spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

လာမည့်နှစ် ဦးစီးပေး ဘတ်ဂျက်ရေးဆွဲနိုင်ရန် အရပ်ဖက်အဖွဲ့အစည်းများကို ပထမဆုံးအကြိမ် ဖိတ်ခေါ်

Author

Date

Category

Su Phyo Win

လာမည့်နှစ် ပြည်နယ်/တိုင်းဘတ်ဂျက်ရေးဆွဲရန် ဦးစားပေးမှုများ သတ်မှတ်ခြင်းဖြစ်စဉ်တွင် အရပ်ဖက် အဖွဲ့အစည်းများကို ပထမဦးဆုံးအကြိမ် ပြည်နယ်အစိုးရက ဖိတ်ခေါ်လိုက်သည်။

ဘတ်ဂျတ်ရေးဆွဲခြင်း ဖြစ်စဉ်တွင် တာဝန်ခံယူမှု ပိုမိုအားကောင်းလာစေရေးကယားပြည်နယ်တွင် အများပြည်သူနှင့် ဆွေးနွေးတိုင်ပင်ရန် ရေးကြီးသော ဦးစားပေးလုပ်ငန်းများကို ပြည်နယ်အစိုးရအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များတို့နှင့် ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲသွားရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။

ကယားပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနညွှန်ကြားရေးမှုးဦးရဲနိုင်အောင် မှ
“ကျွန်တော်တို့ ကယားပြည်နယ်မှာလူထုပူးပေါင်း ပါဝင်တဲ့ ဘတ်ဂျတ်ရေးဆွဲခြင်း ဖြစ်စဉ်ဖြစ်ဖို့ ရည်မှန်းချက် ထားရှိထားပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ဖို့ အရပ်ဖက် အဖွဲ့အစည်းတွေ နှင့် အခြားသောစပ်ဆိုင်သူအင်အားစုများရဲ့အပြုသဘောဆောင်တဲ့ စိတ်ကူများ နှင့် အကြံပေးချက်များရရှိဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကယားပြည်နယ် အစိုးရသည် အာရှဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် နိုဝင်ဘာလ ၁၉ ၊ ၂ဝ ရက်နေ့တွင် မြို့တော်ခန်းမ၌ နှစ်ရက်တာ၎င်းကိစ္စရပ်များနှင့် ပတ်သက်၍ လူထုသုံးသပ်ဆွေးနွေးပွဲကိုကျင်းပခဲ့သည်။

အာရှဖောင်ဒေးရှင်းဌာနေကိုယ်စားလှယ် ဖြစ်သူDr Matthew Arnold မှ “ ယခုဆွေးနွေးတိုင်ပင်ပွဲဟာ ပြည်သူ နှင့် အစိုးရအကြားယုံကြည်မှု တည်ဆောက်ရန် အတွက် အခွင့်အလမ်းကောင်းတစ်ခုပါ။ မြန်မာနိုင်ငံဟာဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ် ရှေ့ဆက်မှုနှင့် အတူဒီလိုမျိုးဆွေးနွေးပွဲတွေပြုလုပ်ခြင်းဖြင့် အစိုးရသည် ပြည်သူဘဏ္ဍာကိုပွင့်လင်းမြင်သာစွာနဲ့ တာဝန်ခံမှု ရှိစွာအသုံးချနေတယ် ဆိုတာ ပြသခြင်းလည်း ဖြစ်ပါတယ်” ဟုပြောသည်။

ထိုဆွေးနွေးပွဲတွင် အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန နှင့် ကယားပြည်နယ် အစိုးရအဖွဲ့အောက်ရှိသက်ဆိုင်ရာဌာနအားလုံးတို့မှ အစိုးရကိုယ်စားလှယ်များစုစုပေါင်း ၇၁ ဦးတက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးတိုင်ပင်ပွဲကိုကယားပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနညွှန်ကြားရေးမှုးမှ ပုံဖော်စတင်ခဲ့ခြင်း ဖြစ်ပြီး Citizen Budget စာစောင် ပုံမှန် ထုတ်ဝေမှု နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာအသိပညာ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း အပါအဝင်ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု ရှိရန် နှင့် ပြည်သူလူထု ပါဝင်မှု ကို မြှင့်တင်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ ၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

အရပ်ဖက် လူမှုအဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာဌာနများဖြင့် ဆွေးနွေးမှုကိုအာရှဖောင်ဒေးရှင်း နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနညွှန်ကြားရေးမှုမှ ဦးဆောင်ခဲ့ပြီးတက်ရောက်သူများမှ ဆွေးနွေးသည့် ၂၀၁၉ – ၂၀၂ဝ ဘဏ္ဍာနှစ်အတွက် ထည့်သွင်းစဉ်းစားရမည့် အချက်များကိုမှတ်သားခဲ့ကြသည်ဟုသိရသည်။

spot_img
spot_img

Recent posts