spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်မှာ အိမ်မွေးဝက်များသေဆုံးနေ

Author

Date

Category

ဒွေးအယ်ခူ

လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်မှာ တစ်နိုင်တစ်ပိုင်မွေးမြူထားတဲ့ အိမ်မွေးဝက်တွေသေဆုံးနေတာကြောင့် သက်ဆိုင်ရာကိုအကြောင်းကြားထားတယ်လို့ နမ့်ဘော်ဝမ်(က)အုပ်ချုပ်ရေးမှူး ဦးကျော်လတ်ကပြောပါတယ်။

“တိမွေးကုကတော့ ကျတော်အကြောင်းကြားပြီးပြီ ကြားပြီပြီဆိုတာ အဲဒီမနက်ကပဲအကြောင်းကြားလိုက်တာ သူတို့ကလည်း လာတော့မလာဘူးပေါ့နော။ သေသွားပြီဆိုတော့လည်း သူတို့တော့ ဘားမှတော့လုပ်လို့မရဘူးပေါ့လေ။ ကျန်တဲ့ဟာတော့ ဆက်ပြီးတော့ စနစ်တကျတော့ မြေမြုပ်ပေးပါ အဲလိုတော့ အကြောင်းကြားလာတယ်။” လို့ ဦးကျော်လတ်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ရက်နေ့ကတည်းက ရပ်ကွက်အတွင်း မွေးမြူသူအချို့ရဲ့ဝက်တွေက အစားမစားခြင်း၊ အနီစက်ကွက်တွေထွက်လာတယ်လို့ တချို့က ဆိုပါတယ်။

“ဒီလထဲမှာ ၅ရက် ၆ရက်လောက်တော့ရှိမှာ အဲ့ကစသေတာပဲ သေတာတော့ ၁၁ကောင်ရှိပြီ အကောင်ကြီးတွေ ၄၀(ပိဿာချိန်) ဝန်းကျင်ကပ်လျက်။ အစာပြတ်ပြီးသေတာပဲ ဒီအတိုင်းပဲ အန်တယ် ဘားမှတော့မဖြစ်ဘူး။ ဆေးကိုတော့ စစ်တပ်က ဆရာခေါ်ထိုးတယ်လေ။ အစားပျက်တော့ ဝမ်းချုပ်တယ်ဆိုပြီးတော့ ခေါ်ထိုးတယ် ဒီအတိုင်းပဲ တစ်ရက်နှစ်ရက်တော့ လိမ်ဖယ်လိမ်ဖယ်နဲ့သူ့သူသေသွားတယ်” လို့ ဝက်မွေးသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းက ဒီးမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာမှာ ဝက်ကောင်ရေအများအပြားဟာ နားမကျန်းဖြစ်ပြီး သေဆုံးခဲ့သလို လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအုပ်စု ပီကင်းကောခူကျေးရွာမှာလည်း ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ဝက်တွေဟာ အစာမစားခြင်း၊ အော့အန်ခြင်း စတဲ့ လက္ခဏာတွေနဲ့ အများအပြားသေဆုံးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရောဂါအတည်ပြုနိုင်ဖို့အတွက် သေဆုံးသွားတဲ့ဝက်ရဲ့သွေးနမူနာကို စစ်ဆေးခဲ့ရာမှ အာဖရိကဝက်အပြင်းဖျားရောဂါကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တောဝက်နဲ့ အိမ်မွေးဝက်တွေ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စတဲ့သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားဖို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားမှု သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts