spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဝန်ကြီးဟောင်းဦးစိုးသိန်းအား အနိုင်ရရေးပြင်ဆင်ထားဟု NLD ကိုယ်စားလှယ်လောင်းပြော

Author

Date

Category

ခွန်းတူးတူးလေး၊ အန်ထောနီ

ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ ဝန်ကြီးဟောင်း ဦးစိုးသိန်းကို အနိုင်ရဖို့ ပြင်ဆင်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းလည်းဖြစ် သတင်းထောက်ဟောင်းလည်းဖြစ်တဲ့ စိုင်းလင်းလင်းဦးက ပြောပါတယ်။

၎င်းတို့နှစ်ဦးက ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

စိုင်းလင်းလင်းဦး

“နိုင်အောင်တော့ပြိုင်မှာပဲ။ ကျနော့်အနေနဲ့ သူ့ကို ပုံရိပ်ကြီးတဲ့ ပြိုင်ဖက်လို့သတ်မှတ်ထားတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ကျနော်တို့က အနိုင်ရလဒ်အတွက် ပြိုင်နေကြတဲ့သူတွေပဲလေ။ ဒါကြောင့် ကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှုတွေကိုလည်း တော်တော်များများပြင်ဆင်ထားပြီးပါပြီ” လို့ စိုင်းလင်းလင်းဦးကပြော ပါတယ်။

NLD ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦးဟာ နည်းပညာနှင့် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်တဲ့ မော် (မြန်မာ) ကုမ္ပဏီရဲ့ ဥက္ကဌတစ်ဦးဖြစ်ပြီး ကယားပြည်နယ်အခြေစိုက် ကန္တာရဝတ%Eတိ80င်း (မ်) သတင်းဂျာနယ်၏ သတင်းထောက်ဟောင်းလည်းဖြစ်ပါတယ်။

ဦးစိုးသိန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရခဲ့သူဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်စလုံးမှာ အနိုင်ရရှိထားသူဖြစ်ကြောင်းနှင့် ယခု တတိအကြိမ်ပြုလုပ်မည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကယားပြည်နယ်၊ ဘောလခဲမြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်မှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်လို့ ဦးစိုးသိန်းက ပြည်သူများတောင်းဆိုမှုအရ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ဦးစိုးသိန်း

“ကျနော်က လုပ်ပေးခဲ့တာတွေရှိလို့ ပြည်သူတွေကဆက်လုပ်ပေးပါ ဝင်ပေးပါဆိုတာကြောင့် ကျနော်က အရင်ကအတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့် အခုလိုဝင်ပြိုင်ဖြစ်တာပါ။ လွှတ်တော်မှာ ကယားပြည်နယ်အတွက် ကျနော်အများကြီးပြောနိုင်တယ်” လို့ ဦးစိုးသိန်းကပြောပါတယ်။
ဦးစိုးသိန်းဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်မှာလည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

“ဦးစိုးသိန်းက ကျနော်လက်ရှိပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ အခက်အခဲဆုံးပြိုင်ဖက် ဖြစ်လာနိုင်တယ်ပေါ့။ သူကအရင်ကလည်း ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့တယ်။ နောက်ပြီးတော့ သူက အတွေ့အကြုံလည်းများတယ်။ ပြီးတော့သူ့ရဲ့ background နောက်ခံအင်အားလည်း တောင့်တင်းခိုင်မာတယ်ဆိုတော့ ကျနော့်အနေနဲ့သူ့နဲ့ ယှဉ်ပြိုင်ရမှာ ခက်တော့ခက်တယ်” လို့ စိုင်းလင်းလင်းဦးက ဆက်လက်ပြောပါတယ်။

ရွေးကောက်ပွဲကတိနှင့်ပတ်သက်၍ စိုင်းလင်းလင်းဦးက “အကယ်၍ ကျနော်နိုင်ခဲ့ရင် ကျနော်လုပ်ပေးမယ့် အဓိကအချက် သုံးချက်ရှိတယ်ပေါ့။ ပထမတစ်ချက်ကတော့ ကျနော်တို့ ကယားပြည်နယ် ဘောလခဲမြို့မှာဆိုရင် စီးပွားရေးလုပ်ငန်းမှာ တောင်သူတွေအများဆုံးပဲ။ သူတို့ရဲ့ ထွက်ကုန်သီးနှံတွေက ဈေးကွက်ခိုင်မာမှုရှိအောင်လုပ်ရမယ်ဆိုတော့ အဲ့ဒီကိစ္စကို ကျွန်တော့် နိုင်ငံတော်ရဲ့ အခြေခံမူတွေအထိ သတ်မှတ်ပေးနိုင်အောင်ပေါ့နော်။ အဓိက ကတော့ နှမ်းနှင့် ပြောင်းပေါ့နော် ဒီကိစ္စတွေကို ကြိုးစားသွားမယ်။ ဒုတိယတစ်ချက်ကတော့ လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းပေါ့ အဲ့ကိစ္စကိုလည်း ဆောင်ရွက်ပြီးတော့ လုပ်သွားဖို့ရှိတယ်။ အဲ့ကိစ္စ အားထည့်ပြီးလုပ်ရမယ်။ နောက်တစ်ချက်ကတော့ တောင်သူတွေမြေယာပိုင်ဆိုင်မှု သူတို့လက်ဝယ်ပိုင်ဆိုင်ဖို့အတွက် တရားဝင်ဖြစ်အောင်ပေါ့။ ပြီးတော့ လယ်ယာမြေမှာတောင်သူအတွက် အကာအကွယ်ဖြစ်တဲ့ ဥပဒေတွေပေါ့။ ဒီဟာလည်းလုပ်ဆောင်ဖို့ ရည်မှန်းထားတယ်” လို့ ပြောပါတယ်။

လာမည့်ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် အနိုင်ရရှိမည်ဆိုပါက ပြည်သူပြည်သားတွေကို စီမံအုပ်ချုပ်နိုင်တဲ့ ပြည်နယ်အစိုးရဖြစ်ပေါ်ဖို့ ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာဖို့၊ လူမှုစီးပွားမြှင့်တင်ပေးဖို့၊ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဒို့တာဝန်အရေးသုံးပါး ကာကွယ်ထိန်းသိမ်းဖို့နှင့် ပဋိပက္ခဖြစ်နေတဲ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကိစ္စကို ဖြေရှင်းပေးမည်လို့ ဦးစိုးသိန်းက ပြောပါတယ်။

“ဒါတွေက ပြည်သူတွေကိုပေးတဲ့ ကျနော့် ကတိခြောက်ခုပဲ” လို့ ဦးစိုးသိန်းက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို နှိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည်ဖြစ်ပြီး ဘောလခဲမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းတွေက အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစောဝင်းလှိုင်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးစိုးသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလင်းလင်းဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးစိန်ဝင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဒေါ်သန်းနွဲ့၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ ဦးသန်းအောင်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးအောင်သူထွန်းနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးမြင့်တို့ဖြစ်ပါတယ်။

ဘောလခဲမြို့နယ်မှာ လူဦးရေ ရှစ်ထောင်ကျော်ရှိပြီး မဲပေးခွင့်ရှိသူ လေးထောင်နှစ်ရာသာရှိတယ်လို့ ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံကနေသိရပါတယ်။

spot_img
spot_img

Recent posts