spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လွှတ်ငြိမ်းချမ်းသာခွင့်တွင် လွိုင်ကော်ထောင်မှ စုစုပေါင်း ၁၇ရ ဦးလွှတ်မြောက်ခဲ့

Author

Date

Category

နော်ဒွေးအယ်ခူ

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် လွိုင်ကော်မြို့ရှိအကျဉ်းထောင်မှ လွှတ်မြောက်လာသည့် အကျဉ်းသား စုစုပေါင်း ၁၇ရဦး ရှိကြောင်း လွိုင်ကော်အကျဉ်းဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဧပြီလ ၁ရရက်နေ့ ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် အမျိုးသား၈၃ဦးနှင့် အမျိုးသမီး ၁ဝဦးလွှတ်မြောက်ခဲ့သည်။ ဒုတိယအကြိမ် လွှတ်ငြိမ်းခွင့်အမိန့် ဧပြီလ ၂၆ရက်နေ့တွင်မူ အမျိုးသား ၆ရဦး နှင့် အမျိုးသမီး ၁ရ ဦး တို့ လွှတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အမှုတော့ အစုံပဲ။ မူးယစ်ဆေးဝါးအမှုပါတယ်၊ တပ်မတော်အက်ပါတယ်၊ ရဲစည်းကမ်းအက် ပါတယ်” ဟုအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံအကျဉ်းသား၊ အကျဉ်းသူများ ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ဧပြီလ ၂၆ရက်နေ့ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် မြန်မာပြည်တစ်ဝှမ်းရှိ အကျဉ်းသားအကျဉ်းသူ စုစုပေါင်းတစ်သောင်းကျော် လွတ်မြောက်လာကြောင်းသိရသည်။

ကျန်သည့်အကျဉ်းသား၊ သူများထဲမှ လွတ်သင့်လွတ်ထိုက်သူများကိုလည်း စနစ်တကျ စိစစ်လျက်ရှိပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အမိန့်စာတွင် ဖော်ပြထားသည်။

spot_img
spot_img

Recent posts