ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လာမှုကို ကြပ်မတ်ဆောင်ရွက်သွားမည်

0
315

ရွှေ့ပြောင်းအလုပ်သမားတွေကို အစိုးရညွှန်ကြားထားတဲ့အတိုင်း သက်ဆိုင်ရာဌာနတွေမှာ ထားပြီး ပြည်နယ်ကျော်အဝင်အထွက်တွေကို ကုမ္ပဏီတွေနဲ့ ဌာနဆိုင်ရာတွေက ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေက ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

၂၀၂၀၊ ဒီဇင်ဘာလ ၈ရက်နေ့က ဒီးမော့ဆို စိုက်ပျိုးရေးသိပ္ပံကျောင်း Quarantine Center မှာ ကယားပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းတွေ အလုပ်လုပ်ကိုင်ဖို့ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးမှ လာရောက်သူ ၄၀ ဦးရေကို Test Kit ဖြစ်စစ်ဆေးရာမှာ ကိုဗစ်အတည်ပြုလူနာ (၁၇)ဦးတွေ့ပါတယ်။

အခုလို ရွှေ့ပြောင်းလုပ်သမားတွေဝင်ရောက်လာတဲ့အတွက် ဘောလခဲမြို့နယ် အတွင်းဒေသခံတချို့ကလည်း စိုးရိမ်နေကြတယ်လို့ မိုင်းထမ်းကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။