spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပြီဖြစ်ကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ဒေါက်တာဆာဆာ

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ရာခိုင်းနှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့အတွက် စတင်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ဒေါက်တာဆာဆာက ဒီကနေ့ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို အနည်းဆုံး ဗာကာလုပ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတာကိုလည်း ပြည်သူတွေကို ပြောကြားလိုပါတယ်။ ဆိုတော့ ၂၀ ရာခိုင်နှုန်းဆိုရင်တော့ ၄ သန်းမကဘူး၊ ၆ သန်း မကဘူး ဖြစ်လာနိုင်တယ်။ ဆယ်သန်း၊ ဆယ့်နှစ်သန်း ဖြစ်နိုင်တယ်။ ဒါတွေက ဦးစားပေးစနစ်နဲ့ လာမှာ ဖြစ်ပါတယ်။ ဆိုတော့ ပြည်သူလူထု အားလုံးကိုလည်း သတင်းကောင်းတစ်ခု ပါးချင်တယ်။ ပြည်သူလူထု အစိုးရဖြစ်တာနဲ့အမျှ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို အနည်းဆုံးပေါ့ ဒီတစ်နှစ်အတွင်းမှာပေါ့ ကျနော်တို့ ကာကွယ်ဆေးထိုးနိုင်ဖို့ရန်အတွက် အင်တိုက်အားတိုက်၊ တစိုက်မတ်မတ်နဲ့ ဒါကို ဆောင်ရွက်နေပါတယ်ဆိုတာကို ပြောလိုပါတယ်။” လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

ရရှိလာမယ့် ကိုဗစ်ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ အဓိကထိုးနှံပေးသွားမှာ ဖြစ်ပြီး တတိယအဖွဲ့အစည်းက ပြည်သူတွေကို ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ NUG အစိုးရရဲ့ ရရှိထားတဲ့ စာရင်းအရ ကာကွယ်ဆေး ၆ သန်း ရရှိမယ်လို့ ဆိုပါတယ်။

“ယခုအခါမှာ နိုင်ငံတကာအဖွဲ့အစည်းများ မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူများအတွက် ကာကွယ်ဆေးထိုးပေးဖို့အတွက် စတင်ဆောင်ရွက်နေပြီဆိုတဲ့အကြောင်း ဒီနေရာမှာ ကျတော်ပြောကြားလိုပါတယ်။ အခုလို ဆေးထိုးမှုလုပ်ငန်းစဉ်တွေကို ပြည်သူလူထု အန္တာရာယ်ကင်းရှင်းစွာနဲ့ ရရှိနိုင်စေဖို့အတွက် မိမိတို့အနေနဲ့ အစဉ်တစိုက် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူလူထုကိုလည်း အချိန်နဲ့တစ်ပြေးညီ အသိပေးပြီးတော့ ပွင့်ပွင်းလင်းလင်း ထင်ထင်မြင်မြင်သာသာ ကျတော်တို့ဆောင်ရွက်သွားမှာဆိုတဲ့အကြောင်းလည်း ဒီနေရာမှာ ပြောကြားလိုပါတယ်။”လို့ ပညာရေး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲ အဖွင့်အမှာစကားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားတော်လှန်ရေး နယ်မြေသာမကဘဲနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိနေတဲ့ ကပ်ရောဂါကြီးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အဓိကရည်ရွယ်ပြီးမှ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာန နှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတို့မှ မြန်မာနိုင်ငံမှာလက်ရှိ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်ကုသပေးနိုင်ရန် လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) ကို ၂၀၂၁ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

spot_img
spot_img