spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးသံကြားက နွေစပါးစိုက်ပျိုးနေရတဲ့ စစ်ရှောင်တောင်သူတို့ရဲ့ စကားသံ

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီဒေသခံပြည်သူ ၂ သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်ကာလကြာတာနဲ့အမျှ စားနပ်ရိက္ခာပိုင်း ပိုမိုလိုအပ်နေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာ စစ်ရှောင်နေကြရပေမယ့် ရေရှည်စားသောက်ရေးအတွက် လက်ရှိမှာလည်း လက်နက်ကြီးသံကြားကနေ လယ်ယာစပါး စိုက်ပျိုးနေကြရပါတယ်။ လက်နက်ကြီးသံကြားမှာ စပါးစိုက်ပျိုးနေကြတဲ့ ဒီးမော့ဆိုမြို့ စစ်ရှောင်တောင်သူ တချို့ရဲ့ စကားသံတွေကို တင်ပြပေးလိုက်ပါတယ်။

စစ်ရှောင်တောင်သူတစ်ဦး

“စိတ်ထဲမှာ တအားခံစားတာပေါ့။ ကြောက်လဲကြောက်တယ်သေမှာလဲကြောက်တယ်။ ဘယ်မှာပြေးပုန်းရမလဲ အဲ့ဒါမျိုးလဲတွေးသေးတယ်။ ဒါပေမဲ့နောက်ဆုံးကျတော့ တခါခါလက်နက်ကြီးသံကြားပြီဆို ဒီတိုင်းပဲ ထိုင် လယ်ထဲမှာထိုင်ချလိုက်တာ စိတ်ထဲမှာတော့ တအားခံစားရတယ်။”

စစ်ရှောင်တောင်သူတစ်ဦး

“ကြားရတဲ့အချိန်တော့ ဘာလဲ စပါးမစိုက်ချင်တော့ဘူး။ တဲကိုပဲပြန်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တအား​ကြောက်တယ်ကော။”

စစ်ရှောင်တောင်သူတစ်ဦး

“ဆက်စိုက်မလား ပြန်မလားဆိုပြီးတော့ အဲ့မျိုးစိတ်ရှိတယ်။ ကြောက်သွားတယ်ပေါ့။ ရင်ထဲကလဲ အရမ်းတုန်တယ်ပေါ့။”

စစ်ရှောင်တောင်သူတစ်ဦး

“ကျွန်တော်တို့ ဒီမှာ စပါးလာစိုက်တာ လက်နက်ကြီကျတယ်။ စိတ်တောင်မှ ဘာလဲ အလုပ်သမားလဲများတယ်တော့ လက်နက်ကြီးကျလဲ ကျနော့်ခေါင်းပေါ်မှာပဲကျတာပေါ့။ စပါးစိုက်တာလဲ စိတ်လဲမချမ်းသာဘူးပါ့နော်။”

spot_img
spot_img