spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

သတ္တုသန့်စင်စက်ရုံတည်ဆောက်မည့်ကိစ္စ ကော်မတီနှင့် ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်မှုအားနည်း

Author

Date

Category

ဒွေးအယ်ခူ

စက်မှုဇုန်အပိုင်း(၂)တွင် သတ္တုသန့်စင်စက်ရုံတည်ဆောက်မည့်ကိစ္စ ကုမ္မဏီကနေပြီး စီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းရခြင်းမှာ ပြည်နယ်အစိုးရ၏ ကြားဝင်ချိတ်ဆက်ဆောင်ရွက်မှု အားနည်းတာဖြစ်သည်ဟု တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့က သုံးသပ် ပြောဆိုထားပါသည်။

တရုတ်ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်သည့် Global South Industrial Co.ltdက စက်မှုဇုန်အပိုင်း(၂) မှာလာရောက်ရင်းနှီးမြှုပ်နှံရာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်တာမရှိသည့်အတွက် ဒီဇင်ဘာ၂၁ရက်နေ့က ကယားပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမမှာ ကြားနာမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကုမ္ပဏီမှ စက်မှုဇုန်အပိုင်း(၂)မြေနေရာတွင် သတ္တုသန့်စင်စက်ရုံတည်ဆောက်မှာဖြစ်ပြီးရင်းနှီးမြှုပ်နှံရန်အတွက် လယ်ယာမြေတစ်ဧကကိုသိန်း(၈၀)နှင့် ၁၁၃ဧကကိုတောင်သူထံမှ ဝယ်ယူခဲ့သည်ဟု သိရသည်။

ယခုလိုဝယ်ယူသည့်အခါ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်တာ မရှိသလိုပွင့်လင်းမြင်သာမှုမရှိဘူးလို့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက ပြောပါသည်။

စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတေဇာဝင်းထွန်း “ဘယ်လိုမှားလဲ ကျနော်တို့ စီမံခန့်ခွဲရေးကော်မတီကနေတဆင့် တောင်သူတွေကို ကျနော်တို့ကလျော်ကြေးပေးရမှာ။ အခုဟာကကုမ္ပဏီကနေတိုက်ရိုက်လျော်ကြေးပေးတာလုပ်ထုံးလုပ်နည်းမှားနေတဲ့အတွက် ကျနော်တို့ကန့်ကွက်တာ”ဟု ပြောသည်။

ပြည်နယ်အစိုးရအနေနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်ရာမှာကုမ္ပဏီကစက်မှုဇုန်အပိုင်း(၂) မြေနေရအား စက်ရုံတည်ဆောက်မည်ဟု ဆိုသည့်အတွက်သဘောတူထားသည့်အဆင့်သာရှိသေးသည်ဟု သိရှိရသည်။ 

ပြည်နယ်အစိုးရနှင့် တွေ့ဆုံသည့်အချိန်တွင် စက်မှုဇုန်အပိုင်း(၂)မြေနေရာအား လုပ်ကိုင်စားသောက်နေကြသည့် တောင်သူများအတွက် အဆင်ပြေမည်ဆိုပါက အစိုးရမှသဘောတူကြောင်း လုပ်ထုံးလုပ်နည်းဥပဒေအတိုင်းဆောင်ရွက်ပေးမည်ဟု ကုမ္ပဏီတာဝန်ရှိသူတွေကပြောဆိုထားကြပါသည်။

Global South Industrial ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဝင်းမော် “မြေအရောင်းအဝယ်လုပ်တာမဟုတ်ဘူး။ မြေအရောင်းအဝယ်လုပ်လို့လည်းမရဘူး။ မြေကအစိုးရပိုင်မြေဖြစ်တယ်။ အစိုုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေဖြစ်တယ်။ ဒါကြောင့်မို့လို့ ခင်ဗျားတို့ကို ကျနော်တို့ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေနိုင်တဲ့ဟာလေးကိုပဲ ကျနော်တု့ိကုမ္ပဏီအနေနဲ့ ထောက်ပံ့ကြေးပေးဖို့ပဲညှိနှိုင်းတာပါလို့ ပြောတဲ့အခါမှာ ၃ကြိမ်လောက်သွားညှိနှိုင်းမှ သိန်း(၈၀)ဆိုတဲ့ သဘောတူညီချက်ကိုရရှိတာဖြစ်တယ်။” ဟု ပြောပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ဝရက်နေ့တွင် ကုမ္ပဏီဖက်မှ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းရာမှာတောင်သူဖက်မှ ကန့်ကွက်တာမရှိဘဲသဘောတူခဲ့သည်ဟုဆိုပါသည်။

စက်မှုဇုန်အပိုင်း(၂)မြေနေရာကိုဆောင်ရွက်နေကြသည့် စီမံခန့်ခွဲရေးကော်မတီနှင့် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီကိုပြည်နယ်အစိုးရမှ ပူးပေါင်းဆောင်ရွက်မှုအားနည်းသည်ဟု တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ကသုံးသပ်ခဲ့ပါသည်။

စက်မှုဇုန်အဖြစ် ပြောင်းလဲခဲ့သည့် စက်မှုရပ်ကွက်ကို ၂၀၀ရခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးအကျယ်အဝန်းစုစုပေါင်း (၈၁၇.၄၆)ဧကရှိသည်ဟု သိရသည်။

spot_img
spot_img

Recent posts