spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လူသိနည်းလာတဲ့ ပရဲလူမျိုးတို့ တံခွန်တိုင်ပွဲ(သို့) နှစ်သစ်ကူးပွဲ

Author

Date

Category

စိုးရယ်ဦး

ဒီဇင်ဘာလအတွင်း ကရင်နီမျိုးနွယ်စုအနွယ်ထဲက ပရဲမျိုးနွယ်တွေရဲ့ နှစ်စဉ်နှစ်တိုင်းပြုလုပ်လျက်ရှိတဲ့ ရိုးရာပွဲတော်တခုကို မတွေ့ကြုံ စဖူး ပွဲတော်တခုကို အလည်ရောက်ရှိခဲ့ပါတယ်။

၂၀၁ရ ခုနှစ်ရဲ့ အေးချမ်းလှတဲ့ ဒီဇင်ဘာလအတွင်း ကယား(ကရင်နီ) ပြည်နယ်ရဲ့ အနောက်ဘက်ခြမ်း ဖရူဆိုမြို့နယ်ဘက်ကို ခရီးဆက်ခဲ့ရင်း ကေကောအုပ်စု ဘွတ်လွတ်တာ ရွာ ပရဲမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတခုဖြစ်တဲ့ စုပေါင်း ကေ့ထျိုးဘိုး စိုက်ထူခြင်းပွဲတော်ကို ရောက်ခဲ့ပါတယ်။

ပရဲမျိုးနွယ်စုတို့ရဲ့ ကေ့ထျိုးဘိုးပွဲတော်ဟာ တခြား ကျနော်တို့ ကယား(ကရင်နိ) မျိုးနွယ်စုတို့နဲ့တော့ ပြုလုပ်ပုံ ပြုလုပ်နည်းတွေ ခြားနားတာကို တွေ့ရပါတယ်။

တမူထူးခြားဆုံးကတော့ ကေ့ထျိုးဘိုး (ခေါ် ) တံခွန်တိုင်ကို ဝါးလုံးကြီးနဲ့ ပြုလုပ်ထားပြီး တံခွန်ကိုလည်း ဝါးရွက်တွေနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။

တိုင်တော်ထူပြီး ပတ်ပတ်လည်ကိုလည်း ပရဲတို့ရဲ့ ဗုံ၊ မောင်း ၊ ပုလွေ စတဲ့ ရိုးရာတူရိယာ တို့နဲ့ တီးခတ်ကြပြီးတော့ ဖြေးဖြေးမှန်မှန် လမ်းလျှောက်ရင်း တီးခတ်ကြပါတယ်။ 

ယခင်ကတည်းက ရိုးရာဓလေ့ထုံးတမ်းကို ထိန်းသိမ်းလာပြီး ယခုအထိ လူမျိုးစုုရဲ့ ကိုယ်ပိုင်ရိုးရာတစ်ခုနဲ့ တည်ရှိနေတုန်းပါ။

ထိုကဲ့သို့ မိမိယုံကြည်ကျင့်သုံးပြုလုပ်လာသော ရိုးရာတစ်ခုပင်ဖြစ်တယ် သိုသော်လည်း သူတို့ ရိုးရာတစ်ခုကို ကယားပြည်နယ်မှာ နေထိုင်ကြတဲ့ အခြားလူမျိုးစုတွေ သိပ်မသိကြသေးပါဘူး။

အဲဒါကြောင့် ကျေးရွာရပ်မိရပ်ဖြစ်တွေက သူတို့ရဲ့ ရိုးရာဆက်လက်တည်တံ့ဖို ့ လုပ်ဆောင်နေတာကို တစုတစည်းနက် ဝိုင်းဝန်းလုပ်ဆောင်ပြီး အတူတကွ ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။

အရင်တုန်းက နှစ်စဉ်တွေမှာ ရိုးရာတစ်ခုအဖြစ် တည်လာခဲ့နောက်ပိုင်းတော့ ဘာသာကြီးတွေ ဝင်လာတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ် အဲ့တာကြောင့် ခုကာလချိန်ခါကစပြီး ရိုးရာတစ်ခုဖြင့် တည်ရှိနေအောင် ပြန်ုပြီး လုပ်ဆောင်ရပါမည်လို့ ပရဲ လူမျိုးတစ်စု၏ ရပ်မိရပ်ဖတစ်ဦးဆီမှ ကျနေ်ာသိရှိလေ့လာခဲ့ပါတယ်။

