spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လာမည့် ၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဘောလခဲမြို့ပေါ်ကဒေသခံတွေက ဘယ်လိုကိုယ်စားလှယ်လောင်းတွေကို မဲပေးသွားကြမှာလဲ။

Author

Date

Category

ဘောလခဲမြို့နယ်ထဲမှာနေထိုင်ကြတဲ့သူတွေအများစုဟာ ကယားလူမျိုးတွေနေထိုင်ကြပြီး ကယားလူမျိုး(၅၁၉၄)ဦး၊ ကရင်လူမျိုး (၁၀၄)ဦး၊ ချင်းလူမျိုး(၂၂)၊ ဗမာလူမျိုး(၅၄၃)ဦး၊ ရခိုင်လူမျိုး(၁၄)ဦး၊ ရှမ်းလူမျိုး၂၂၀၉ဦးနှင့် အခြားလူမျိုး(၃)ဦးတို့နေထိုင်ကြပါတယ်။

သူတို့ရဲ့ မဲဆန္ဒနယ်မှာဆိုရင်လက်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်(၈)ဦးကျော်သန်း၊ ပြည်သူ့လွှတ်တော် ဦးအေးမောင်၊ တိုင်းရင်းသား/ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ဦးလှမျိုးဆွေ၊ ပြည်နယ်လွှတ်တော်(၁) ဦးအေးရွှေ၊ ပြည်နယ်လွှတ်တော်(၂) ဦးစိုးရယ် နဲ့ အမျိုးသားလွှတ်တော်(၉) တစ်သီးပုဂ္ဂလ ဦးစိုးသိန်းတို့က အရင် ၂၀၁၅ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ကိုယ်စားလှယ်တွေပဲဖြစ်ပါတယ်။

အခု ဘောလခဲမြို့မှာနေထိုင်ကြတဲ့ သူတွေ လာမည့် ရွေးကောက်ပွဲမှာ ဘယ်လိုကိုယ်စားလှယ်တွေလိုချင်နေကြလဲဆိုတာ တွေနဲ့ပတ်သက်ပြီး စုစည်းတင်ပြလိုက်ပါတယ်။

ကိုဘဲရယ်၊ ရှမ်းစုစည်းရပ်ကွက်

ကိုဘဲရယ်၊ ရှမ်းစုစည်းရပ်ကွက်
“ အပြောတစ်မျိုး အလုပ်တစ်မျိုး မဟုတ်တဲ့ ကိုယ်စားလှယ်ကို လိုချင်တာပေါ့။ ဘာလို့လည်းဆိုတော့ အများဆုံးကတော့ ကျနော်အမြင်နဲ့ပြောမယ်ဆိုရင်တော့ ရွေးကောက်ပွဲနီးလို့ရှိရင် တစ်မျိုးပေ့ါ၊ ရသွားခဲ့ရင်တော့ တစ်မျိုး အဲ့လိုမျိုးတော့ မလိုချင်ဘူး။ ဘယ်လိုပြောရမတုန်း ပြည်သူရဲ့စကားကို နည်းနည်းအလေးပေးနားထောင်တဲ့ ကိုယ်စားလှယ်ကိုပဲ လိုချင်တယ်။”

ဒေါ်ဗရစ်ဂျစ် ( ဘောလခဲစုစည်း)

ဒေါ်ဗရစ်ဂျစ် ( ဘောလခဲစုစည်း)
“ ကိုယ်ဒေသ၊ ကိုယ့်ရဲ့မြို့ရွာအတွက် အမှန်တစ်ကယ် သူတို့လုပ်ပေးနိုင်လား၊ မလုပ်ပေးနိုင်ဘူးလား ဆိုတာ ကျမ အနေနဲ့ကတော့ အဲ့ဒါသေချာဒေါက်ထောင်ပြီးတော့မှပေါ့နော် ရှင်းရှင်းပြောရမယ်ဆို စုံစမ်းသွားမှာပေါ့နော်။ ဒီလူက ဒီလူ။ ဒါပေမဲ့ အများအားဖြင့်ကတော့ ပျမ်းမျှအားဖြင့်ကတော့ တချို့တော့တွေ့ရပြီပေါ့နော်။”

ဦးစောဆီလာ (ရှမ်းပိုင်းရပ်ကွက်)

