှာရောက်ဖို့ အားနည်းစေတဲ့အချက်တွေဖြစ်ပါတယ်။

ကယန်းအမျိုးသားပါတီ KNP မှ ဒီမော့ဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်းမြင့်နိုင်

ကယန်းအမျိုးသားပါတီ KNP မှ ဒီမော့ဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်းမြင့်နိုင်
စိတ်မကောင်းဘူးလို့ပြောလိုတယ် နောက်တစ်ချက်က စိုးရိမ်တယ်လို့လည်းပြောလိုတယ်။ စိတ်မကောင်းဘူးလို့ပြောရခြင်းရဲ့အကြောင်းရင်းကတော့ တိုင်းရင်းသားဒေသတွေမှာရွေးကောက်ပွဲကို ပြင်ဆင်ကြတာရှိတယ် ဆိုတော့ လုံခြုံရေးကိုအကြောင်းပြတာလား ဘယ်လိုအကြောင်းပြတာလည်းတော့မပြောတတ်ဘူး ဒီဒေသတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးဆိုတော့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ကြိုးစားနေတဲ့ တိုင်းရင်းသားတွေရဲ့ကိုယ်စားလှယ်တွေအတွက်ကတော့ စိတ်မကောင်းဘူး ဒါကိုလည်းမဖြစ်သင့်ဘူးလို့ ကျတော်ပြောလိုတယ်။ နောက်တစ်ချက်က စိုးရိမ်တယ်လို့ပြောတာကတော့ ဒီလိုမျိုးကန့်သတ်မှုတွေဖြစ်တဲ့အခါမှာ မလိုအားအပ်တဲ့ ပိုမိုတင်းမာမှုတွေ ပိုမိုဖြစ်လာမှာကိုစိုးရိမ်တယ်။ ဆိုတော့ ကျတော်တို့မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုတွေ တင်းမာမှုတွေပိုမိုဖြစ်လာနိုင်တယ်ဆိုတာမျိုး စိုးရိမ်တယ်။ ဆိုတော့ အဲဒါကမဖြစ်သင့်ဘူးလို့ ကျတော်ပြောတာပါ။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) မှ ဖရူဆိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဒီးဒီ

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) မှ ဖရူဆိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဒီးဒီ
ဘာကြောင့် အဲလိုမကျင်းပနိုင်ရတာလည်းအကြောင်းရင်းကိုလည်း သေချာမထုတ်ပြန်တာကိုတွေ့ရတယ်ပေါ့။ ကျနော်တို့ကတော့ အဲဒါကိုကန့်ကွက်တာပေါ့။ ကျနော် ဖရူဆိုမြို့နယ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ အဲဒါကိုကန့်ကွက်ပါတယ်။ ရှုပ်လည်းရှုပ်ချပါတယ်။ ဆိုတော့ ရခိုင်လိုမျိူုးဆိုတော့ ၇ မြို့နယ်ပေါ့နော ကျနော်တို့တစ်ပြည်နယ်လုံးစာရှိတာပေါ့နော။ ဆိုတော့ အဲ့ဒေသရဲ့အသံတွေပျေက်ဆုံးလိမ့်မယ် အဲ့ဒေသက ပြည်သူတွေကိုယ်စားပြောနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေမရှိရင်တော့ ပြည်သူတွေတအားနစ်နာတယ်ပေါ့နော။ ကျတော့်အမြင်ကတော့ လက်နက်ကိုင်ပဋိပက္ခကြောင့်ပြောပေမယ့် ရခိုင်တပ်မတော်ပေါ့ အေအေတို့လည်း ဒီရွေးကောက်ပွဲကိုမလုပ်ရဘူးပေါ့နော လုပ်ရင် ဖျက်လိုဖျက်ဆီးလုပ်မယ်ဆိုလည်း ထုတ်ပြန်ကြေညာတာမရှိခဲ့ဖူးဘူးပေါ့နော နောက်ရှမ်းမြောက်ကိစ္စလည်းအဲလိုပဲပေါ့နော။ အကြောင်းရင်းကိုမပြောဘဲနဲ့ အဲလိုထုတ်ပြန်လိုက်တော့ ကျတော့်အနေနဲ့ကတော့ မရိုးသားဘူးလို့ပဲထင်တယ် ကျတော့်အနေနဲ့ ကန့်ကွက်ပါတယ်

spot_img
spot_img

Recent posts