ပွဲတော်မှ ပရဲလူမျိုး အဖွား ရေဗက္ကာဝင်း၏ ရင်ဖွင့်သံကတော့ “ အရင်တုန်းက အနှစ် ၂ဝ နောက်ပိုင်းမှာ အဖွားနေခဲ့ပါတယ် ဒီရွာမှာ အဖွားက ကက်သလစ်ဘာသာကိုးကွယ်နေခဲ့ပေမယ့် ရိုးရာတစ်ခုကို အမြဲအစဉ်အလာ မပျက်အောင် ထိန်းသိမ်းလုပ်ခဲ့ပါတယ် အဖွားက ခုလက်ရှိမှာ ဖရူဆိုမှာ နေပါတယ် အဖွားက ဘာလို့ဒီရိုးရာပွဲလာရသလဲ ဆိုတော့ ကိုယ့်လူမျိုးစုတစ်စုကို အလေးထားပြီး လာရတာပါ တဖက်က လမ်းကြမ်းပေမယ့် ဒီရွာတွေမှာ အဖွား အမျိုးတွေကိုလည်း တွေ့ချင်တာပေါ့နော်” လို့ ပြောပါတယ်။

အဲဒီရိုးရာတစ်ခုနဲ့ လုပ်လာခဲ့တဲ့ ကာလတွေ မနည်းပေမယ့် ဒါကို ဆက်လက်တည်တံ့ခိုင်မြဲအောင် လုပ်ဖိုု ့လက်ရှိ ကြိုးစားနေတာကို တွေ့ရပါတယ်။

ကျနော်တို့ ကယား(ကရင်နီ) လူမျိုးတို့ရဲ့ ကေ့ထျိုးဘိုးက နွေရာသီကာလမှာ ပြုလုပ်ကြပေမယ့် အခုတွေ့နေရတဲ့ ပရဲ့တို့ရဲ့ ကေ့ထျိုးဘိုးကတော့ ဆောင်းရွာသီကာလ မှာဖြစ်နေပါတယ်။

ဒီလိုအချိန်ဆို ပရဲကျေးရွာတိုင်းက အရင်နှစ်တွေမှာကော ရိုးရာမပပျောက်အောင် ကိုယ့်ကျေးရွာနဲ့ကိုယ် ကျင်းပလာကြတာဖြစ်ပါတယ်။ ဒီတစ်နှစ်မှာတော့ လူနည်းစုဖြစ်တဲ့အတွက် ပရဲလူမျိုး ပြန်လည်ထိန်းသိမ်းတဲ့အနေနဲ့ စုပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ရိုးရာကတော့ နစ်စဉ်နှစ်တိုင်းရှိတယ် ရွာတိုင်းပြုလုပ်တာတွင်ရှိပါတယ် ဒါပေမယ့် စုပေါင်းပွဲလုပ်ဖို့က အခု ကတော့အထူးသဖြင့် လူမျိုး ပပျောက်သလောက်ဖြစ်သွားပြီ ဒါကြောင့် မပပျောက်ဖို့ အတွက်ဒီပွဲကို ပြန်လုပ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။

တချိန်တုန်းက စစ်ဘေးဒဏ်တွေကြောင့် ရွာပျက်ခဲ့ရပြီး လူမျိုးစုတွေ ဖရိုဖရဲ ဖြစ်သွားတဲ့နောက်ပိုင်းမှာ ရိုးရာတွေ ပျောက်ကုန်တာလည်းဖြစ်တယ်လို့သိရပါတယ်။

ဒေသခံရပ်မိရပ်ဖတစ်ဦးက “လွန်ခဲ့တဲ့ ၉ဝ ခုနှစ် က ရွှာပျက်သေးတယ် လူဖရိုဖရဲဖြစ်သွားတယ် အဲကြောင့် တစ်ချို့လူက ထိုင်းနယ်စပ်ဘက်မှာ ရောက်သွားတယ် နည်းနည်းပြန်ဆင်ပြေလာတဲ့အတွက် ပွဲကို ပြန်လုပ်ခြင်းဖြစ်တယ်။” လို့ပြောပါတယ်။

