spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

လူစုလူဝေးပြုလုပ်တဲ့ အစိုးရဝန်ထမ်းတချို့ ဥပဒေနဲ့အညီအရေးယူမည်

Author

Date

Category

စိုးထိုက်အောင်

မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားရေးမရှိစေဖို့အတွက် လူစုလူဝေးများစုဖွဲ့ပြီး ဆောင်ရွက်ခြင်း မပြုရန်အတွက်တားမြစ်ထားတဲ့ အချိန်ကာလအတွင်းမှာ လူစုလူဝေးပြုလုပ်တဲ့ အစိုးရဌာနဆိုင်ရာဝန်ထမ်းတချို့ကို ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဧပြီလ ၁၇ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)သို့ ပြောပါတယ်။

ဝန်ကြီးချုပ်က “ ကျူးလွန်တဲ့လူတွေကိုတော့ အရေးယူမှာဘဲလေ အခုထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့အညီအရေးယူမှာပေါ့” လို့ ပြောပါတယ်။

အခုတားမြစ်ထားတဲ့ချိန်တွင်း မယ်စဲ့မြို့နယ်မီးသတ်ဦးစီးဌာနရုံးဝန်းအတွင်းမှာ သင်္ကြန် အကျနေ့က အုပ်စုဖွဲ့သီဆိုကခုန်ပြီး ရေကစားကြောင်းကို တွေ့ရှိခဲ့သဖြင့် သဘာဝေဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်ခွင့်ပြုရန်အတွက် ၂၀၂၀၊ ဧပြီလ ၁၄ရက် နေ့က မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ ခွင့်ပြုချက်တောင်းခံထားတယ်လို့သိရပါတယ်။

အခုလို လူစုလူဝေးပြုလုပ်တဲ့အတွက်ကြောင့် အခုလို ဌာနအတွင်း အရေးယူဆောင်ရွက်ဖို့ရှိတယ်လို့ မယ်စဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ပြောပါတယ်။

၎င်းက“ ကျတော်တို့ကခွင့်ပြုချက်တောင်းတာ အခုဟာကျတော်တို့ကအဲ့ဟာကိုဌာနဆိုင်ရာ သူတို့ ဌာနတွင်းအရေးယူပေါ့ ထွေအုပ်ဆိုရင် တွေအုပ်ကအရေးယူ၊ မီးသတ်ဆိုမီးသတ်ဌာနတွင်းအရေးယူ၊ ရဲဆိုရဲ ဌာနတွင်းအရေးယူ အဲ့လိုဘဲလုပ်တော့မှာ။” လို့ ပြောပါတယ်။

အခုလို ထုတ်ပြန်ကြေငြာချက်ကို မလိုက်နာတဲ့ အတွက် ဝန်ကြီးချုပ်က ဦးအယ်လ်ဖောင်းရှိုက “အဲ့ဒါသူတို့အရမ်းမှားတယ် နိုင်ငံတော်ကနေထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို သူတို့မလိုက်နာတဲ့အတွက်ကြောင့်ပေါ့နော် သူတို့ကို Action လဲလုပ်ထားတယ် ဘာလို့လဲဆိုဝန်ထမ်းတွေကလေ တကယ်တမ်း Action လုပ်ပြီဆိုအကုန်လုံး ဒုက္ခရောက်ကုန်မှာ အများကြီးလဲတော့ မဟုတ်ဘူးပေါ့နော် ၁၅ယောက်၊ အယောက်၂၀ နီးနီးလောက်တော့ ရှိတယ်။ သူတို့ရဲ့မီးသတ်အဖွဲ့တွေပေါ့နော်။” လို့ ပြောပါတယ်။

၂၀၂၀၊ ဧပြီလ ၁၄ ရက်နေ့၊ ညနေ ၂ နာရီခွဲ အချိန်မှာ မြို့နယ်မီးသတ်ဦးစီးဌာနအတွင်းမှာ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဖြိုးကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးမြတ်သူ၊ ရဲဒုတပ်ကြပ် ငြိမ်းကိုကို၊ ရဲဒုတပ်ကြပ် ဇေယျာမြအေး၊ မြို့နယ်အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာန၊ စာပို့ခွန်ဖိုးလပြည့်တို့က သီချင်းဖွင့်လစ်ပြီး ရေပတ်ကစားခဲ့ကြောင်းစီစစ်တွေ့ရှိရတာဖြစ်တယ်လို့ထုတ်ပြန်ကြေညာချက်အရသိရပါတယ်။

spot_img
spot_img

Recent posts