spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးနဲ့ပတ်သက်ပြီး ကယားပြည်နယ်တွင် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ စတင်

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ဝူဟန်ကိုရိုနာဗိုင်းရပ် (အဆုတ်ရောင်ရောဂါ) ကူးစက်ပျံပွားနှုန်းနှင့် ပတ်သက်ပြီး ကယားပြည်နယ်တွင်လည်း ကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်ကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။

“ရောဂါရဲ့ သဘောသဘာဝနဲ့ ဘယ်လိုကူးစက်နိုင်သလဲဆိုရင် ပြည်သူလူထုအကြားသိရှိဖို့အတွက် သေသေချာချာပညာပေးပြီးတော့ ဆောင်ရန်ရှောင်ရန်လေးကို သိရှိနိုင်ဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်” ဟု ဒေါက်တာဌေးလွင်ကပြောပါတယ်။

ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကြိုတင်ကာကွယ်ဆောင်ရွက်ရေးနှုင့်ပတ်သက်၍ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးဌာနမှတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ မီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝူတန်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားနေစဉ်

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး(အဆုတ်ရောင်ရောဂါ)ဟာ နိုင်ငံပေါင်း ၁၈နိုင်ငံအထိ ကူးစက်ပျံ့ပွားနေပြီး ဇန်နဝါရီလ ၂၈ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၄၀၀၀ကျော်ရှိနေပြီး သေဆုံးသူ ၁၀၀ကျော် ရှိနေပြီဖြစ်ပါတယ်။

၎င်း ဗိုင်းရပ်စ်က မြွေ၊ လင်းနို့ စတဲ့ တိရိစ္ဆာန်ကနေ ကူးစက်သော်လည်း ဗိုင်းရပ်စ်ပိုးရှိသူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံတဲ့သူတွေကိုလည်း ကူးစက်နိုင် တယ်လို့သိရပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ ကယားပြည်နယ်အတွင်း ဝင်ရောက်လာမည့် ကားဂိတ်၊ လေဆိပ်တွေကနေ ပြည်တွင်းပြည်ပခရီးသည်တွေကို စနစ်တကျ စောင့်ကြည့်စစ်ဆေးမှုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဌာနဆိုင်ရာ စုပေါင်းပြီး ပြည်သူတွေ ဖျားနာမှုရှိ မရှိ၊ နိုင်ငံခြားသားခရီးတွေထံကနေ ကူးစက်ရောဂါ ပါလာမှုရှိမရှိ နေ့စဉ် ထောက်လှမ်း စစ်ဆေးဆောင်ရွက်သွားဖို့ရှိတယ်လို့သိရပါတယ်။

ပြည်နယ်အတွင်း ရောဂါလက္ခဏာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချက်ချင်းဆောင်ရွက်နိုင်ဖို့အတွက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကနေ သီးသန့်အဆောင်ထားရှိပြီး ကုသဖို့ပြင်ဆင်ထားကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံမှ သမားတော်ကြီး ဦးအောင်မင်းက ရှင်းလင်းပြောဆိုသွားပါတယ်။

“ရောဂါလက္ခာဏာကို ကြိုသိထားတဲ့အတွက် ဖျားတယ် ချောင်းဆိုးတယ် နှာချေတယ် ရင်ကြပ်လာရင်ပေါ့ ပြည်ပလူနာဌာနမှာ ရောက်ရောက်ချင်း လူနာကအဲလိုပြောလာရင် Mask ကို အဲ့လူနာကိုတပ်ခိုင်းဖို့၊ လူနာနဲ့ မေးတဲ့သူနဲ့ အနည်းဆုံး ၁မီတာအကွာကနေမေးဖို့၊ အဲလိုလက္ခဏာနဲ့လူနာရောက်လာလို့ရှိရင် သာမန်လူနာစမ်းသပ်တဲ့အခန်းကို မထည့်တော့ဘဲနဲ့ သပ်သပ်ပြင်ထားတဲ့အခန်းကို ထည့်မှာပေါ့နော။ ဆရာဝန်ကိုအကြောင်းကြားမယ် လိုအပ်တဲ့အကာအကွယ် ဝတ်စုံ နှာခေါင်းစည်း မျက်မှန်ပေါ့ အကုန်တပ်ပြီးတော့ လူနာကိုမေးပါမယ်။ တကယ်လို့ လူနာက အဲလိုလက္ခဏာရှိရင် သေချာတယ် နိုင်ငံခြားသားဖြစ်ရင်လည်း တရုတ်ပြည် ဝူဟန်ဖက်ကနေ ဆက်စပ်မှုရှိသလားပေါ့။ ဒါမှမဟုတ် အဲလို လက္ခဏာရှိတဲ့သူနဲ့ထိတွေ့တာသေချာခဲ့ရင် သီးသန့်ထားတဲ့အဆောင်ကိုပို့ပါမယ်။ လုပ်ထုံးလုပ်နည်းအတိုင်း ဓတ်ခွဲခန်းကိုအကြောင်းကြားပြီးတော့ လိုအပ်တဲ့ နှာခေါင်းကသလိပ်ယူတာတွေလုပ်ပါမယ်။ ပြီးတော့ သက်ဆိုင်ရာကိုအကြောင်းကြားပြီးတော့ ကုသမှုလုပ်ဖို့စီစဉ်ရမှာဖြစ်ပါတယ်”လို့ လွိုင်ကော်ပြည်သူ့ဆေးရုံမှ သမားတော်ကြီး ဦးအောင်မင်းက ပြောသွားပါတယ်။

ဗိုင်းရပ်စ်ရောဂါလက္ခာဏာတွေက ကိုယ်ပူခြင်း၊ ချေင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှုခက်ခဲခြင်း စသည်တို့ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ဖို့ ရေနှင့်ဆပ်ပြာသုံးပြီး လက်ဆေးခြင်း၊ ရောဂါလက္ခဏာတစ်ခုခုဖြစ်ပါက ချက်ချင်းဆေးကုသမှုခံယူခြင်း၊ နှာချေ ချောင်းဆိုးလျှင် ပါးစပ်နှင့်နှာခေါင်းကိုဖုံးအုပ်ခြင်း၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်း၊ မချက်ပြုတ်ရသေးသောအသားငါးတွေ စားသုံးခြင်းမှရှောင်ကြည်ခြင်း၊ လူထူထပ်သောနေရာများအား သွားလာခြင်းမှ ရှောင်ကြည်ခြင်းတို့ဖြစ်ပါတယ်။

spot_img
spot_img

Recent posts