spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီသို့ ကယားမှ တိုင်စာတစ်ခုသာရှိ

Author

Date

Category

မီမြာ ၊ ဦးမြာ

ကယားပြည်နယ်တွင် သတ္တုသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး မော်ချီးမြေပြိုသည့်တိုင်စာတစ်ခုသာ တိုင်လာခဲ့ဖူးကြောင်း အမျိုးသားလွှတ်တော် ၊ သတ္တုသယံဇာတနှင့် သဘာဝပတ််ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူက ပြောပါသည်။

“တခါတော့သူတို့တိုင်လာဖူးတယ်။ တိုင်လာတဲ့အခါကျတော့ ကော်မတီအနေနဲ့ စည်းအဝေးတွေ ဘာတွေ ဆုံးဖြတ်ချက်နဲ့ ကွင်းဆင်းမလို့ ဒါပေမဲ့ လွှတ်တော်ဥက္ကဌက ဝန်ကြီးဌာနက သူတို့တိုင်စာက ဝန်ကြီးဌာနကိုအရင်ရောက်တယ်။ ကျွန်မတို့ကော်မတီကို နောက်မှရောက်တဲ့အခါကျတော့ လွှတ်တော်ဥက္ကဌက ဝန်ကြီးဌာနကို လွှတ်တဲ့အခါကျတော့ ကျွန်မတို့မသွားတော့ဘူး။ အဲ့ဒါနဲ့ ကွင်းမဆင်းဖြစ်ဘူး ပေါ့နော။ သူတို့မြေပြိုတဲ့ကိစ္စတွေ နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော။ သယံဇာတနဲ့သဘာဝတိုင်စာဆိုလို့ အဲ့တခုဘဲ ရှိခဲ့ဖူးတယ်။” ဟု ဒေါ်ရှားမူက ပြောပါသည်။

လူထုများက တိုင်စာများပေးပို့ပြီး ကွင်းဆင်းဆောင်ရွက်လိုပါက အမျိုးသားလွှတ်တော်ဥက္ကဌမှ ခွင့်ပြုပါက ကွင်းဆင်းစစ်ဆေးပေးနိုင်ကြောင်း ဒေါ်ရှားမူမှ ဆက်လက်ပြောပြသွားပါသည်။

မြေပြိုထားသည့်အတွက် KV1 တွင် ရေပိတ်သွားသည့်အတွက်ရေပြန်လည်ရရှိနိုင်ရန်နှင့် အမှတ် ၄ လုပ်ကွက်ကို ပိတ်ပင်ပေးရန် အစီအစဉ်များ၊ ပျက်စီးဆုံးရှုံးနေသည့် သဘာဝပတ်ဝန်ကျင်ကိုလည်း ပြန်လည်ထိန်းသိမ်းပေးနိုင်ရန် အစီအစဉ်များကိို သက်ဆိုင်ရာများကို ကွင်းဆင်းပြီး ဆောင်ရွက်ပေးစေခြင်သည်ဟု ပပွာကလူ(ကရင်) လူမှူဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့မှ ဆရာမ ဒေါ်မားဂရက်စိန်က ပြောပါသည်။

“ဖားဆောင်းခဲမဖြူအထွက်ကနေ ကောတူဒိုးရွာက အထိ ချောင်းခဲတွေ လာစစ်ဆေးပေးပါ။ ဒီအပေါ်မှာ တောင်တွေပြိုပြီး အဆင်မပြေတော့ဘူး။ ချောင်းကနေ မြောင်းတွေ ဖြစ်ကုန်ပြီ။ ဒါတွေက တရားဝင်မဟုတ်တဲ့ အဖွဲ့တွေက လုပ်နေတယ်။ ချောင်းဖျက်စီးသွားလို့ အရေးယူဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်တယ်။” ဟု ဒေါ်မားဂရက်စိန်က ပြောပါသည်။

ကုမ္မဏီများ၊ လုပ်ငန်းရှင်များက ချောင်းခဲကို ဆက်လက်လုပ်ဆောင်ပါက မောချီးနှင့် လွိုင်ကော်ကားလမ်းမသည် ရေရှည်အန္တရာယ်များကြောင်း၊ ဆက်လက်လုပ်ဆောင်နေတာတွေ့ရကြောင်း ၊ ပြည်သူများကို ပွင့်လင်းစွာ ချပြသင့်ကြောင်း၊ မည်ကဲ့သို့ အရေးယူဆောင်ရွက်နေသည်ကို ပြည်သူများ ပြန်လည်ချပြသင့်ကြောင်း၊ မိုလိုချောင်း တစ်လျှောက်တွင် ချောင်းခဲများဆောင်ရွက်နေခြင်းသည် ဒေသခံများအားလုံးအတွက် အန္တရာယ်ရှိကြောင်းကို ဆရာမ ဒေါ်မားဂရက်စိန်က ထောက်ပြပြောဆိုသွားပါသည်။

နှစ်ပေါင်း တစ်ရာကျော်ရှိနေပြီဖြစ်သည့် မော်ချီးခဲမဖြူသတ္တုတွင်းသည် သဘာဝဘေးအန္တရာယ်နှင့် သတ္တုတူးဖော်မှုများကြောင့် မိုးရာသီကာလအတွင်းတွင် မြေပြိုမှုများဖြစ်ပေါ်လျက်ရှိသည်။

ယခုကဲ့သို့ မြေပြိုရခြင်းမှာ စက်ယန္တရားအသုံးပြုမှုများလာသောကြောင့်ဖြစ်သည်ဟု ဒေါ်ရှားမူက သူ၏ထင်မြင်ချက်ကိုယခုလိုပြောပြသွားပါသည်။

“သူတို့တူးဖော်ထုတ်လုပ်ထားတာတွေလည်း စက်ယန္တာရားတွေနဲ့ လုပ်ရင်ပြိုပျက်မှာဘဲ။ ဥပမာလက်ယှက်ဘဲလုပ်စားမယ် လက်လုပ်လက်စားတွေနဲ့ပဲ လုပ်မယ်ဆိုရင် တော့ဒီလိုမျိုးပျက်စီးမှာ မဟုတ်ဘူး။ စက်ယန္တာရားတွေနဲ့ သုံးတဲ့အခါကျတော့ မြေရဲ့တုန်ခါမှုက မခံနိုင်တော့ဘူးပေါ့နော။ အဲ့လိုဘဲမြင်ပါတယ်။″ဟု ဒေါ်ရှားမူက ဆက်ပြောပါသည်။

မော်ချီးဒေသယူကော်ခိုကျေးရွာတွင် အရေးပေါ် ဖြစ်ပေါ်နေသော အက်ကြောင်းများဖြစ်နေခြင်းနှင့် မော်ချီးဒေသသတ္တုတူးဖော်မှုလုပ်ငန်း သက်တမ်းတိုးသည့် အပေါ်ဒေသခံပြည်သူများနှင့် (EIA),(SIA),(CSR) တို့ကို ပွင့်လင်းမြင်သာစွာချပြရန် ပြီးခဲ့သည့် ဧပြီလကတည်းကပင် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သို့ပပွာကလူ(ကရင်) လူမှူဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့၊ မော်ချီးသဘာဝဘေးကာကွယ် တားဆီးရေးအတွင်းရေးမှူး ၊ မော်ချီးဒေသ၊ ဖားဆောင်းမြို့နယ်တို့က အစီရင်ခံစာတင်ပြခဲ့သည်ဟု သိရသည်။

spot_img
spot_img

Recent posts