spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်နယ်တောင်ပိုင်းသို့ ကရင်နီစစ်ရှောင် သောင်းနဲ့ချီရောက်ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တွေ၊ ရဟာတ်ယာဉ်တို့နဲ့ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့ကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို စစ်ရှောင်သူတွေ သောင်းနဲ့ချီရောက်ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေထံက သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေတဲ့ နောင်တရားဒေသလူငယ်များပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခွန်ဆန်ဦးက “ဒီမှာလူဦးရေ ၅၀၀စာလောက်တော့ ပြင်ဆင်ထားတယ် ပြင်ဆင်ထားတဲ့ထဲမှာတော့ အခုလက်ရှိ ကျနော့်နားမှာရောက်တာတော့ ဒီနေ့ဆိုရင် ၂၅၀လောက်ပဲရှိအုံးမယ် အဲ့ဒီတော့ နောက်ထပ် တစ်ရက် နှစ်ရက်လောက်ဆိုရင် ၅၀၀ပြည့်မှီမယ်လို့ ကျနော်ထင်ထားတယ်ပေါ့နော။ အဲ့ဒီတော့ နောက်ထပ် ထပ်တိုးလာရင်လည်း ကျနော်တို့နောက်ထပ်အစီအစဉ်တစ်ခု ထပ်ပြီးတော့ စီစဉ်ပေးမယ်ပေါ့ နောက်တခြားနေရာတွေ ပင်လောင်းတို့ဘာတို့တခြားနယ်ထဲမှာ ရွာတွေမှာတို့ ရပ်ကွက်တွေထဲမှာတော့ စာရင်းအတိအကျတော့မကောက်နိုင်သေးဘူး အိမ်တွေမှာတည်းခိုးနေတာတော့ရှိတယ် ရွာထဲမှာရှိတဲ့ ရပ်ကွက်တွေမှာထဲရှိတဲ့ ဘော်ဒါဆောင်တို့ တခြားလွတ်တဲ့နေရာတွေစီစဉ်ပေးတာတော့ရှိတယ် အဲဒီဟာကတော့ ကျနော်တို့နောင်တရားထဲမှာတော့ ပြန့်ကျဲနေတာ စာရင်းအကုန်မကောက်နိုင်သေးဘူးပေါ့။”လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းမကြီးတစ်လျှောက်၊ လွိုင်ကော်-ဖယ်ခုံ-ပင်လောင်းလမ်းမကြီးတစ်လျှောက်ဖြစ်တဲ့ ဆီဆိုင်၊ ဆိုက်ခေါင်၊ နောင်တရား၊ပင်လောင်း ညောင်ရွှေ၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ တောင်ကြီး၊ အင်းလေး အစရှိတဲ့ မြို့၊ ကျေးရွာတွေမှာ နီးစပ်ရာဆွေမျိုးအိမ်၊ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၆ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်းကန်းရပ်ကွက်တစ်ကြောမှာ ကရင်နီတပ်မတော်(KA)၊ KNDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ယနေ့ ဇန်နဝါရီလ ၁၁ ရက်ထိ နေ့စဉ် တိုက်ပွဲပြင်ထန်လျက်ရှိပါတယ်။

တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်က လေကြောင်းကပါ အပြင်းအထန်တိုက်ခိုက်လာတဲ့အတွက် မြို့ပေါ်ဒေသခံပြည်သူတွေက နီးစပ်ရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဆီဆိုင်စစ်ဘေးရှောင်နေရာချထားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခွန်ကျော်ဆွေက “လက်ရှိအနေအထားကတော့ ထွက်လာနေတုန်းတဖွဲဖွဲဗျ မနေ့က အနေအထားကတော့ Camp မှာစုထားတာတော့ ဆီဆိုင်မြို့ပေါ်မှာထားတာတော့ ထောင်ကျော်သွားပြီး တစ်မြို့နယ်လုံးစာရင်းနဲ့ပြောမယ်ဆိုရင်တော့ မခန့်မှန်းနိုင်ဘူး တစ်ချို့အိမ်တွေမှာလိုက်နေတာ အိမ်ငှားနေတာမရှိဘူးဆိုရင်တောင် ဆီဆိုင်မြို့နယ်မှာရှိတာက တစ်သောင်းအထက်တော့ရှိသွားပြီ။”

ဆီဆိုင်မြို့နယ်အတွင်း ဆရာတော်ဦးကောဝိဒရဲ့ ကမကထပြုမှုနဲ့ စာသင်တိုက်ကြီး၊ မြို့လယ်ဓမ္မာရုံရယ်၊ မင်္ဂလာဘုရား၊ သာသနမင်္ဂလာကျောင်း၊ ဘုရားဖြူ ဇရပ်၊ ကက်သလစ်ကျောင်း၊ ဆိုင်ခေါင်ဖက်မှာ ၃ နေရာ စုစုပေါင်း ၉ နေရာမှာ နေရာချထားဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့မှာ စစ်ရှောင်သူဦးရေတွေမှာ လွိုင်ကော်မြို့ပေါ် ရပ်ကွက်ကအများဆုံးဖြစ်ပြီး ၎င်းတို့အတွက် နေရေးထိုင်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေပါ ပြင်ဆင်စောင့်ရှောက်ဖို့ ဆောင်ရွက်ထားတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိစာရင်းအရ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်၊ ပင်လောင်းမြို့နယ်မှာ တစ်ထောင်ကျော်ရှိနေပြီး ကျန်တဲ့မြို့၊ ဒေသစာရင်းတွေပေါင်းလိုက်ရင် သောင်းချီရှိနိုင်တယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ရှောင်အတွက် အခြေခံစားသောက်ကုန်တွေ ရေရှည်မှာ ပိုမိုလိုအပ်လာမှာဖြစ်တာကြောင့် လူသားချင်းစာနာသောအားဖြင့် အကူအညီပေးကြဖို့လည်း စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်ဖက်ကို စစ်ရှောင်သွားကြတဲ့ လမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီဂိတ်တွေမှာ မှတ်ပုံတင်စစ်ဆေးတာ၊ ဖုန်းစစ်ဆေးတာ၊ ညနက်တဲ့အထိ မြို့ဝင်ဂိတ်ပေးမဖြစ်တာတွေ ရှိခဲ့တယ်လို့ စစ်ရှောင်ဒေသခံတွေဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts