spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲမှာ တောင်သူတွေကို ဘယ်လို အကျိုးပြုတဲ့ အစိုးရမျိုး ကိုလိုချင်တာလဲ။

Author

Date

Category

ဒီးမော့ဆိုမြို့နယ်က စပါးစိုက်တောင်သူတွေက ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တောင်သူတွေအတွက် ဘာလုပ်ပေးနိုင်မယ့်အစိုးရကို မျှော်လင့်နေကြသလဲ။ ရွေးကောက်ပွဲမှာ တောင်သူတွေကို ဘယ်လို အကျိုးပြုတဲ့ အစိုးရမျိုး ကိုလိုချင်တာလဲ။

ကိုဒီဝင်း (ဘုရားကုန်းကျေးရွာ)

ကိုဒီဝင်း (ဘုရားကုန်းကျေးရွာ)
“ စပါးအသစ်ပေါ်တဲ့အချိန်ကြတော့ ဈေးမကိုက်ဘူး။ ဘာရာသီပဲထွက်ထွက် ပဲထွက်ခါစဆိုလည်းပဲဈေးမကောင်းဘူး၊ စပါးထွက်ခါစဆို စပါးဈေးမကောင်းဘူး။ တို့လယ်သမားတွေကတော့ အောက်ဈေးနဲ့ရောင်းပြီးတော့ အကြွေးဆပ်နေရတယ်လေ။… တောင်သူကိုအကျိုးပြုတဲ့အစိုးရပေါ့ လိုချင်တာပေါ့။ အဓိက တောင်သူကို အကျိုးပြုမယ့် ပါတီတစ်ခုခုပေါ့။ ဒါပေမဲ့ ကျတော်တို့အခု ဟိုမာထည့်မှာ ဒီမှာထည့်မှာ မသိဘူး။ ကျတော်တို့ကနေ့တိုင်းလယ်ထဲဆင်းတယ်။”

မကေသီဦး (စံပြ ၆မိုင်အုပ်စု၊ ဝမ့်လထွားကျေးရွာ)

မကေသီဦး (စံပြ ၆မိုင်အုပ်စု၊ ဝမ့်လထွားကျေးရွာ)
“ အခုလယ်သမားတွေက အဓိကဒုက္ခရောက်နေတာက ဆန်ရေစပါးက ထွက်တယ်။ အမတို့လုပ်တဲ့စပါးတွေဆို ပစ္စည်းလည်း ကုန်ကြမ်းလည်းထွက်တယ်။ ဒါပေမဲ့ကုန်ကျစာရိတ်မှာကျတော့ တအားများတယ်။ စပါးဈေးတွေက မရှိဘူး။ နောက်မြေသြဇာဈေးဆိုလည်း တက်တယ်။ လုပ်အားခတွေဆိုလည်း ဈေးတက်တယ်။ တကယ်တန်းတောင်သူလယ်သမားအရင်းအမြစ်က ထုတ်တဲ့ ကုန်ပစ္စည်းဆိုရင် လုံးဝဈေးကွက်ထဲမဝင်ဘူး။ မရှိဘူးပေါ့နော်။ တစ်ပိသာကို ၁၀၀၀လောက်ရ မဲ့ဟာကို ထက်ဝတ်လောက်ပဲရတယ်။”

ဦးအောင်မြင့်ဆွေ (စံပြ ၆မိုင်အုပ်စု၊ ဝမ့်လထွားကျေးရွာ)

ဦးအောင်မြင့်ဆွေ (စံပြ ၆မိုင်အုပ်စု၊ ဝမ့်လထွားကျေးရွာ)
“ ဒီ ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူတွေလွတ်လွတ်လပ်လပ်ရောင်းဝယ် လုပ်ကိုင်၊ သွားလာဖို့လွတ်လွတ်လပ်လပ် အဲ့လိုမျိုးသွားနိုင်တဲ့အစိုးရမျိုးကို ကျတော်ရွေးချယ်မှာပေါ့နော်။ စပါးဈေးကတော့ ဒီနှစ်ဆို စပါးဈေး ကျတာပေါ့နော်။ ကျတယ်။ ကျလည်း ကျတဲ့အလိုက်ပဲရောင်းရတာပေါ့။ ဈေးကျသွားတော့နစ်နာတာပေါ့နော်။ ဥပမာဈေး ၁၀-၂၀ကျသွားဆိုလဲ စပါး ၁၀၀ကျော်ဆိုလည်း ၁သိန်းလောက်မြေသြဇာဖိုးတွေ အဲ့လိုမျိုးတွေပေါ့နော် အဲ့ထဲမှာလျော့သွားတယ်ပေါ့။ စပါးဈေးတွေ ပုံမှန်လောက်ရှိရင်တော့ ကောင်းတာပေါ့။”

ဒေါ်မေရီသိန်း(စံပြ ၆မိုင်အုပ်စု၊ ဘက်တလိန်ကျေးရွာ) နေ့စားလယ်အလုပ်သမား

ဒေါ်မေရီသိန်း(စံပြ ၆မိုင်အုပ်စု၊ ဘက်တလိန်ကျေးရွာ) နေ့စားလယ်အလုပ်သမား
“စပါးဈေးမရှိဘူး။ စပါးဈေးတွေကို မြင့်တင်စေချင်တယ်။ … တစ်နေ့ကို ၆၀၀၀တော့ရတယ်ပေါ့နော်။ အရင်တုန်းကဆို ၄၀၀၀ပဲ အဲ့လိုမျိုး။ ၄၀၀၀-၅၀၀၀ အခုဆို ၆၀၀၀လောက်ရတယ်။ နည်းနည်းတော့အဆင်ပြေလာတယ်။”

spot_img
spot_img

Recent posts