spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးထိမှန်မှုကြောင့် စစ်ရှောင်အမျိုးသမီးငယ်တစ်ဦးသေဆုံး၊ ထိခိုက်ပျက်စီးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့(ဇူလိုင်လ ၃၁ရက်) ညနေ ၅နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဒီးမော့ဆိုမြို့အနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ကျရောက်ခဲ့ပြီး အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၅ဦးထိမှန်ခဲ့ပြီး အမျိုးသမီးငယ်တစ်ဦးသေဆုံးသွားသလို တစ်ဦးမှာ ဦးခေါင်းဒဏ်ရာနဲ့ အရေးပေါ်ဆေးကုသမှုခံယူနေရပြီး ကျန် ၃ဦးမှာ မစိုးရိမ်ရအခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်က ဇူလိုင်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအခြေစိုက်စခန်းနှစ်ခုဖြစ်တဲ့ ငွေတောင် (၁၀၂)တပ်ရင်း နဲ့ ဖရူဆိုအခြေစိုက် (၄၂၈)တပ်ရင်းတို့မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု (၁၀)ကြိမ်ခန့် ဒီးမော့ဆိုမြို့နယ်အတွင်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်ရှိရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

အလားတူ ယမန်နေ့မှာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတစ်ရွာထဲကိုလည်း လက်နက်ကြီး ၆လုံးကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့သလို အသက် ၂နှစ်၈လအရွယ်ကလေးတစ်ဦး လက်နက်ကြီးစ ရှပ်ထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“လက်နက်ကြီးရမ်းသန်းပစ်ခတ်တော့ ရွာထဲမှာ လက်နက်ကြီး ၄၊ ၅၊ ၆လုံးတော့ကျတယ်။ အဲ့ထဲမှာ အိမ်ခေါင်မိုးပေါ်တစ်လုံးကျတယ် အဲ့ထဲမှာ ကလေးက ၂နှစ်နဲ့၈လပဲရှိသေးတယ် နည်းနည်းလေး မျက်နှာ နှာဖူးနားမှာ ရှပ်ထိသွားတယ် ကလေးတစ်ယောက်တော့ထိသွားတယ် အိမ်တစ်လုံးကတော့ လုံးဝ ရစရာမရှိအောင် ပျက်စီးသွားတယ်။ ကျန်တာတော့ ထိခိုက်မှုတော့မရှိဘူး အိမ်တလုံးရယ် ကလေးတစ်ယောက်ရယ် ထိခိုက်သွားတာရှိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးမကြာခဏကျရောက်နေတဲ့အတွက် ဒီးမော့ဆိုအရှေ့ခြမ်းက ကျေးရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြရပြီး ထပ်မံ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ သေဆုံးသွားတဲ့ အရပ်သားပြည်သူ (၂၄၁)ဦးနဲ့ စစ်ရှောင်နေစဉ် သေဆုံးသွားတဲ့ ပြည်သူ (၃၃)ဦးရှိတယ်လို့ ဇူလိုင်လ ၁ ရက်နေ့မှာ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။

spot_img
spot_img

Recent posts