spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ် ဝန်ကြီးအိမ်ယာထောင့်မှာ အမျိုးသားတစ်ဦးပစ်သတ်ခံရပြီး သေဆုံးသွား

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့နယ် နောင်ယား(က) ရပ်ကွက် ဝန်ကြီးအိမ်ယာထောင့်မှာ ယမန်နေ့ ဧပြီလ ၇ရက်နေ့ ညနေ၄နာရီဝန်းကျင်အချိန် အမျိုးသားတစ်ဦးက ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ ဟုတ်တယ်ဗျ။ မော်တော်ပီကယ် ကင်းတဲမှာပေါ့နော ကောင်လေးနှစ်ယောက်ကို စစ်သား ၂ ယောက် ရိုက်စစ်မေးပြီး ကန်နေတာတွေ့တယ်ကြားတယ်ဗျ။ ၂ ယောက်ထဲကတစ်ယောက်က မခံနိုင်လို့သေနတ်လုတာပေါ့နော်။ အဲ့တာနဲ့ အဲ့နေရာမှာပဲပစ်တယ်ကြားတယ်ဗျ။ မိနစ်အနည်းငယ်ကြာ တော့ Ambulance ရောက်လာပြီး လာတင်သွားတယ်ဗျ။ သွေးအိုင်တွေလည်း တွေ့တယ်တဲ့ဗျ။ သေနတ်သံတွေလည်းကြားတယ်တဲ့ဗျ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူမှာ မည်သူဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျမသိရသလို ကျန်တစ်ဦးကိုရဲ့ အခြေအနေကိုလည်း မသိရဘူးလို့ ၎င်းကဆက်ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ နေ့စဉ်စစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက‌ ပြောပါတယ်။

“ အဓိကတော့ PDF တွေကို ကူလား။ မကူလား NUG Profile နဲ့တင်ထားလား။ ဆိုတာ စစ်တယ်ပေါ့နော။ မသင်္ကာတာ တစ်ခုတွေ့ရင် တစ်နာရီလောက် အရစ်ခံရပြီး။ ရှင်းရတယ်။ “ လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်ရဲ့ တချို့နေရာတွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့နောက်ပိုင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆေးမေးမြန်းမှုတွေ ဖမ်းဆီးမှုတွေကို လွိုင်ကော်မြို့မှာ နေထိုင်သူတွေက ကြုံတွေ့နေရပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၂၉၁ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မတ်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img