ဦးစောဆီလာ (ရှမ်းပိုင်းရပ်ကွက်)
“ ကျတော်တို့ကတော့ ဒီအခုကတော့ ပါတီကိုမကြည့်တော့ပဲနဲ့ကျတော်တို့တကယ် တိုင်းပြည်အတွက်ကို အလုပ်လုပ်ပေးနိုင်တဲ့ အမတ်လောင်းတွေပေါ့လေ၊ ကိုယ်စားလှယ်လောင်းတွေပဲ ကျတော်တို့ရွေးချယ်ဖို့တော့ ဆုံးဖြတ်ထားတာပေါ့။ ဆိုတော့ ကျတော်တို့ ဒေသခံဖြစ်ချင်လည်းဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့နော်။ ဒါပေမဲ့ အဓိက ကတော့တိုင်းပြည်ကို တကယ်လည်းချစ်တယ်၊ နောက် ကျတော်တို့မြို့နယ်တွေ၊ ပြည်နယ်တွေကို ချစ်တဲ့လူတွေ၊ တကယ်အလုပ်လုပ်မဲ့ လူတွေပဲ ကျတော် ဦးစားပေးပြီးမှရွေးချယ်မှာပါ။”

ဦးခင်မောင်ဆွေ (ဘောလခဲကယားပိုင်း)

ဦးခင်မောင်ဆွေ (ဘောလခဲကယားပိုင်း)
“ ပြည်သူ့အတွက် ပြည်သူသာမှစိတ်ချမ်းသာမယ်ဆိုတဲ့ ဆောင်ပုဒ်လည်းရှိတယ် မလား။”

ဒေါ်တူးတူးလေး (ရှမ်းပိုင်းရပ်ကွက်)

ဒေါ်တူးတူးလေး (ရှမ်းပိုင်းရပ်ကွက်)
“ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ပေးတဲ့ ကိုယ်စားလှယ်လောင်းတွေတော့ လိုချင်တာ ဒါပြည်သူလူထု အားလုံးရဲ့ဆန္ဒပဲလေ။ ကိုယ်စားလှယ်လောင်းဖြစ်ပြီးမှ မလုပ်ပေးဘူးဆိုလို့ရှိရင်လည်း ကိုယ်မဲထည့်တဲ့လူက ဘာအကျိုးရှိတော့မလည်း နော်။ ဆိုတဲ့ခါကျတော့ လုပ်ပေးတဲ့ကိုယ်စားလှယ်လောင်းကိုပဲ ကျမတို့လည်းမဲပေးမှာပါ။ နောက်ပြီး အခုလက်ရှိ ဒီမှာ ဘောလခဲအနေနဲ့ပေါ့နော် သိထားတဲ့ကိုယ်စားလှယ်လောင်းတွေဆိုလည်း အကုန်လုံး အားရပါတယ်။ ပြီးလို့ရှိရင် ဘာတွေလုပ်ပေးစေချင်လည်းဆိုတော့ အဓိကကတော့ သူတို့ကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သတ်ပြီးမှပေါ့ အဲ့ဒါလေးတွေတော့ ပိုပြီးတော့လုပ်ပေးစေချင်တာပေါ့လေ။ ဒီဒေမှာကျတော့ အလုပ်အကိုင်ရှားပါးတယ်လေ အများအားဖြင့် နှမ်းတစ်မျိုးပေါ့နော် တောင်သူတွေက လယ်တွေလည်းမရှိဘူး ဒီမှာကလေ၊ တောင်ယာတစ်မျိုး၊ နှမ်းတစ်မျိုးပဲ ရှိတဲ့ခါကျတော့ အဲ့တစ်မျိုးပြီးလို့ရှိရင် ဘာအလုပ်အကိုင်မှမရှိတော့ဘူး ဆိုတော့ အဓိကကတော့ အလုပ်ကိုင်အခွင့်အလမ်းနဲ့ပတ်သတ်တဲ့ အဲ့ဟာမျိုးလေးပေါ့နော်။”

ဘောလခဲမြို့နယ်အတွင်း ၂၀၁၉၊ မေလကုန် အထိလူဦးရေစုစုပေါင်း (၈၀၈၉)ယောက်ရှိနေပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၄၂၈၃)ယောက်ရှိတယ်လို့ဘောလခဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဘောလခဲမြို့နယ်ဒေသဆိုင်ရာ အချက်အလက်များစာအုပ်အရသိရပါတယ်။

ဘောလခဲမြို့နယ်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီမှ(၅)နေရာ နှင့်တစ်သီးပုဂ္ဂလ (၁)နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts