spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ဝေးကွာနေရတဲ့ သားသမီးတွေကို စိတ်မချဖြစ်နေတဲ့ ဒေါ်စူးမြာ

ကန္တာရဝတီတိုင်း(မ်)

နံနက်ခင်းတစ်ခု မှာ မိုးကာအမိုး၊ ဝါးခြမ်းပြားနဲ့ ဆောက်ထားတဲ့ တဲအိမ်တစ်လုံးထဲ သားအမိနှစ်ယောက် ထမင်းပူပူရယ် ကုလားပဲဟင်းနဲ့ နံနက်စာကို စားနေကြပါတယ်။ အဲ့ဒီနေရာကတော့ KNPPထိန်းချုပ်ရာနယ်မြေက စစ်ရှောင်စခန်းတစ်နေရာ ဖြစ်ပါတယ်။

တဲအိမ်ထဲမှာတော့ အသက် ၄၅နှစ်အရွယ် ဒေါ်စူးမြာနဲ့ နှစ်နှစ်ခွဲအရွယ် အငယ်ဆုံးသားလေး တို့ နှစ်ယောက်တည်း နေနေတာ ဖြစ်ပါတယ်။ သူမမှာ သား ၃ယောက်၊ သမီး ၂ယောက် ရှိပြီးတော့ နှစ်နှစ်ခွဲအရွယ် အငယ်ဆုံးသားလေးကသာ သူနဲ့အတူ စစ်ရှောင်စခန်းမှာ ရှိနေတာ ဖြစ်ပါတယ်။ ကျန်တဲ့ သူတွေကတော့ တစ်ယောက် တစ်နေရာစီရှိနေခဲ့တဲ့အတွက် အတူတူ စစ်မရှောင်နိုင် ခဲ့ကြတာ အခုထက်ထိပဲ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ လက်နက်ကိုင်တို့ တိုက်ပွဲစဖြစ်တဲ့ မေလ၂၁ရက်နေ့ကစပြီး ဒေါ်စူးမြာဟာ အငယ်ဆုံးသားလေးရဲ့လက်ကိုဆွဲပြီး စစ်ဘေးရှောင်ခဲ့ပါတယ်။

” ဆိုင်ကယ်လည်းမမောင်းတတ်ဘူး။ ဖုန်းတစ်လုံးကိုင်ထားပြီးတော့ လမ်းမကြီးရဲ့ ဘယ်ဘက်ပြေးလိုက် ညာဘက်ပြေးလိုက်နဲ့ နောက်မှ ကားတစ်စီးလာပြီး ကားကို ခေါ်ရပ်ပြီး ပြေးသွားခဲ့တာ။ လမ်းမကြီးမှာ လူတစ်ယောက်သေသွားတာကို တွေ့ခဲ့ပေမယ့်။ လက်နက်ကြီးတော့ သတိထားမကြည့်မိခဲ့ဘူး။ “

ဒေါ်စူးမြာက စစ်ရှောင်စခန်းတစ်ခုမှာ ရောက်ရှိတာ ၄လရှိသွားပြီဖြစ်ပြီး အဲ့ဒီအချိန်အတောအတွင်း ကျန်ခဲ့တဲ့ သားသမီးတွေနဲ့ ဖုန်းအဆက်အသွယ်ရရှိခဲ့ပေမယ့် လူချင်းတွေ့ရဖို့ နေ့တိုင်း မျှော်လင့်နေတာပါ။

” ကျမကလေး အကုန်ကြီးလာပြီး။ ကလေးတစ်ယောက်တစ်ယောက်မွေးတာ ဘယ်လောက်ခက်လဲဆိုတာ။ သူတို့ ကို မမြင်ရတော့ ကျမ ဘယ်လိုမှ မပျော်နိုင်ဘူး။ ကျမတစ်ယောက်ထဲ ဒီမှာနေရတော့ ကျမကလေးနဲ့ အတူနေရရင် ဒီမှာနေရတာ တအားပျော်မှာ ကျမကလေးတွေ ကျန်ခဲ့တော့ ကျမတအား စိုးရိမ်တယ်။ “

လက်ရှိမှာတော့ စစ်ဘေးရှောင်နေရတဲ့ ဒေါ်စူးမြာရဲ့ တစ်ခုတည်းသော အိပ်မက်က မိသားစုနဲ့အတူသွား၊ အတူနေထိုင်၊ သေဆုံးမယ်ဆိုရင်တောင် အတူတူရှိနေချင်တာပါ။

ကရင်နီပြည်နယ်မှာဆိုရင် ဒေါ်စူးမြာလို အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့သူ တစ်သိန်းခွဲဝန်းကျင်ရှိနေပါတယ်။ အဲ့ဒီလူဦးရေက ကရင်နီပြည်နယ် ရဲ့ လူဦးရေ ထက်ဝက်နီးပါးရှိနေတာ ဖြစ်ပါတယ်။

KNPPထိန်းချုပ်ရာနယ်မြေတစ်ခုထဲက စစ်ရှောင်စခန်းမှာလည်း ကိုဗစ်ကန့်သတ်ချက်တွေကြောင့် နောက်ထပ်စစ်ရှောင်တွေကို လက်ခံဖို့ အခက်အခဲတွေရှိနေပါတယ်။

ဒေါ်စူးမြာရဲ့ ခင်ပွန်းကတော့ တစ်နေရာစီဖြစ်နေတဲ့ သားသမီးတွေကို ပြန်ကြည့်ဖို့ ၊ ပြန်ခေါ်ဖို့ သားသမီးတွေဆီ ပြန်သွားနေတာဖြစ်ပြီး သူမနဲ့ သားလေး နှစ်ယောက်တည်း နေထိုင်နေကြရပါတယ်။

ဒေါ်စူးမြာကတော့ ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ သားသမီးတွေ စစ်ရှောင်စခန်းကို ရောက်လာနိုင်မယ့်နေ့ရက်ကို စောင့်မျှော်နေတာ ဖြစ်ပါတယ်။

” ဒီဘက်ကို ခေါ်လာမယ်ဆိုရင်လည်း သူတို့ မခေါ်လာတော့ဘူး။ ပြန်သွားမယ်ဆိုရင်လည်း သေနတ်တွေ လက်နက်ကြီးတွေ နေရာကြောက်တယ်။ ဒီဘက်အထိရောက်လာနိုင်ပြီ လို့တွေးနေတယ်။ ရောဂါပြီးသွားလို့ရှိရင် သူများတွေ ပြန်လက်ခံပြီး သူတို့ ရောက်လာနိုင်မယ်တွေးပြီး စိတ်ကို ဖြေသိမ့်နေရတယ်။ သူများတွေ ရက်တိုင်းတိုက်ပွဲဖြစ်နေတော့ သူတို့ပါပါသေသွားရင် ကျမကလေး အကုန်သေသွားပြီလို့ သူများလာပြောရင် ကျမ တအားဝမ်းနည်းရမှာ။ “

spot_img
spot_img