spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

သဘာဝ တိရိစာ္ဆန် ထိန်းသိမ်းရေးနယ်မြေဖြစ်နေသေးသည့်အတွက် ထိုင်းနယ်စပ်လမ်း မဖွင့်နိုင်သေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံဖက်မှ နယ်စပ်လမ်းကသဘာဝတိရိစာ္ဆန် ထိန်းသိမ်းရေးနယ်မြေဖြစ်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးဟု မယ်ဟောင်ဆောင် ဒု-ခရိုင်ဝန်ကပြောပါသည်။

မယ်ဟောင်ဆောင်ခရိုင်ဒု-ခရိုင်ဝန် Mr.PrachuabArjaraphong က “သဘာဝတိရိစာ္ဆန်ထိန်းသိမ်းရေးနယ်မြေဟာဆိုရင် ဘာမှ လုပ်လို့ မရဘူး။ အပင်စိုက်လို့လည်းမရဘူး၊ ဖျက်လို့လည်းမရဘူး။ ခုတ်လို့လည်းမရဘူးလမ်းဆောက်လို့လည်းမရဘူးဆိုတော့ အခုကသူတို့ ဘာလုပ်နေလဲဆိုရင် လမ်းကိုအချောဖြစ်အောင် ပြန်ပြင်နေတယ်။ “ဟု ပြောပါသည်။

မယ်ဟောင်ဆောင်ခရိုင် ဒု- ခရိုင်ဝန်မှ ကယားပြည်နယ်နေ့တွင် ပြုလုပ်သော နှစ်နိုင်ငံ ချစ်ကြည်ရေး ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှူနေစဉ်

ထိုင်းနိုင်ငံမယ်ဟောင်ခရိုင်နှင့် ကယားပြည်နယ် နယ်စပ်လမ်းဖြစ်သည့် BP 13 လမ်းသည် အဓိက ထိုင်းဘက်မှ သွားလာရေးအတွက် အဆင်သင့်မဖြစ်သေးကြောင်းဆိုပါသည်။

ကယားပြည်နယ်နေ့ပွဲတော်အတွင်း ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ လာရောက်ခဲ့စဉ် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ထား သည်မှာ နှစ်နှစ်ကျော်ရှိခဲ့ပြီဖြစ်သည်။

နယ်စပ်လမ်းဖောက်လုပ်ရန်အတွက် သဘာဝတိရိစာ္ဆန်များ၊ သဘာဝသစ်တောများ၊ ထိခိုက်မှုအခြေအနေများကို ပြန်ပြီး စစ်တမ်းပြုလုပ်နေသည်ဟု သိရသည်။

Mr.PrachuabArjaraphongu က “အဲ့ဒီစစ်တမ်းပြီးတော့ သဘာဝပတ်ဝန်းကျင်၊ တိရိစာ္ဆန်တွေကိုထိခိုက်မှူ မရှိဘူးဆိုရင် အဲ့ဒီနယ်မြေကိုသဘာဝတိရိစာ္ဆန် ထိန်းသိမ်းရေးဌာနကနေကျတော်တို့ ရုတ်သိမ်းပြီးတော့မှ သဘာဝသစ်တောအဖြစ်ပဲ ပြန်ထားမယ်။ သဘာဝသစ်တောဆိုရင် ဒီလမ်းကို ပြန်ပြီးတော့ ပြုပြင်တာပြီးရင် အားလုံးအဆင်သင့်ဖြစ်သွားမှာပါ။” ဟု ဆက်ပြောပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် မယ်စဲ့မြို့နယ် နယ်စပ်ကုန်သွယ်ရေးစခန်းကိုဖွင့်လှစ်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်နှင့် ကယားပြည်နယ်လွိုင်ကော်မြို့ကို ၂၀၁ရခုနှစ် မတ်လ ၉ ရက်နေ့တွင် ညီအစ်မမြို့တော်အဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။

နှစ်နိုင်ငံအလည်အပတ်သွားလာနိုင်ရန် ပြည်ထောင်စုအစိုးရသို့လည်း ခွင့်ပြုမိန့်တင်ထားပြီဖြစ်ကြောင်း ကယားပြည်နယ် ဟော်တယ်နှင့် ခရီးသွားညွန်ကြားရေးမှူး ဦးလင်းဇော်ထွဠ် က ပြောပါသည်။

“ဒီလမ်းသာကောင်းသွားလို့ရှိရင် ကျတော်တို့ ခရီးသွားလုပ်ငန်းက နှစ်နိုင်ငံစတင်ပြီးတော့ ခရီးသွားတွေ အပြန်အလှန်လည်ပတ်လို့ ရပြီပေါ့နော။ အပြန်အလှန် လည်ပတ်လို့ရပြီဆိုပေမဲ့ နှစ်နိုင်ငံရဲ့ Border Check point ဆိုတာကျတော်တို့က ပြည်ထောင်စုကိုတင်ထားပါတယ်။ ပြည်ထောင်စုကလည်းမကြာခင် ခွင့်ပြုလိမ့်မယ်လို့ ကျတော်ယုံကြည်ပါတယ်။” ဟု ဦးလင်းဇော်ထွဠ် ကပြောပါသည်။

ပြီးခဲ့သည့် ကယားပြည်နယ်နေ့ပွဲတော်အတွင်းတွင်လည်း ထိုင်းနိုင်ငံမှ ထွက်ကုန်တချို့များကို ထိုင်းကုန်သည်များက လာရောက်ပြသသွားခဲ့သည်။

ကယားပြည်နယ်နေ့ ပြည်နယ်ပွဲတော်အတွင်းတွင် ထိုင်းနိုင်ငံမှ အစိုးရအဖွဲ့များနှင့် ကုန်သည်များ စုစုပေါင်း ၁၁၈ ဦးလာရောက်ခဲ့သည်ဟု သိရသည်။

spot_img
spot_img

Recent posts