spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ရွှေပြည်အေး ရွာသားတွေ တစ်နှစ်ကျော်အကြာမှာ ထောင်ဒဏ် ၃နှစ်စီချမှတ်ခံရ

ကန္တာရဝတီတိုင်း(မ်)

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံခဲ့ရတဲ့ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား ၁၈ဦးကို ၁နှစ် ၂လ အကြာမှာ ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ ပုဒ်မ ၅၂ ( က ) အကြမ်းဖက်ဥပဒေပုဒ်မ နဲ့ ဒီလ(ဒီဇင်ဘာလ) ကျနော်တို့ ၁၇ရက်နေ့လားမသိဘူး။ ရက်စွဲတော့ ကောင်းကောင်းမမှတ်မိဘူးပေါ့နော။ အဲဒီရက်မှာ သူတို့အမိန့်ချလိုက်တယ်။ ထောင်ထဲမှာပဲပေါ့နော။ ဒီတောင်လေးလုံးထောင်ထဲမှာ အမှုစစ်ဆေးတယ်။ အမိန့်ချတယ်။ အားလုံး တစ်ယောက်ကို ထောင်ဒဏ် ၃နှစ်စီ အမိန့်ချတယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော။ ” လို့ PKPFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့မှာ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား (၁၉) ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာ ရွာသား တစ်ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ စုစုပေါင်း (၂၀)ဦးရှိခဲ့ပြီး အဲ့ဒီအထဲက (၂)ဦးဟာ သေဆုံးသွားပြီဖြစ်တယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းမှာ ကန္တာရဝတီတိုင်း(မ်)ကို ဖြေဆိုထားတာရှိပါတယ်။ ကျန်ရှိတဲ့ (၁၈) ဦးကတော့ တောင်လေးလုံးထောင်မှာ ထောင်ဒဏ်၃နှစ် အမိန့်ချခံရပါတယ်။

လက်ရှိမှာတော့ သူတို့ ၁၈ဦးကို တခြားဥပဒေပုဒ်မတွေနဲ့ ထပ်မံတရားစွဲဆိုထားတာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

“ ဘယ်လိုပုံစံရှိနေလဲဆိုတာကိုတော့ ကျနော်လည်း မပြောတတ်ဘူး။ ဒါပေမယ့် အမိန့်ချပြီးတဲ့ ရက်အချိန်အထိတော့ ကျန်းကျန်းမာမာရှိနေတယ်။ ” လို့ သူတို့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး PKPFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားခဲ့သူနှစ်ဦးမှာ အသက်(၆၇)နှစ် ဦးမောင်ယို နဲ့ အသက်(၄၉)နှစ် ဦးစိုးတင့် တို့ဖြစ်တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ရွှေပြည်အေးရွာ ဒေသခံ (၂၀)ဦးဟာ သက်ကြီးပိုင်းလည်းပါဝင်ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲရှိကြသူ၊ ရွာစောင့်အဖြစ် ကျန်ရစ်ခဲ့ရာကနေ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

spot_img
spot_img