လွိုင်လင်လေးအရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်း ကုန်းဆွတ်ကျေးရွာအနီးတွင် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ ကျနော်တို့ ကိုဗစ်ဂိတ်စောင့်နေတာ။ မနက်အစောကြီး ၆ နာရီလောက်မှာ ဂိတ်သွားစောင့်ကြတယ်။ တအောင့်လောက်နေတော့ သေနတ်သံတွေ ကြားတယ်။ ပထမတော့ တစ်ချက်၊ နှစ်ချက်ပဲ နောက်ပြီး ဆက်တိုက် ပစ်ကြတော့တာပဲ။ ကျနော်တို့ဖက်နဲ့ သိပ်မဝေးပါဘူး။ အကုန်ကြားရတယ်လေ။ နာရီဝက်လောက်ကြာတယ်။” လို့ လွိုင်လင်လေးမြို့အရှေ့ခြမ်းမှ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ လွိုင်လင်လေးမြို့အရှေ့ခြမ်းက ဒေသခံပြည်သူများမှာ ယခင်ဩဂုတ်လ အစပိုင်းမှာ … Continue reading လွိုင်လင်လေးအရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွား