spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လူငယ်ရဲ့ လူ့အခွင့်အရေးအခြေအနေဖေါ်ထုတ်ပြသတဲ့ လူငယ်များ၏ပဲ့တင်သံဂီတပွဲတော်ကျင်းပ

Author

Date

Category

လင်းသန့်

ကျေးလက်နေဒေသလူငယ်များအကြား ကြုံတွေ့နေရတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လူ့အခွင့်အရေးတွေကို သူတို့က သီချင်းအဖြစ် ရေးသားခဲ့ထုတ်ဖေါ်ခဲ့ကြပါတယ်။

လူငယ်များရဲ့ ပဲ့တင်သံဂီတပွဲတော်ကို ရှားတောမြို့၊ ကယားပိုင်ရပ်ကွက်၊ နှစ်ခြင်းခန်းမဆောင်မှာ အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

“သူတို့ကိုယ်တိုင် သူတို့ရင်ထဲမှာရှိတဲ့ ခံစားချက်တွေ ၊ လူ့အခွင့်အရေးကို သူတို့ ကိုယ်တိုင်ခံစားရနေပြီလား။ ထပ်ပြီးတော့ သူတို့ဖက်ကနေပြီးတော့မှ ပြည့်ပြည့်ဝဝခံစားရလားဆိုတဲ့ ပုံစံမျိုးတွေပေါ့နော့ တချို့တွေဆိုရင် သူတို့ ရဲ့ပေါက်ကွဲသံတွေပေါ့နော။ သံစဉ်တွေ၊ စာသားတွေ နဲ့ ပြန်ပြီးတော့မှ သီချင်းရေးတဲ့ အစီစဉ်လည်းရှိတယ်ပေါ့နော။ အဲဒါကြောင့်မလို့ ဒီဂီတပွဲတော်မှာဆိုရင် ဒီရေးထားတဲ့ သီချင်းတွေကို ပြန်ပြီးတော့မှ ဖျော်ဖြေမယ်ပေါ့နော။”ဟု လူငယ်များ၏ ပဲ့တင်သံဂီတပွဲတော် တာဝန်ခံ မူအဂ္ဂနက်စ်က ပြောပါတယ်။

ဒီလူငယ်များရဲ့ပဲ့တင်သံဂီတပွဲတော်မှာ ရှားတောမြို့နယ်မှာ ရှိတဲ့ လူငယ်တွေက သူတို့ ကိုယ်တိုင်ရေးသားထားပြီး လူ့အခွင့်အရေးအကြောင်းအရာတွေပါဝင်တဲ့ သီချင်းတွေကို ထုတ်ဖေါ်သီဆိုခဲ့ကြပါတယ်။

ရှားတောဒေသခံ တစ်ဦးဖြစ်တဲ့ နော်ရုသက“လူငယ်တွေအတွက်က ဖွံ့ဖြိုးတိုးတက်ဖို့လိုသေးတယ်ပေါ့နော။ ပညာရေးလိုတယ်။ ငွေကြေးမလုံလောက်ဘူး။ တချို့တွေက ကလေးပညာရေးအတွက် မထောက်ပံ့နိုင်ဘူး။ ကလေးကို ကျောင်းမထားနိုင်ဘူးပေါ့။ ဒါကြောင့် တချို့ ကျောင်းထွက်လိုက်ရတယ်။ ပြီးတော့ မိဘတွေက အလုပ်တွေ မနိုင်တဲ့ခါကျတော့ မိဘတွေကို ပြန်ပြီး အလုပ်လုပ်ကူရတာတွေရှိတယ်။ ဒါတွေက သူတို့အတွက် အသိပညာတွေရှိလာဖို့အတွက် အဟန့်အတားဖြစ်စေတယ်။”လို့ ဆိုပါတယ်။

ဂီတပွဲတော် မတိုင်ခင်က လူငယ်နဲ့ လူ့အခွင့်အရေး၊ ဂီတဆိုင်ရာသင်တန်းကို ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီသင်တန်းမှာ လူ့အခွင့်အရေးဆိုင်အကြောင်းအရာနဲ့ ဂီတဆိုင်ရာပညာရပ်တွေကို သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကနေတဆင့် ဒီဂီတပွဲတော်မှာ လူငယ်တွေရဲ့ ဆန္ဒသဘောထားကို လူမှုအသိုင်းအဝန်းအကြား သီချင်းအဖြစ် ပေါင်းကူး ဖေါ်ထုတ်လာနိုင်ဖို့ ဆိုပါတယ်။

“ဒီဖက်မှာ နေထိုင်ကြတဲ့ သူတွေမှာ မြင်တွေ့နေရတဲ့ နေ့စဉ်ဘဝအခက်အခဲတွေ ၊ ပညာရေး ကျန်းမာရေး နှိမ့်ကျမှု အဲဒါတွေရယ်၊ မငြိမ်းချမ်းမှု ၊ပြီးတော့ တချို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေပေါ့။ ပြီးတော့ ဟိုးအရင်ခေတ်က ရွာတွေမှာ နှိပ်စက်ခံစားခဲ့ရတာတွေပေါ့။ အခုကတော့ အခြေအနေကောင်းလာပြီး ကျနော်တို့မှာ အခွင့်အရေးရှိလာပြီ။ တက်သစ်စလူငယ်တွေမှာပေါ့နော။ သီချင်းထဲမှာ အများဆုံးပါဝင်တာက ဒေသအခက်ခဲတွေ အများဆုံးပါဝင်တာပေါ့။”လို့ ဂီတပွဲတော်မှာ ပါဝင်ရေးသား သီဆိုခဲ့သူတစ်ဦးဖြစ်တဲ့ မိုက်ကယ်ဘူးရယ်က ပြောပါတယ်။

လွိုင်ကော်အခြေစိုက် လူငယ်အဖွဲ့အစည်းအစည်းဖြစ်တဲ့ လူငယ့်အားမာန်(CYC)ကနေ ဦးဆောင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

 

spot_img
spot_img

Recent posts