လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ဆန္ဒပြပြည်သူ ၂ဦး ကျည်အစစ်ထိမှန်

0
463

ကန္တာရဝတီတိုင်း(မ်)

ဒီနေ့ မတ်လ ၁၉ ရက်နေ့ မနက် ၁၁နာရီ ၁၅ မိနစ်လောက်မှာ မှာ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်က ဆန္ဒထုတ်သူပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လာရောက်ဖြိုခွဲခဲ့ပြီး ကျည်အစစ်ထိမှန်သူ ၂ ဦးနဲ့ ဖမ်းဆီးခံရသူ တစ်ဦး ရှိတယ်လို့ အဲဒီမှာ ရှိတဲ့ ဆန္ဒထုတ်ဖော်သူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျည်အစစ်က ၁၅ ချက်လောက်ရှိမယ်၊ ပစ်တာက။ လူတယောက်ကိုတော့ ဖမ်းသွားတယ်။ တစ်ယောက်ကတော့ ပေါင်ထိသွားတယ်။…၂ယောက်တော့ထိတယ်လို့ ပြောတယ်ဒါပေမဲ့။ မျက်စိရှေ့ တွေ့တာတော့ ၁ယောက်ပဲ။” လို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။

သေနတ်ကျည်အစစ်ထိမှန်သူ တစ်ဦးကိုတော့ ကြက်ခြေနီကားနဲ့ သယ်ထုတ်သွားကြတယ်လို့ဆိုပါတယ်။
မိုင်းလုံးရပ်ကွက်က ဆန္ဒပြတဲ့နေရာကို မနက် ၁၁ နာရီလောက်မှာ စစ်တပ်နဲ့ ရဲတွေက လာရောက်ဖြိုခွင်းတာ၊ စက်ယန္တာယားတွေနဲ့ လမ်းရှင်းတာတွေလုပ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

ချိကယ်နဲ့ တခြား သပိတ်တွေမှာလည်း ရာဘာကျည်တွေနဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူတွေ ရှိနေတယ်လို့ သိရပါတယ်။