spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်အချို့ ရေနှစ်မြုပ်

Author

Date

Category

မူဂျာမီလှိုင်

ယခုလ အောက်တိုဘာ (၃)ရက်မနက်မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်ကော်မြို့ နာနတ်တော အုပ်စု (၁၃) အရှေ့ဘက်ပိုင်းတွင် ရေကြီးကာ နေအိမ်အချို့ ရေနှစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

အုပ်စု ၁၃ တွင်ဈေးရောင်းနေသော ဦးကျော်ဌေးက ” အခက်အခဲရှိတာပေါ့ အလုပ်လဲမသွားရဘူး ထမင်းဟင်းတွေတောင် ဘယ်လိုချက်စားရမလဲမသိဘူး ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ” ဟု ဆိုသည်။

၎င်းရပ်ကွက်အတွင်းရှိ ထရာစဖော်မာလည်း မြုပ်သွားသဖြင့်မီးမလာဘဲ ထင်းများသည်လည်း ရေစိုသောကြောင့် ထမင်းဟင်းချက်စားရန် အဆင်မပြေကြောင်း ၎င်းကဆက်ပြောသည်။

အုပ်စုအတွင်း ရေမြုပ်သွားအိမ်များမှ လူများသည် ရေမမြုပ်သေးသည့်အိမ်များတွင် အကူအညီတောင်းကာ လိုက်နေနေရကြောင်းသိရသည်။ ထို့အပြင် ရေများတက်လာသဖြင့် အန္တရာယ်ရှိသော အကောင်များဝင်လာမည်ကို စိုးရိမ်ကြောင်းနှင့် အိမ်မွေးတိရိစာ္ဆန်များ သေသွားမည်ကိုလည်း စိုးရိမ်လျှက် ရှိနေကြသည်။

ဤသို့ရေကြီးခြင်းသည် နာနတ်တောဆည်မှ ရေလွှဲမြောင်းများမှာ အမှိုက်များပိတ်ဆို့်ပြီး ရေပေါက်မှာ မြင့်နေသောကြောင့် ဖြစ်သည်ဟု နောင်ယားတိုးချဲ့ရပ်ကွက်တွင် နေထိုင်သူဒေါ်မဖြူကဆိုသည်။

သူမက “ရေပေါက်ကမြင့်နေတော့ မထွက်နိုင်တော့ဘူး ရေကအနှစ်တွေများ အမှိုက်တွေနဲ့ ပိတ်ထားတယ်လေ ” ဟု ၎င်းကပြောသည်။

လွန်ခဲ့သော ရက်များတွင်လည်း မိုးများသည်းသန်စွာရွာသော်လည်း ရေမမြုပ်သေးသောကြောင့် မစိုးရိမ်သော်လည်း လက်ရှိထိ မိုဆက်ရွာနေပါက ၎င်းတို့၏စားဝတ်နေရေးနှင့် ကျန်းမာရေးအခြေအနေဘက်တွင် အခက်အခဲရှိလာနိုင်ကြောင်း ဦးကျော်ဌေးက ဆိုသည်။

အောက်တိုဘာ ၃ရက်ည ၁၁နာရီခွဲအချိန်တွင် မိုးရွာပြီး နာနတ်တောအုပ်စု ၁၃အရှေ့ဘက်တွင် လည်ပင်းခန့်ထိ ရေများတက်လာသဖြင့် အိမ်ခြေစုစုပေါင်း (၁၁)အိမ်ခန့် ပြောင်းရွှေခဲ့ရကြောင်း သိရသည်။ အလားတူ ဝါရီကောခူကျေးရွာတွင် နေအိမ်(၄၀)ခန့်၊ ပီကင်းကောခူကျေးရွာတွင် အိမ်ခြေ(၅၀)ခန့်နှင့် မင်းစုရပ်ကွက်တွင် အိမ်ခြေ(၂၀)ခန့် နေအိမ်အတွင်း ရေများဝင်ရောက်ရာ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။ လွိုင်ကော်မြို့ရှိ ရပ်ကွက်အတော်များများတွင် ရေကြီးနေကြောင်းသိရသည်

spot_img
spot_img

Recent posts