spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နေ MPT သုုံးစွဲသူများကိုု ဩဂုုတ်လအတွင်း ၅ဝ ရာခိုုင်နှုန်း ပရိုုမိုုးရှင်းပေးမည်

Author

Date

Category

ခူးစိုုးရယ်ဦး

ကယားပြည်​နယ်​၊ လွိုင်ကော်မြို့နေ့ MPT သုံးစွဲသူ​တွေကို ဩဂုတ်​လ ၃၁ ရက်​​နေ့အထိ အပိုဆု Bonous အဖြစ်​ ၅ဝ ရာခိုုင်​နှုန်​း​ပေး​နေသည်​ဟု သိရသည်​။

ကယားပြည်​နယ်​က MPT သုံးစွဲသူ​တွေအတွက်​ MPT က ​ပေးထားတဲ့ Promotionရဲ့ ဝန်​ဆာင်​မှုကစ သိလာ​စေရန်​ ကျယ်​ကျယ်​ပြန်​့ပြန်​့သိလာ​အောင်​ ဆောင်ရွက်နေကြောင်း မြန်​မာ့ဆက်​သွယ်​လုပ်​ငန်​း ဒုအရာရှိ ဦးသိန်​းဟုတ်​က ​ပြောသည်​။

ကယားပြည်​နယ်​တွင်​ MPT ​မြေ​အောက်​ကေဘယ်လိုုင်းများ ထပ်​မံတိုုး့ချဲ့ရန်​ ရှိ​သည်​ဟုလည်​း သိရသည်​။

Online Shopping အွန်လိုင်​းက​နေတဆင်​့ MPT-Bender productမှ မိမိလိုချင်​​သော ပစ္စည်​းပိုု့ဆောင်မှုကဲ့သို့ ဝန်​​ဆောင်​မှုများ ရယူနိုင်​ရန်​အတွက် ​ဆွေး​နွေး​နေကြပြီး MPT က  ဩဂုတ်​လ ၉ ရက်​​နေ့ လွိုင်​​ကော်​ Famous hotel တွင်​ သတင်​းစာရှင်​းလင်​းပွဲ ပြုလုပ်​သည်​။

“MPT ဟာ ပြည်​သူ​တွေရဲ့ လိုအပ်​ချက်​ကို နားဆွင့်တယ်​၊ဘယ်​​နေရာမှာ လို​နေလဲ၊ လိုတဲ့​နေရာ​တွေမှာ ကျ​နော်​တို့ လိုက်​ပြီးဖြည်​့ဆည်​း​ပေးတယ်​” ဟု ဦးသိန်​းဟုတ်​က ​ပြောပါသည်​။

ကယားပြည်​နယ်​မှာ MPT ကဒ်​ သုံးစွဲ​သောသူ​တွေ လိုင်​းသုံး​တဲ့ ​နေရာမှာဘဲ ဖြစ်​ဖြစ်​ Mobile paga data ​ဘေလ်​ဖြည်​့ရင်​လည်​း အဆင်​ပြင်​​အောင်​ အပိုဆု bonous ၅ဝ ရာခိုင်​နှုန်​း ​ပေးသွားမည်​ဟု ဦးသိန်​းဟုတ်​ က ဆိုသည်​။

လွိုင်ကော်မြို့အပါအဝင် မွန်​ပြည်​နယ်​မှ ၄ မြို့နယ်​၊ ကရင်​ပြည်​နယ်​မှ ၆ မြို့နယ်​၊ ပဲခူးတိုင်​းမှ ၈ မြို့နယ်​တိုု့က​ ၎င်းအစီအစဉ်ကိုု ခံစားရမည်ဖြစ်သည်။

မန်​မာနိုင်​ငံတွင်​ ​လေ​ဘေး ၊​ရေ​ဘေး စသည်​့ အန္တာ​ရာယ်​ကို ကြုံ​တွေ့​နေရသည်​့ ပြည်​နယ်​နှင်​့   တိုင်​း​ဒေအချို့ရှိသည်​့အနက်​ ၎င်း​နေရာများကို MPT သုံးစွဲသူ​တွေအတွက်​ အခမဲ့ ၃ဝ ရာခိုင်​နှုန်​းကို ရယူနိုင်​ရန်​ ​ဝန်​​ဆောင်​​မှု​ပေး​နေသည်​ဟု သိရသည်​။

ကယားပြည်​နယ်​သည်​၌ MPT လိုင်​း မရနိုင်​​သေး​နေ​ရာများကိုလည်း တာဝါတိုင်​များ ထပ်​မံထားရှိ​ပေးမည်​ဟု MPT အလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ​ဒေါ်ရိုစလင်​းက ​ပြောသည်​။

spot_img
spot_img

Recent posts