spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးရန်ကြားက ကျေးရွာတစ်ရွာမှ ရွာလုံးကျွတ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့

ကေးဒူ (ကန္တာရဝတီတိုင်း (မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းကျေးရွာတစ်ရွာမှာ ဘေးပတ်ဝန်းကျင်သန့်ရှင်းဖို့အတွက် ဒီကနေ့မှာ ရွာလုံးကျွတ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။ အမှိုက်ပစ်တဲ့ နေရာကို သတ်မှတ်ပေးထားတာ ရှိပေမယ့် လမ်းမကြီးဘေးတွေ ရေကန်နံဘေးတွေမှာ စည်းကမ်းမဲ့ အမှိုက်ပစ်နေကြတဲ့အတွက် အခုလို ရွာလုံးကျွတ် တစ်အိမ်ကို တစ်ယောက်နှုန်းနဲ့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကျေးရွာ ကော်မတီ တစ်ဦးက ပြောပါတယ်။

“ဒီကနေ့ ကျနော် တို့ ကျေးရွာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကျေးရွာမှာ အမှိုက်များ စွန့်ပစ်တဲ့နေရာ သတ်မှတ်ထားတဲ့နေရာ ရှိတဲ့အတွက် အမှိုက်များကို စည်းကမ်းမဲ့ အရမ်းပစ်နေကြတဲ့အတွက် ဒီကနေ့ဟာ အိမ်ထောင်စုလိုက် တစ်အိမ်တစ်ယောက် ကျနော်တို့ သန့်ရှင်းရေး ပြန်လုပ်ရခြင်းဖြစ်တယ်။ ဘာလို့လုပ်ရသလဲဆိုတော့ ဒီအမှိုက်ကို ဒီလိုပဲ အရမ်းပစ်နေမယ်ဆိုရင် ပြည်သူလူထု ကျန်းမာရေး ကို ထိခိုက်စေနိုင်တဲ့အတွက် ပြန်လုပ်ရခြင်း ဖြစ်တယ်” လို့ ကျေးရွာ ကော်မတီ တစ်ဦးက ပြောပါတယ်။

အမှိုက်တွေကို သတ်မှတ်ထားတာတဲ့ နေရာတွေမှာ မပစ်ပဲ ရမ်းတမ်း ပစ်နေမယ်ဆိုရင် လူတွေရဲ့ ကျန်းမာရေး ကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ အမှိုက်ကောက်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အမှိုက်ကို စနစ်တကျ မပစ်ဘူးဆိုရင် ပတ်ဝန်းကျင်ကို အညစ်အကြေးတွေ ဖြစ်စေပြီး လူတွေဆီထိ ရောဂါဟာ ပြန့်ပွားစေနိုင်တယ်။ရေကနေရော ပြီးတော့ လေကနေရော ပိုးမွှားကနေရော တိရိစ္ဆာန်တွေ အ့လိုကနေတဆင့် လူတွေနဲ့ ထိတွေ့မှုကနေတဆင့် ရောဂါဟာ ဖြစ်စေနိုင်တယ်။ပတ်ဝန်းကျင်ဟာ သန့်ရှင်းမှု မရှိရင် စိတ်ကိုလည်း ညစ်ညမ်းစေတယ်။စိတ်ကညစ်ညမ်းတော့ ညစ်ညမ်းရာကနေတဆင့် မသာမယာမှုကြောင့် ကျန်းမာရေး ကိုလည်း ထိခိုက်စေနိုင်တယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာက ဒေသခံတွေဟာ ကြောက်လန့်ကြပြီး တောတောင်တွေထဲမှာ ပုန်းခိုနေကြရပါတယ်။ တစ်ဖက်မှာ စားဝတ်နေရေးအတွက် နေ့လည်နေ့ခင်းမှာ လယ်ယာတွေကို ပြန်လည် လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

ဒေသခံတွေဟာ လက်နက်ကြီးရန်ကို နေ့စဉ် အကြောက်တရားတွေနဲ့ ကျော်ဖြတ်နေကြရတယ်လို့ ပြောပါတယ်။

spot_img
spot_img