spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

လက်နက်အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတဲ့ တပ်ကြပ်တစ်ဦးကို ဆုငွေ သိန်း(၃၀) ချီးမြှင့်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့အခြေစိုက် တပ်ရင်းတစ်ခုမှ တပ်ကြပ်ရာထူးရှိ စစ်သားတစ်ဦး ဒီကနေ့မှာ ဖရူဆိုမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ CDMဝင်ရောက်လာခဲ့ပြီး ဆုငွေသိန်း (၃၀)ချီးမြှင့်ပေးခဲ့တယ်လို့ ဖရူဆိုမြို့ ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” သူ့မိသားစုကနေ တိုက်တွန်းတာလည်းပါတယ်။ သူလည်း လာချင်တာပါတယ်။ ပြီးတော့ မိုဆိုမှာဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲ့ဒါလည်းပါတယ်။ ရီခီဘူးမှာဗုံးကြဲတာလည်းပါတယ်။ အဲ့ဒါအားလုံးပေါင်းပြီးတော့ သူကတော့ စိတ်ပိုပြင်းထန်လာတယ်ပေါ့နော။ အဲ့ဒါကြောင့် မရရအောင်ထွက်လာလိုက်တာပေါ့။ ဆုကြေးငွေကတော့ သိန်း (၃၀)တော့ သတ်မှတ်ထားပေးတယ်။ ဒါကတော့ ကျနော်တို့ပေးနိုင်သလောက်ပေါ့။ လို့ ၎င်းကပြောပါတယ်။

သေနတ်တစ်လက်၊ ကျည် (၁၀၁)တောင့်၊ ကျည်အိမ် (၄)ခု၊ လက်ပစ်ဗုံး ၃ လုံး နဲ့ CDMဝင်ရောက်လာတဲ့ အသက် (၄၉)နှစ်အရွယ် တပ်ကြပ်ရာထူးရှိ စစ်ကောင်စီတပ်သားတစ်ဦးက ဒီကနေ့ (ဇန်နဝါရီလ ၂၂ရက်) မနက်ပိုင်းမှာ CDM ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဖရူဆို PDF ပြန်ကြားရေးတာဝန်ခံ ကလည်း စစ်ကောင်စီတပ်သားတွေကနေ CDM ထပ်မံ ပူးပေါင်းပါဝင်လိုတဲ့ သူတွေကို ကြိုဆိုတယ်လို့ ပြောဆိုပါတယ်။

” တစ်ချို့သူကတော့ ပြောမယ် ဒီအချိန်မှာ CDMလုပ်တယ်ဆိုတာ နောက်ကျပြီပြောချင်ပြောလိမ့်မယ်။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လာမယ်ဆိုရင် ကျနော်တို့ကတော့ အမြဲတမ်းကြိုဆိုနေမှာပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေက ရေရှည်ဖြစ်ကိုဖြစ်မှာပဲ ကျနော်တို့လည်းသိတဲ့အတိုင်းပါပဲ။ အဲ့ဒါကြောင့် သူတို့ဖက်ကနေ CDMထပ်လုပ်ချင်တဲ့ သူရှိရင် ကျနော်တို့ဖက်ကနေတော့ အမြဲတမ်းကြိုဆိုနေမှာပေါ့နော။”

CDM ဝင်ရောက်လာတဲ့ တပ်ကြပ်မှာ စစ်ကောင်စီတပ်ကနေပြီး မူဆိုကျေးရွာ အနီး ပြည်သူတချို့ကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ ကိစ္စ၊ ရီခီးဘူးစစ်ရှောင်ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေ သိရှိရပြီး စစ်အာဏာရှင်ရဲ့ မတရားတဲ့ လုပ်ရပ်တွေကို စိတ်နာကြောင်း၊ စစ်အာဏာရှင်ကို ပြန်လည်တော်လှန်ဖို့အတွက် CDMပါဝင်လာရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၈)ရက်​နေ့မှာလည်း တပ်မ(၆၆)လက်အောက်ခံ ခမရ(၁၀၈)တပ်ရင်းမှ တပ်ကြပ်တစ်ဦး ပြည်သူ့ကာ ကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)ထံ MA 1 သေနတ်တစ်လက်နဲ့ CDM ပြုလုပ်ခဲ့ပါသေးတယ်။

spot_img
spot_img