spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးရန်ကြောင့် စာသင်ကျောင်း ရွေ့ပြောင်းဆောက်လုပ်၊ စာရေးကိရိယာများ လိုအပ်နေ

Author

Date

Category

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်))

ကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်လာတာကြောင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတစ်ခုမှာ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းတစ်ခုဟာ လုံခြုံနိုင်မယ့် တောထဲ တစ်နေရာကို ရွေ့ပြောင်းဆောင်လုပ်နေရပြီး အမိုးအကာ လိုအပ်ချက်တွေလည်းရှိနေတယ်လို့ ကျောင်းမှာ စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

“ လက်နက်ကြီး ရွာထဲ တစ်ခေါက် နှစ်ခေါက်ကျသွားတယ်။ အဲ့တာကြောင့် ဒီရွာက မိဘတွေက သူတို့ရဲ့ ကလေးတွေကို ရွာမှာစာမသင်ခိုင်းစေချင်တော့ဘူး။ မလွတ်စေချင်တော့ဘူး။ ဒီလက်နက်ကြီးရန်ကနေ ကင်းအောင်ဆိုပြီးတော့ ကျနော်တို့ ဒီစာသင်ကျောင်းကို ဒီတောထဲ တစ်နေရာ ပိုပြီး လုံခြုံမှု ရှိမယ်ဆိုတဲ့နေရာကို ရွေ့လိုက်တယ်။ ပြီးတော့မှ
ကျနော်တို့ ဒီစာသင်ကျောင်းကို ကိုယ်ထူကိုယ်ထအနေနဲ့ ကျနော်တို့ ကျောင်းသားမိဘ ဆရာတွေနဲ့ အကူအညီနဲ့ ကျနော်တို့ ကိုယ်တိုင်လုပ်တယ်။ လိုအပ်ချက်တွေတော့ အများကြီးရှိတယ်ပေါ့နော်” လို့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ကျောင်းဆောင် ဆောက်လုပ်နိုင်ဖို့အတွက် ကျောင်းသားမိဘတွေကိုသာ အားကိုနေရပြီး အလှုရှင်တွေတော့ လာရောက်လှူဒါန်းပေးတာ မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။
လက်နက်ကြီးတွေ ရွာထဲကိုကျရောက်တာ ရှိနေတဲ့အတွက် ကျောင်းသားမိဘတွေကတော့ သူတို့ရဲ့ကလေးတွေအတွက် စိုးရိမ်ပူပန်နေကြရပြီး စာသင်ကျောင်းကို လုံခြုံမှု ပိုရှိမယ်လို့ ထင်ရတဲ့ နေရာကို ရွေ့ပြောင်းရတာဖြစ်တယ်လို့ ကျောင်းသားမိဘ တစ်ဦးဖြစ်တဲ့ ဒေါ်ငါးမြာက ပြောပါတယ်။

“စိတ်ပူတာပေါ့နော် ကိုယ့်ကလေးကို။ ဘာလို့ဆို သူတို့ကျောင်းသွားရင် အဆင်မပြေဘူး။ တကယ်လို့ ကျလာခဲ့ရင် ကျမတို့လည်း ပြေးမကြည့်နိုင်ဘူး။ ကလေးကပြေးရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ စာသင်ခန်းကနေပဲ တကယ်လို့ လက်နက်ကြီးကျပြီး ထိမှန်ခဲ့ရင်လည်း ဘယ်သူ့မှ တာဝန်မယူနိုင်ဘူး။ အဲ့တာတွေကြောင့် အရမ်းစိတ်ပူရတယ်။ အခုလို တောထဲတောင်ထဲမှာ သွားဆောက်လိုက်တော့ နည်းနည်း တော့ ပိုပြီး စိတ်အေးရတယ်လို့ ထင်ရတာပေါ့နော်။ အဲ့တာကြောင့် ဒီမှာလာဆောက်ကြတာ” လို့ ဒေါပိုးမြာက ပြောပါတယ်။

KG ကနေ အလယ်တန်းထိ ကျောင်းသား/သူ စုစုပေါင်း ၁၀၀ ကျော်ရှိပြီး ဆရာ/မ အင်အား ၈ ယောက်နဲ့ သင်ကြားပေးနေရတာ ဖြစ်ပါတယ်။ ကျောင်းပြန်လည်ဖွင့်လှစ်နိင်ဖို့အတွက် စာရေးကိရိယာ တွေလည်း လိုအပ်နေသေးတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဟာ ကျေးရွာထဲမှာရှိတဲ့ အိမ်အလွတ်တွေမှာ စာသင်ဆောင်အဖြစ် အသုံးပြုကြရပြီး ပထမအပတ်စဥ် အတန်းပြီးမြောက်ကြောင်း ဂုဏ်ပြုလွှာ ကိုပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခု ဒုတိယ အပတ်စဥ်ကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြပေမယ့် လက်နက်ကြီး ရန်ကြောင့် စာသင်ကျောင်းကို မူလ နေရာကနေ ပိုပြီးလုံခြုံစေမယ့် တောထဲ တစ်နေရာကို ရွေ့ပြောင်းဆောက်လုပ်နေကြရတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts