spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လူတိုင်းဖြစ်နိုင်တဲ့ ရာသီတုပ်ကွေး

လေးမြာ

ရာသီတုပ်ကွေးဆိုတာဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါ တယ်။ နှစ်စဉ်နှစ်တိုင်း မိုးရာသီရောက်ပြီဆိုရင် လူတိုင်းလိုလို အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ရာသီတုပ်ကွေးဟာ အန္တရာယ်ရှိနိုင်ပါတယ်။

ရာသီတုပ်ကွေးကြောင့် ဖျားနာတဲ့အခါ လူအများစုက ကုသမှုခံယူပြီး ပျောက်ကင်းသွားနိုင်ပေမယ့် အသက်အရွယ် အရမ်းကြီးသူတွေ၊ အရမ်းငယ်သူတွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေနဲ့ ကိုယ်ခံအားကျနေသူတွေကတော့ ပိုမိုပြင်းထန်စွာခံစားရနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာများ
နှာစီးခြင်း၊ နှာပိတ်ခြင်း ၊ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲပြီး ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။

ရာသီတုပ်ကွေးရောဂါကူးစက်ပုံ
ရာသီတုပ်ကွေးရောဂါရှိတဲ့သူ ချောင်းဆိုး/နှာချေတဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေက အသက်ရှူလမ်းကြောင်းမှတဆင့် တခြားတစ်ယောက်ဆီကို ကူးစက်နိုင်သလို တုပ်ကွေးဗိုင်းရပ်စ်ပါ တဲ့လေတွေကို တိုက်ရိုက်ရှူရှိုက်မိတဲ့အခါ (ဒါမှမဟုတ်) ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင် တစ်ခုခုကနေတဆင့် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိုင်ပါတယ်။ တစ်ကိုယ် ရေသုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာကလည်း တုပ်ကွေးရောဂါကို ကူးစက်နိုင်ပါတယ်။

ရာသီတုပ်ကွေးရောဂါလက္ခဏာနဲ့ ကိုဗစ်ရောဂါလက္ခဏာကို ဘယ်လိုခွဲခြားမလဲ
ရာသီတုပ်ကွေးရောဂါနဲ့ COVID 19 ရောဂါဟာ တူတာများတဲ့အတွက် ရောဂါလက္ခဏာကို မခွဲခြားနိုင်ပါဘူး။ ဒါ့ကြောင့် test စစ်ဖို့လိုပါတယ်။ COVID 19 က ပိုဆိုးတဲ့ လက္ခဏာတွေပြနိုင်ပါတယ်။

ရာသီတုပ်ကွေးကို ဘယ်လိုကာကွယ်မလဲ
တုပ်ကွေးကာကွယ်ရန် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ခံအားရှိဖို့ပါပဲ။ဒါကြောင့် အာဟာရ ပြည့်ဝတဲ့ အစားသောက်တွေစားပြီး အိပ်ရေးဝဝ အိပ်ရပါမယ်။ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကြဉ်ရပါမယ်။ လိုအပ်လို့ အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်းတပ်ဆင်ပြီး နှာချေတဲ့အချိန်နဲ့ ချောင်းဆိုးချိန်တို့မှာ နှာခေါင်း၊ပါးစပ်ကိုအုပ်ထားရပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရ ပါမယ်။ ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

ရာသီတုပ်ကွေးချိန်မှာ နေမကောင်းဖြစ်ခဲ့ရင်
ရာသီတုပ်ကွေးရောဂါဟာ နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး အသက်မရွယ်အရွေး ဖြစ်ပွားနိုင်ကြောင့် တတ်နိုင်သမျှ နေကောင်းအောင်နေရပါမယ်။ ဖျားခဲ့ရင်တောင် ကိုယ့်သဘောနဲ့ကိုယ် ကြိတ်ကုတာ၊ ပိုးသတ်ဆေး သောက်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။ ရာသီတုပ်ကွေးဖြစ်နေချိန်မှာ ကိုဗစ်မျိုးရိုးဗီဇ အသစ် ပြန်လည်ခေါင်းထောင် လာနိုင်တာကြောင့် တက်ကျွမ်းတဲ့ ဆရာဝန်/ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပြသပြီး ဆေးကုသမှုခံယူတာ အကောင်းဆုံးဖြစ်ပါတယ်။

ကိုးကား – WHO/ Hello sayawon

spot_img
spot_img