spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း ခင်းနေတဲ့လမ်းကို သတ်မှတ်ချိန်ထက်စောပြီး ပြီးအောင်ဆောင်ရွက်မည်ဟုဆို

Author

Date

Category

စိုးထိုက်အောင်

ပြည်နယ် အစိုးရ ရံပုံငွေနဲ့ လုပ်ဆောင်နေတဲ့ တောင်ငူ- လိပ်ဒို- ယာဒို- လွိုင်ကော်- ဟိုပုန်းလမ်း (၁၂၄-၁၂၅)မိုင်ကို သတ်မှတ်ချိန် ဖြစ်တဲ့ မေလ ထက်စောပြီး ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ ဒီးမော့ဆိုမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မော်မြာက ပြောပါတယ်။

လက်ရှိမှာ လမ်းကို့ကတ္တရာ မခင်းရသေးခင် ယာဉ်အသွားအလာတွေကြောင့် ဖုန်ထနေတဲ့ အတွက် လမ်းမကြီးဘေးမှာ နေထိုင်တဲ့ သူတွေနဲ့ ခရီးသွားပြည်သူတွေရဲ့ ဝေဖန်မှုတွေမြင့်တက်နေတာပါ။

“ ရေဖျန်းတာနဲ့မလုံလောက်ရင် ရေဖျန်းပြီးတော့ အမတို့ကတ္တရာဘဲ အမြန်ဆုံးခင်းဖို့တော့ရှိတာပေါ့ လောလောဆယ်တော့ တစ်ဖွဲ့နဲ့ခင်းနေတယ် ဒီရှေ့တစ်ပတ်ကျရင်တော့ ၂ဖွဲ့ပေါ့ ၂ဖွဲ့ခင်းပြီးတော့ ပိုမြန်သွားမှာပေါ့ အဲ့တော့မြန်မြန်သူတို့သတ်မှတ်ထားတဲ့အချိန်ထက်တော့ ပိုပီးတော့မြန်မြန်ပြီးသွားမှာပေါ့ အဲ့လိုတော့ စီစဉ်ထားပါတယ်။” ဒီးမော့ဆိုမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မော်မြာက ပြောပါတယ်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ရံပုံငွေနဲ့ ခမ်းရွှေဝါထွန်းကုမ္ပဏီ၊ လွှင်မြသစ်ကုမ္ပဏီ၊ ထူးဓနကုမ္ပဏီ တို့ကတာဝန်ယူပြီး လမ်းခင်းခြင်းလုပ်ငန်းတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်။

၂၀၁၉၊ ဒီဇင်ဘာလမှာ လမ်းခင်းဖို့အတွက်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ စာချုပ်အရဆိုရင် ၅လပိုင်းနောက်ဆုံးအပြီးခင်းရမှာဖြစ်ပါတယ်။

ဖုန်တွေထနေတာကို နေ့တိုင်းရေဖြန်းပေးနေပေမဲ့လည်း ယာဉ်အသွားအလာများတာကြောင့် မထိရောက်ဘူးလို့ ဆိုပါတယ်။

မတ်လ ၁၆ရက်နေ့မှာ ပြည်သူ့ငွေစရင်းကော်မတီနဲ့ ကယားပြည်နယ်လွှတ်တော်တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့တို့က လွိုင်ကော်- ဒီးမော့ဆိုလမ်းခင်းနေမှု အခြေအနေတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

“ ရေဖြန်းခတွေ၊ စက်ကြိတ်ခတွေ စက်ယန္တယားမောင်းနှင်ခ တွေမပါဘူးလို့သိရပါတယ်။ အဲ့အတွက်လည်း လမ်းအရည်အသွေးပိုင်းကို အများကြီးထိခိုက်နိုင်ပါတယ်။ ဒါကလည်း ကုမ္ပဏီရဲ့အားနည်းချက်မဟုတ်ပဲနဲ့ ဌာနရဲ့အားနည်းချက် ဖြစ်မယ်လို့ထင်ပါတယ်။ ဌာနကနေပြီးတော့ ဒီလမ်းဖောက်လုပ်ဖို့အတွက် estimate ရေးဆွဲတဲ့အခါမှာ ဒါတွေကို ထည့်တွက်ပြီးတော့ရေးဆွဲဖို့လိုပါတယ်။ မဟုတ်ရင်တော့ ဒီလမ်းမျက်နှာပြင်ကို ကျနော်တို့ဘယ်လိုမှ ချောမွှေ့အောင် မလုပ်နိုင်တဲ့အပြင် အခုလိုမျိုး ခရီးသွားပြည်သူတွေနဲ့ လမ်းဘေးဝန်းရံ မှာရှိတဲ့ ပြည်သူလူထုတွေအတွက်ရော အခုလိုမျိုးဖုန်မှုန့် အန္တရာယ်ကို ကျနော်တို့ရင်ဆိုင်နေရမှာဖြစ်ပါတယ်။” လို့ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမြင့်မောင်က ပြောပါတယ်။

