spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှ မိတ္ထီလာကို တရားမဝင်သစ်များ သယ်ယူပို့ဆောင်နေတဲ့ ကားတစ်စီး ဖမ်းမိ၊ ယာဉ်မောင်းကို ပြန်လွှတ်ပေးခဲ့

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့ကနေ မိတ္ထီလာကို တရားမဝင်သစ်တွေကို သယ်ယူပို့ဆောင်နေတဲ့ ကားတစ်စီးကို ယမန်နေ့ ( ဇွန်လ ၂၅ ရက်နေ့ ) မှာ စစ်ဆေးဖမ်းဆီးမိခဲ့ပြီး ယာဉ်မောင်းကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ KNDF B-03 က ထုတ်ပြန်ထားပါတယ်။

လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်မြေအတွင်း မောင်းနှင်လာတဲ့ကားတစ်စီးကို စစ်ဆေးရာမှာ တရားမဝင်သယ်ဆောင်လာတဲ့ သစ်နဲ့အတူ ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီမိးခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းကို တစ်ညတာ ထိန်းသိမ်းခဲ့ပြီး ခံဝန်နဲ့ ဒီကနေ့ ဇွန်လ၂၆ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ KNDF B-03ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ယာဉ်မောင်းဟာ လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ ခံဝန်ကတိစာချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNDF B-03 အခုလိုဖြစ်ရပ်မျိုး နောက်ထပ်တွေ့ရှိပါက အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img