spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ၁၂နှစ်ရွယ်ကလေးတစ်ဦးထိခိုက်

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်))

ယမန်နေ့ညပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည် ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်း KNPP အမှတ်(၁)ခရိုင်အတွင်းကို စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ လက်နက်ကြီး ၁၀လုံးကျော် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ဒေါတမြေးရွာက ၁၂နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ဒီကနေ့ ဧပြီလ ၁၃ရက်နေ့မှာ ကန္တာရတီတိုင်း(မ်)ကို ပြောပါတယ်။

“ဒီမနက် လက်နက်ကြီးကျတာက ကိုးနာရီထိုးခါနီး ကိုးနာရီ တိတိပေါ့။ ကလေးက သူ နွားကျောင်းပြီး ပြန်လာတော့ သူ့ကို စင်ထိသွားတာပေါ့။ လူတွေ ထိခိုက်ဒဏ်ရာရတာတော့ ကြီးကြီးမားမားမရှိပါဘူး။ ကလေးငယ် တစ်ယောက်ပဲ ထိတာပေါ့။”လို့ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ၃၆၀ အမြာက်တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၁၀လုံးကျော်က ကျေးရွာအနီးတစ်ဝိုက်နဲ့ ကျေးရွာအတွင်း ကျရောက်ခဲ့ပေမယ့် အခြားကြီးကြီးမားမားထိခိုက်မိတာ မရှိဘူးလို့ သိရပါတယ်။

ဒေသခံအများစုမှာ တိမ်းရှောင်နေပေမယ့် ကျေးရွာထဲ အနည်းစု ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမော့ဆိုအရှေ့ဖက်ခြမ်းမှာလည်း ဒီမနက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းကို အမြောက်တပ်မှ မကြာခဏ လက်နက်ကြီးတွေပစ်ခတ်နေတာဖြစ်ပြီး လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

spot_img
spot_img