spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ရှားတောမြို့နယ်မှာ သွားလာခွင့်လက်မှတ်ရယူပြီးမှသာ သွားလာကြရန် စစ်ကောင်စီစာထုတ်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဇန်နဝါရီလ ၃၁ ရက်နေ့ကစပြီး ကရင်နီပြည် ရှားတောမြို့နယ်မှာ စစ်ကောင်စီထံကနေ သွားလာခွင့်လက်မှတ်တွေရယူပြီးမှ သွားလာကြဖို့ စစ်ကောင်စီက စာထုတ်ထားတယ်လို့ ရှားတောမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီရှားတောမြို့ပေါ်မှာ ရှိတဲ့လူတွေခါကျတော့ တောင်ယာသွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် လယ်ထဲသွားတာပဲဖြစ်ဖြစ်ပေါ့နော။ လွိုင်ကော်သွားတာပဲဖြစ်ဖြစ် အဲဒီလိုသွားလို့ရှိရင် စစ်ကောင်စီဘက်မှာ လက်မှတ်တွေယူသွားပြီးတော့ ဒီ ၃၁ ရက်နေ့မှာ သူတို့ ထုတ်ပြန်ထားတာရှိတယ်။ အခုချိန်ဆိုလို့ရှိရင်လည်း အဲဒါသူတို့ လက်မှတ်ယူပြီးတော့မှ သွားလာနေကြရတယ်ပေါ့။ ရှားတောက လူတွေခါကျတော့။” လို့ ရှားတောမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေဟာ သွားလာမယ့် သူရဲ့ အမည်၊ ယာဉ်အမှတ်၊ ယာဉ်အမျိုးအစား၊ ကုန်ပစ္စည်း စတဲ့ အချက်အလက်တွေပါဝင်တဲ့ လက်မှတ်သွားကို ဖြည့်စွက်ပြီးမှသာ သွားလာခွင့်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ ဘာကြောင့်ယခုလို ပြုလုပ်ရတယ်ဆိုတာကိုတော့ တိတိကျကျမသိရပေမယ့် လက်ရှိမှာတော့ ဒေသခံတွေဟာ လက်မှတ်ရရှိမှသာ သွားလာနေရတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ရှားတောဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။

“ကျမတို့ရဲ့ တကယ့်တောင်ပေါ်ကျေးရွာမှာနေတဲ့ ပြည်သူလူထုတွေအတွက် ခါကျတော့ သူတို့ဆီမှာ တကူတက သွားယူရအောင်ဆိုလို့ရှိရင်လည်း သူတို့က သူတို့လုံခြုံရေးပိုင်းဆိုင်ရာဆိုရင် အရမ်း အဆင်မပြေဘူးပေါ့နော။ သွားရေးလာရေးက အဆင်မပြေဘူးဆိုလို့ရှိရင် ကျမတို့က တောထဲ သွားတာပဲဖြစ်ဖြစ် အကယ်၍ သူတို့နဲ့ ထိပ်တိုက်သွားတိုးမယ် မတိုးဘူးဆိုတာဘယ်သူမှ မပြောနိုင်ဘူးပေါ့နော။ ပြည်သူလူထုတစ်ဦးအနေနဲ့ တောထဲသွားမယ်ဆိုလို့ရှိရင် သူတို့ လက်မှတ်မပါဘူးဆိုရင် တောင်ပေါ်ကျေးရွာတွေ ပြည်သူလူထုအနေနဲ့ စိုးရိမ်ရတဲ့ဟာပေါ့နော။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ခွင့်ပြုထားတဲ့ လက်မှတ်မပါပဲ သွားလာတဲ့အခါ အစစ်ဆေးနဲ့တိုးပါက ဖမ်းဆီးခံရမှာကို ဒေသခံတွေက စိုးရိမ်မှုရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် စစ်ကောင်စီက ကြေညာထားတဲ့မြို့နယ်တွေထဲ ရှားတောမြို့လည်း ပါဝင်ပါတယ်။ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတာကြောင့် ဒေသခံတွေအနေနဲ့ ပစ်မိန့်ထုတ်ပြန်မှာကိုလည်း စိုးရိမ်လျက်ရှိနေပါတယ်။

spot_img
spot_img

Recent posts