လွိုင်ကော်- ဒီးမော့ဆိုလမ်း မိုင်က ၅မိုင် ၇ဖာလုံရှိပြီးတော့ နဂိုရှိပြီးသားလမ်း ၁၈ပေ ကနေ ၂၄ပေ ချဲ့ဖို့ ဒီးမော့ဆိုမြို့နယ်ဘက်လမ်းခင်းခြင်းအတွက် ပြည်နယ်ငွေလုံးငွေရင်း ရန်ဘုံငွေဘတ်ဂျတ် ၁၂၀၇.၅၁၅သန်းကို အသုံးပြုထားတယ်လို့သိရပါတယ်။
လမ်းခင်းတဲ့ အခါမှာဖုန်ထတာနဲ့ပတ်သတ်ပြီးရေဖျန်းတာလဲ ကားအသွားအလာအရမ်းများတဲ့အတွက်ကြောင့်မနိုင်ဘူးလို့ဒီးမော့ဆိုမြို့နယ်ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးစီးအရာရှိ ဒေါ်မော်မြာပြောပါတယ်။

“ဖုန်ထတာကလဲ အမတို့နေ့တိုင်းတော့ ရေဖျန်းတာပေါ့နော် ရေဖျန်းတယ် ဒါပေမဲ့ ကားပတ် များတာပေါ့ သွားလာတဲ့ယဉ်များတဲ့အတွက်ကြောင့်တော့ ရေဖျန်းပြီးတော့၁နာရီလောက်နေရင်လဲ ကားတွေပြန်သွားတယ် ဖုန်ပြန်ထလိုက် အဲ့လို မနိုင်ဘူးဖြစ်နေတာပေါ့နော်။”လို့ပြောပါတယ်။

“ ကုမ္ပဏီတွေကို ကျနော်တို့မေးသလောက်ကတော့ သူတို့ကတော့ ရေဖြန်းပါတယ်လို့ပြောတယ်။ ကျနော်တို့စောင့်ကြည့်လေ့လာသလောက်ကတော့ မတွေ့သလောက်ရှားတယ်ပေါနော်။ ဖြန်းတဲ့နေရာလေးတွေတော့ တစ်ချို့တစ်လေမှာရှိတယ် ဒါပေမဲ့တစ်ကယ့်တစ်ကယ် ကျနော်တို့သေချာစောင့်ကြည့်လေ့လာတဲ့အခါမှာ ဖြန်းထားတာမတွေ့ပါဘူး။ တစ်ချို့မနေနိုင်တဲ့အိမ်ရှင်လေးတွေက ဖြန်းထားတဲ့ဟာလောက်ပဲရှိပါတယ်။” လို့ဦးမြင့်မောင်က ဆက်ပြောပါတယ်။

၂၀၁၉၊ ဒီဇင်ဘာလမှာ လမ်းခင်းဖို့အတွက်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ စာချုပ်အရဆိုရင် ၅လပိုင်းနောက်ဆုံးအပြီးခင်းမှာဖြစ်ပေမဲ့ဒီထက်ပိုစောစောပြီးအောင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးစီးအရာရှိ ဒေါ်မော်မြာက “ ရေဖျန်းတာနဲ့မလုံလောက်ရင် ရေဖျန်းပြီးတော့ အမတို့ကတ္တရာဘဲ အမြန်ဆုံးခင်းဖို့တော့ရှိတာပေါ့ လောလောဆယ်တော့ တစ်ဖွဲ့နဲ့ခင်းနေတယ် ဒီရှေ့တစ်ပတ်ကျရင်တော့ ၂ဖွဲ့ပေါ့ ၂ဖွဲ့ခင်းပြီးတော့ ပိုမြန်သွားမှာပေါ့ အဲ့တော့မြန်မြန်သူတို့သတ်မှတ်ထားတဲ့အချိန်ထက်တော့ ပိုပီးတော့မြန်မြန်ပြီးသွားမှာပေါ့ အဲ့လိုတော့ စီစဉ်ထားပါတယ်။”

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ဘုံငွေဖြင့်တောင်ငူ- လိပ်ဒို- ယာဒို- လွိုင်ကော်- ဟိုပုန်းလမ်း (၁၂၄-၁၂၅)မိုင်ကို ခမ်းရွှေဝါထွန်းကုမ္ပဏီ၊ လွှင်မြသစ်ကုမ္ပဏီ၊ ထူးဓနကုမ္ပဏီ တို့ကတာဝန်ယူပြီး လမ်းခင်းခြင်းလုပ်ငန်းတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts