spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲဆိုတာကို မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာကဒေသခံတွေ ဘယ်လိုနားလည်ထားကြလဲ။

Author

Date

Category

ရွေးကောက်ပွဲဆိုတာကို မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာကဒေသခံတွေ ဘယ်လိုနားလည်ထားကြလဲ။ ဘယ်လိုကိုယ်စားလှယ်တွေကို မျှော်လင့်နေကြလဲ။

ဒီအပေါ်မှာ ဟိုစဲ့ကျေးရွာက ဒေသခံတချို့ရဲ့ အသံကို ဖော်ပြပေးလိုက်ပါတယ်။

မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ ဒေါ်သိန်းရင်

မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ ဒေါ်သိန်းရင် “ ရွေးကောက်ပွဲက ကျမနားလည်ထားတာကတော့ ရွေးကောက်ပွဲဆိုတာက လူတစ်ဦးတစ်ယောက်ရဲ့လွတ်လပ်ခွင့်၊ လွတ်လပ်စွာနေပိုင်ခွင့်၊ လွတ်လပ်စွာလုပ်ကိုင်ခွင့် အဲ့လိုမျိုးတော့ နားလည်ထားတာပေါ့။ … ဘယ်အစိုးရပဲ နိုင်နိုင်၊ ဘယ်ပါတီပဲ တက်တက်ပေါ့နော် အဓိက ကိုယ့်ရွာမာ၊ ကိုယ့်ရဲ့ဒေသဖွင့်ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်တဲ့ လူကိုတော့ ကျမတို့က ရွေးကောက်တင်မြောက်ရမှာပဲလေ။”

မောင်အောင်ခိုင်အေး

မောင်အောင်ခိုင်အေး “ရွေးကောက်ပွဲဆိုတာက လူယောက်စေ့တိုင်း လူရယ်လို့ဖြစ်လာပြီဆိုကတည်းက အဲ့ဒီရွေးကောက်ပွဲဆိုတာ အရမ်းကို အရေးကြီးတဲ့ အရာတစ်ခုလို့ကျတော်ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ကျေးရွာတစ်ရွာ ပြုပြင်ပြောင်းလဲဖို့ဆိုတာ တော်တော်လေးတော့ အချိန်တွေ အများကြီးလိုအပ်လိမ့်မယ်။ ဒါပေမဲ့တစ်ဖြေးဖြေးတော့ ပြုပြင်ပြောင်းလဲလာတာတွေတော့ ရှိတယ်၊ လိုအပ်လာတာတွေတော့ အများကြီး။ ဥပမာဆိုရင် စီးပွားရေးလမ်းကြောင်းတွေလည်း အများကြီးဖွင့်ဖို့လိုသေးတယ်ပေါ့။”

ဒေါ်နန်းဆပ်

ဒေါ်နန်းဆပ် “ရွေးကောက်ပွဲခါကျတော့ အဖွားဆန္ဒအနေနဲ့ အဖွားကိုယ့်ကိုစိတ်ကူးအနေနဲ့ပေါ့နော် ရွေးကောက်ပွဲဆိုတော့ ကောင်းပါတယ်။ မရှိမဖြစ်တဲ့ဟာတော့ ဟုတ်ပါတယ်။ ဥပမာ- ရွေးကောက်ပွဲ မရှိပဲနဲ့ဆိုကိုယ်ခေါင်းဆောင်ရွေးရမဲ့ဟာ မရှိဘူး။ ဒီတိုင်းဆို ရွေးကောက်ပွဲ မရှိရင် အာဏာရှင်ဖြစ်သွားမှာ သေချာတယ်။ …အဖွားဆန္ဒအနေနဲ့ဆိုတော့ မဲလာရွေးတာရွေးပါ ဘယ်သူမဆိုရွေးလို့ရတယ်။ ဒီပါတီကောင်းတယ်၊ ဒီပါတီမကောင်းဘူးဆိုတာ အဖွားမဆိုလိုပါဘူး။ ဒါပေမဲ့ လူကောင်းရင် ကောင်းပြီးသားပဲ။ လူဆိုတာ လူကြီးတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်ဆိုတာ အဖွားဆန္ဒအနေနဲ့ပေါ့နော် အဖွားခံစားချက်နဲ့ပေါ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆို ကိုယ်အဓိဌာန်ပြုထားပြီဆို စေတနာလည်းမှန်ရမယ်၊ မေတ္တာတရားလည်း ရှိရမယ်။ ကိုယ်ကျိုးကို ငဲ့ညှာပြီးတော့မှ အများပြည်သူလူထုအတွက် ကိုယ်စားပြုပြီးတော့မှ အဓိဌာန်ကောင်းကောင်းချထားပြီးတော့မှ စေသနာမှန်နဲ့လုပ်ပေးတယ်ဆိုရင်တော့ ကောင်းပါတယ်လို့အဲ့လိုမျိုးပဲ အဖွားလိုချင်တယ်။”

ဦးလှမြင့်

ဦး လှမြင့် “ရွေးကောက်ပွဲဆိုတာ ဘယ်လိုနားလည်ထားလဲ ဆိုတော့ တိုင်းပြည်တိုးတက်ဖို့ရွေးကောက်တယ်လို့ထင်တာပဲ။…ကိုယ်စားလှယ်လောင်းလိုချင်တာကတော့ တိုင်းပြည်တိုးတက်စေချင်တဲ့ လူတွေဖြစ်ဖို့လိုလားပါတယ်။”

၂၀၂၀ ခုနှစ် ကယားပြည်နယ်၊ ဘောလခဲခရိုင် မြို့နယ်အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာန၏ မယ်စဲ့မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ စာရင်းတွေအရမယ်စဲမြို့နယ်ထဲရဲ့ လူဦးရေ ၆၈၆၈ယောက်မှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၉၃၀ဦးရှိပါတယ်။

ဟိုစဲ့ကျေးရွာမာ ရှမ်းတိုင်းရင်းသားတွေနဲ့ ကရင် တိုင်းရင်းသားတွေ အဓိကနေထိုင်ကြတာဖြစ်ပြီး လူဦးရေ ၁၆၈၈ ဦး ရှိပါတယ်။

spot_img
spot_img

Recent posts