အခုပွဲတော်တွေကို ပြုလုပ်နေကြတာကတော့ အဲဒီဒေသဘက်က ကျေးရွာအုပ်စု ၃ အုပ်စုဘဲဖြစ်ပါတယ်။ အဲဒီ အုပ်စုကတော့ ရော်သာခေါ ၊ သိုသီးဖို ၊ ကေကော် အုပ်စုတို့ပဲဖြစ်ပါတယ်။ အခုပွဲတော် လာတက်ရောက်ကြတဲ့ လူဦးရေစုစုပေါင်းကတော့ တစ်ထောင်နီးပါးလောက်ရှိပါတယ်။ 
ဒီရိုးရာပွဲတော်က ကောက်သစ်စားပွဲ စပါးရိတ်သိမ်းပြီးပြီဆိုရင် နှစ်ဆန်းတစ်ရက် ပရဲလူမျိုးတို့ရဲ့ နတ်တွေကို ပူဇော်ပသရတာဖြစ်တဲ့သဘောလို့လည်း သိရပါတယ်။

ဇာတိမြေကေကောရွာမှ ဂျေ က အခုလိုပြောပါတယ်။ 
“ ပြာသိုလဆန်း မှာပေါ့ ပြီးတော့ စပါးက အိမ်မှာအကုန်လုံးရောက်ပြီပေါ့နော စပါးတွင် ရိတ်သိမ်းပြီးချိန်ဖြစ်ပါတယ်။ ပျော်ပွဲရွှင်ပွဲတစ်ခုအနေနဲ့ လုပ်ပါတယ် လုပ်ယူလုပ်စောလို့ ကျတော်တို့ အဆိုရှိတယ်ပေါ့။ အဲဒီလဆို အင်မတန်ပျော်ရွှင်စရာကောင်းတဲ့ လတစ်လပေါ့ နှစ်သစ်ကူးပေါ့နော တောတောင်ရေမြေသခင်ကို ပူဇော်ခြင်းပြုလုပ်ပြီး ကျေးဇူးတင်ရမယ်။ နောက်လာမည့်နှစ်မှာ ကောင်းမွန်စွာ လုပ်နိုင်ဖို့အတွက် ထုံးစံအရ ကေ့ထျိုးဘိုးတံခွန်တိုင်ကို စိုက်ထူရခြင်းဖြစ်တယ်။” 

ကေးထျိုးဘိုးက အဖိုနဲ့အစ်မဆိုတာ ရှိပါတယ် အမတိုင်ရဲ့အဓိပ္ပယ်က အမျိုးသမီးဆိုတဲ့မျိုးက ပိုပြီးဆုဆောင်းတတ်တယ်ဆိုတဲ့အတွက် အမတိုင်ရဲ့ခြင်းထဲမှာဆိုရင် ရိုးရာအသီးအနှံတွင်ဖြစ်တဲ့ စပါးတို့ ၊ ပြောင်းကောက်တို့၊ သခွားစေ့တို့၊ တောင်ယာမျိုးစေ့တို့ ထည့်ပေးထားပါတယ်။

ပူဇော်ပသတဲ့ပွဲမှာ အဓိက ကျွဲနဲ့ ပူဇော်ကြပါတယ်။ လာမည့်နှစ်ကြရင် ဒီသီးနှံမျိုးစေ့တွေ ကောင်းပါစေဆိုပြီးတော့ ပူဇော်ပသကြတာဖြစ်ပါတယ်။ အကယ်၍ ကေ့ထျိုးဘိုးတံခွန်တိုင်တိုင်ကိုထူတဲ့အချိန်မှာ လှဲသွားရင် ကျိုးသွားရင် အန္တရာယ်အရမ်းများတယ် အသေအကြေများမယ်ဆိုတဲ့ အယူအဆရှိတယ်။

ပွဲတော်ပြုလုပ်မည့်နေ့ရက်ကိုလည်း ကြက်ရိုးထိုးစရာမလိုဘူးလို့သိရပါတယ်။ အကြောင်းကတော့ သူတို့မျိုးနွယ်စုတွေရဲ့ နှစ်သစ်ကူးနေ့တည့်တည့်မှာ တံခွန်တိုင်ကို ထောင်ရတဲ့အတွက်ကြောင့် အဲဒီနေ့မှာပဲ ပွဲတော်ပြုလုပ်ကြတာဖြစ်ပါတယ်။ 

အမြဲတမ်း ခိုင်မာတဲ့ ပရဲ ရှိးရာတစ်ခုအနေနဲ့ တည်ရှိနေအောင် ဆက်လုပ်သွားမှာပါဖြစ်တယ်လို့ ဂျေက ပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts