spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

လူထောင်ချီပါဝင်သည့် တပ်မတော်ထောက်ခံကြိုဆိုပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

Author

Date

Category

တပ်မတော်ထောက်ခံပွဲတွင် ပါဝင်လာကြသည့် တိုင်းရင်းသားအချို့ ပုံ…ကန္တာရဝတီတိုင်းမ်

ခွန်းကလိုင်းဖရီး

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့၌ လူထောင်ချီပါဝင်သည့် တပ်မတော်ထောက်ခံကြိုဆိုပွဲအား နိုဝင်ဘာလ ၁ရ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

“ တပ်မတော်ဆိုတာ ကျွန်မတို့ တိုင်းရင်းသား ပြည်သူတွေ အားလုံးရဲ့ကျေးဇူးရှိတယ်ဆိုတာ မမှားနိုင်ပါဘူးရှင့်။ တပ်မတော်သာ ကျွန်မတို့ တိုင်းရင်းသားပြည်သူတွေဖက်က မားမားမတ်မတ် မရပ်တည်ပေးခဲ့ဘူးဆိုရင်
အခုချိန်မှာ မြန်မာနိုင်ငံရယ်ဆိုတာ ရှိပါဦးမလား။ တပ်မတော်ရဲ့ ကျေးဇူးကြောင့် ကျွန်မတို့ ခေါင်းမော့ ရင်ကော့ပြီးနေနိုင်တာပါ” ဟုတပ်မတော် ထောက်ခံကြိုဆိုပွဲ၏ ဟောပြောပွဲ အစီအစဉ်တွင် ဒေါ်နှင်းနှင်းအိက
ပြောကြားခဲ့သည်။

ဒို့တာဝန်အရေးသုံးပါးနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသား (၁၃၅) မျိုး၏အကျိုးကို ကာကွယ်စောင့်ရှောက်သော မြန်မာ့တပ်မတော်မတော်၏ ရပ်တည်ချက်များနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်အား ကြိုဆိုထောက်ခံသည့်အနေဖြင့် ယခုလို အစီအစဉ်မျိုး ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ထောက်ခံကြိုဆိုပွဲတွင် လွိုင်ကော်မြို့ရှိ ကယားဒေးကွင်း၌ ဟောပြောသည့်အစီအစဉ်အပြင် တပ်မတော်စစ်သီချင်းဖွင့်လှစ်ခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းများ
ပြုလုပ်ခဲ့သည်။ ထိုမှ တဆင့် မြို့တွင်းသို့ ဆက်လက် ချီတက်လမ်းလျှောက်ခဲ့ကြသည်။

တပ်မတော်အား ထောက်ခံကြိုဆိုပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် လောပိတမှ ဒေါ်ညွှန့်စိန်က “ကိုယ့်တိုင်းပြည်အတွက် အမြဲတမ်းအသက်ပေးပြီး ကာကွယ်ပေးနေတဲ့ တပ်မတော်ကြီးကို အမြဲတမ်းဂုဏ်ယူလေးစားတဲ့ အနေနဲ့ ချီတက်ပွဲကို ဒီလိုလာရောက်ခြင်းဖြစ်ပါတယ်။” ဟု ဆိုသည်။

၎င်းအပြင် ကိုယ့်တိုင်းပြည်၏ လူမျိုးကို စည်းရိုးသဖွယ် ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်ရှိနေမှသာ
ကိုယ့်တိုင်းပြည်အေးချမ်းမည်ဟု ယုံကြည်မှုအပြည့်ရှိကြောင်း ၎င်းက ဆက်ဆိုသည်။ မြို့တွင်းသို့ လမ်းလျှောက်ချီတက်ရာတွင် ပါဝင်ချီတက်သူများမှ ပြည်ထောင်စု ထာဝရမပြိုကွဲရေး၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စည်းလုံးမှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုပြိုကွဲရန် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြနှင့် တပ်မတော်ပြိုကွဲရန် ကြံဆောင်သူ မှန်သမျှ ဆန့်ကျင်ကြစသည့် ကြွေးကြော်သံများကို မြို့တွင်း လှည့်လည်ကြွေးကြော်ခဲ့ကြသည်။

“ကျွန်တော် ဒီမနက် (၅) နာရီကနေ စထွက်လာပြီးတော့ ဒီပြည်ထောင်စု မပြိုကွဲရေးအတွက် ကျွန်တော်တို့ လာရောက်တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့ကနေတစ်ဆင့် ကျွန်တော်တို့ သိရတာ။ အားလုံး စည်းလုံးညီညွှတ်မှုရဖို့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပြည်သူတွေအတွက် လိုအပ်တဲ့ တပ်မတော်ကိုလည်း ကူညီအားပေးဖို့ လိုအပ်တယ်လေ”ဟုကယောဒေသမှ လာရောက်ပါဝင်သည့် ကိုဂျိုးဇက်က ပြောပါသည်။

၎င်းတပ်မတော်ထောက်ခံကြိုဆိုပွဲတွင် ဌာနေတိုင်းရင်းသားများဖြစ်သည့် ကယား၊ ကယန်း၊ ကယောလူမျိုးများအပြင် တပ်မိသားစုဝင်များနှင့် အခြားဒေသခံလူထုများ ထောင်ချီပါဝင်ခဲ့ပါသည်။

spot_img
spot_img

Recent posts