spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်း စာသင်ကျောင်းတွေမှာ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့တွင်း မြို့ပေါ် စာသင်ကျောင်းတွေမှာ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ လွိုင်ကော်မြို့တွင်းမှာ နေထိုင်သူအများစုကတော့ ကလေးတွေကို ကျောင်းအပ်ပေးကြတယ်လို့ လွိုင်ကော်ဒေသခံတချို့ ပြောပြချက်အရ သိရပါတယ်။

“ ကျောင်းကို တချို့က ဒီတိုင်းအပ်ကြတယ်။ တချို့လည်း နေ့ကောင်းရက်သားရွေးအပ်ကြတယ်။ မြို့ပေါ်ကျောင်းတိုင်း လက်ခံပါတယ်။ မအပ်တဲ့ မိဘတွေ ရှိပေမယ့် ရာခိုင်နှုန်း နည်းသွားပြီ၊ ကျောင်းမတက်တဲ့ ကလေးတွေလည်းရှားတယ်။ “ လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

KG ကနေ Grade -12 အထိ ကျောင်းအပ်လက်ခံနေတာဖြစ်ပြီး မေလ (၂၃)ကနေ (၃၁)ရက်အထိ (၉)ရက်တာ ကျောင်းအပ်လက်ခံသွားမယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကနေပြီးတော့ အောင်စာရင်းတွေကို ဧပြီလ (၂၇)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာရှိပါတယ်။

လာမယ့် ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းသင်ကြားမှု မရှိတော့ပဲ စနစ်သစ်ပဲ သင်ကြားတော့မှာဖြစ်ပါတယ်။ ၂၀၂၂-၂၃ပညာသစ်နှစ်မှာ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းအောင်မြင်သူတွေ ဟာ တက္ကသိုလ်တက်ခွင့်ရမှာဖြစ်ပေမယ့် မဖြေဆိုသူတွေနဲ့ ကျရှုံးသူတွေက ကျောင်းတက်ရောက်ခွင့်မရှိတော့ပဲ ပြင်ပမှာလေ့လာပြီး စနစ်သစ်ကို ဖြေဆိုနိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားတာရှိပါတယ်။

spot_img
spot_img

Recent posts