spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

လူသားချင်းစာနာထောက်ထားမှုအကူအညီ ကရင်နီစစ်ရှောင်အတွက် လုံလောက်မှုမရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီပြည်က စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုံလောက်မှုမရှိဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP ) အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ကလည်း အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့မှ ထောက်ပံ့ပေးတာတွေရှိတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ကျနော်တို့ကို လှူဒါန်းတဲ့သူတွေနဲ့ပေါ့နော လူသားချင်းစာနာထောက်ထားရေးအတွက် ပရဟိတပေါ့ Volunteer ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေလည်းရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲလုပ်လုပ်ပေါ့ အခုချိန်ထိပေါ့ ကျနော်တို့နယ်မြေမှာတော့ လူသားချင်းစာနာထောက်ထားမှုအနေအထားကတော့ လုံလောက်မှုကတော့ လုံးဝမရှိဘူး။ တနေ့ထက်တစ်နေ့လည်း ဆိုးလာတယ်။ ဆိုတော့ ငွေကြေးအရရှိသော်ငြားလည်းပဲ တကယ်လက်တွေ့ပေါ့နော ပစ္စည်းတွေရရှိဖို့အတွက် အခက်အခဲတွေအများကြီးရှိနေတယ်ပေါ့နော။ ဒါတွေကတော့ ကျနော်တို့ပြည်နယ်မှာ အတိုင်းအတာအရပြောမယ်ဆိုရင်တော့ တော်တော်လေး အခက်အခဲရှိနေတာ တွေ့တယ်ပေါ့။” လို့ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့မှစ လက်ရှိအချိန်ထိ မိုးဗြဲမြို့၊ နန်းဖယ်ခုံ၊ ဒီးမော့ဆိုမြို့အတွင်း စစ်ကောင်စီရဲ့ မြေပြင်တိုက်ခိုက်မှုအပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ကျေးရွာထဲမနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အဲဒီနေရာကို စစ်ရှောင်နေသူတွေကလည်း ထပ်ဆင့် တိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့ကြောင့် စစ်ရှောင်ဦးရေ တစ်သိန်းကိုးသောင်းကျော်ရှိနေပြီလို့ မတ်လ ၁၆ရက်နေ့က ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်မှ နှစ်ပတ်တစ်ကြိမ်အခြေအနေ စုစည်းတင်ပြချက်အရ သိရပါတယ်။

ကရင်နီပြည်စစ်ရှောင်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ တင်ပြတောင်းဆိုထားတာရှိပေမယ့် အားလုံးကို ထောက်ပံ့နိုင်တာမရှိသေးဘူးလို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

“လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကတော့ လောလောဆယ်ပေါ့နော ကျနော်တို့ချဉ်းကပ်တာတော့ရှိပါတယ်။ ဒါ့အပြင်ကို ဘယ်လိုပြောရမလဲ NUG အစိုးရကတော့ လောလောဆယ်မှာတော့ သူကတော့ အကုန်လုံးထောက်ပံ့နိုင်တာတော့မရှိဘူး။ ဒါပေမယ့် သူတို့လည်း ဟိုနေရာဒီနေရာတော့ လှူတာပဲလေ တတ်နိုင်သလောက်ထောက်ပံ့တာတော့ရှိတယ်။” လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

ကရင်နီပြည်တွင်းနဲ့ နယ်စပ် မိုးဗြဲမြို့၊ ဖယ်ခုံတိုက်ပွဲတွေကြောင့် လမ်းကြောင်းတစ်လျှောက်မှာ စစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ဖို့ အခက်အခဲရှိနေပြီး အချို့လမ်းကြောင်းမှာဆိုရင်လည်း ပေးမဖြတ်တာ၊ ဆန်အိတ် (၂၀)ထက် ပိုမသယ်ဖို့ ကန့်သတ်ထားတာရှိတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။

ပြည်တွင်းပြည်ပအလှူရှင်၊ အဖွဲ့အစည်းတွေက ထောက်ပံ့ထားတဲ့ ငွေကြေး၊ အသုံးအဆောင်ပစ္စည်းတွေကို စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ပေးနေပေမယ့် စစ်ရှောင်ဦးရေတိုးများလာတဲ့အတွက် လုံလောက်မှုမရှိနိုင်သလို လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အချို့စစ်ရှောင်နေရာတွေကို မထောက်ပံ့နိုင်တာလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ လူသားချင်းစာနာထောက်ထားတဲ့အကူအညီကိစ္စ ဆွေးနွေးခဲ့ပေမယ့် စစ်ကောင်စီရဲ့ကန့်သတ်မှုကြောင့် ကရင်နီစစ်ရှောင်အတွက် အကူအညီရရှိနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts