spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်တက္ကသိုလ်ကျောင်းသား အစာအဆိပ်သင့်မှု တိုင်ကြားသူမရှိ၍ အရေးယူမည်မဟုတ်

Author

Date

Category

ထျိုးမြာ

တက္ကသိုလ်ကျောင်းသားကို အစာအဆိပ်သင့်စေခဲ့သည့် ကိစ္စအား  တိုင်ကြားသူမရှိ၍ အရေးယူနိုင်မည်မဟုတ်ကြောင်း သိရသည်။

စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အနေဖြင့် တိုင်ကြားမှုများမရှိပါက မည်သည့်ကိစ္စမျှ မိမိတို့၏ သဘောဖြင့် အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် အစာအဆိပ်သင့်စေခဲ့သော ချက်ပြုတ်သူကို အရေးယူဆောင်ရွက်ရန် လက်တလော၌ အစီအစဉ်မရှိသေးကြောင်း ကယားပြည်နယ်စားသုံးသူရေးရာဦးစီဌာန၏ ပြည်နယ်ဦးစီးမှူးက နိုဝင်ဘာ ၁၉ ရက်နေ့က ပြောသည်။

“ကျနော်တို့ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က တိုင်စာရှိမှ ကျနော်တို့က အစည်းအဝေးခေါ်ပြီး ညှိနှိုင်းရတာပါ။ ကျနော်တို့သဘောနဲ့ လုပ်လို့မရပါဘူး။ အခုလည်း တိုင်တဲ့အခြေအနေလည်းမရှိဘူး။ တိုင်လည်းမတိုင်ဘူးပေါ့နော။ မတိုင်တဲ့အတွက် ဘာမှတော့ ထွေထွေထူးထူးတော့ ကျနော်တို့လည်း အရေးယူဖု့ိမရှိပါဘူး။”ဟု  ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောကြားသည်။

ချက်ပြုတ်သူမှာ ဘလူးဘယ်ရီစားသောက်ဆိုင်ဟု ၎င်းက မီဒီယာတွင် ပြောဆိုခဲ့ရာ အဆိုပါဆိုင်နှင့် မသက်ဆိုင်ကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ဦးခမ်လျန်စွမ်းက အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

လွိုင်ကော်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများက ၎င်းကြက်ဆီထမင်းစားသုံးရာမှ လူ ၅ဝ ထက်မနည်း အစာအဆိပ်သင့်ခဲ့ခြင်း ဖြစ်သည်။ 

အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော  အာစရိယပူဇော်ပွဲအပြီး    တည်းခင်းဧည့်ခံသော ကြက်ဆီထမင်းနှင့် SPEED အချိုရည်ကို စားသုံးခဲ့ပြီး နာရီပိုင်းအကြာတွင် အစာအဆိပ်သင့်မှုလက္ခဏာများ ခံစားခဲ့ကြရသည်။

ကြက်ဆီထမင်အား ဘလူးဘယ်ရီဆိုင် ပိုင်ရှင်၏ ညီမလေးတော်စပ်သူ မနွေးစုစံက ဒေါ်သက်မွန်ထံ တာဝန်ခံ မှာယူပေးခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ ဖြစ်တက်တဲ့ သဘောပေါ့နော် အချိန်ပိုင်းပဲ ကြန့်ကြာသွားတဲ့အတွက်ကြောင့်မို့ ဖြစ်သွားတာပေါ့နော်လို့ သူတို့က အဲ့လိုပဲ ပြောတယ်။ ဆရာဝန်တွေက အိမ်တိုင်ရာရောက် အကုန်လာပြီးတော့ ကြည့်သွားတယ်။ ကျမကိုလည်း ကျောင်းမှာ ဆရာဝန်တွေကလည်း ခေါ်ပြီးတွေ့တယ်။ ခေါ်ပြီး စစ်ဆေးတယ် ဆရာဝန်တွေ ဘာမှမပြောဘူး။ နောက်ပြီးတော့ ကျောင်းက ပါမောက္ခတွေကအစ ဘာတစ်ခုမှ မပြောဘူး။ အခုကတော့ ဖြစ်တက်တဲ့ သဘောပေါ့နော် အခန့်မသင့်လို့ ဖြစ်သွားတာပါတဲ့။ ချက်တဲ့သူကိုလည်း အားလည်းအားနာတယ်တဲ့ အဲ့လောက်အထိ ကျမတို့ကို သူတို့က ပြန်တောင်းပန်တာ။”လို့ ကြက်ဆီထမင်းချက်ပြုတ်ပေးခဲ့သူ ဒေါ်သက်မွန်က ကန္တာရဝတီတိုင်း(မ်)သို့ နိုဝင်ဘာ ၉ ရက်နေ့က ပြောကြားထားသည်။

“ကျနော့ရဲ့ ကနေဦးရရှိတဲ့ သတင်းကနေပြီးတော့ သတင်းမီဒီယာတွေမှာ ကျနော်ပြောခဲ့တဲ့ စကားအပေါ်ဆိုင်ရှင်ဘက်က မဟုတ်ပါဘူးဆိုပြီးတော့ ပြန်ငြင်းတဲ့ အခါမှာ ကျနော်တို့ဖက်က ပြန်စီစဉ်တဲ့ပွဲဖြစ်ပါတယ်။”ဟု ဦးခမ်လျန်စွမ်း ပြောပါသည်။

အစာအဆိပ်သင့်သူ လူဦးရေ ၅ဝ ထက်မနည်း အော့အန်ခြင်း၊ ဝမ်းလျောခြင်းများ  ဖြစ်ပွားခဲ့သည့်အပြင် လူ ၁၂ ဦးက ဝေဒနာပြင်းထန်ခဲ့ကာ လွိုင်ကော်ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူရသည့်အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

spot_img
spot_img

Recent posts