spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

သုံးရက်စာ စားနပ်ရိက္ခာကို ပြင်ဆင်ထားကြဖို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ထုတ်ပြန်ကြေငြာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့အတွက် စစ်ရှောင်နေရတဲ့ ပြည်သူလူထုတွေ သုံးရက်စာ စားနပ်ရိက္ခာကို ကြိုတင်ပြင်ဆင်ထားကြဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဒီကနေ့ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ကရင်နီပြည်နယ်အတွင်း နေရာတိုင်းမှာ စစ်ဘေးကြုံတွေ့နိုင်တာကြောင့် အရေးပေါ် ပြေးလွှားချိန် သယ်ယူနိုင်ဖို့ စားနပ်ရိက္ခာတွေကို ပြင်ဆင်ရမယ်လို့ (KSCC) လက်အောက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဓိက တာဝန်ရှိသူဖြစ်တဲ့ ဦးဗညားက ပြောပါတယ်။

“ ထွက်ပြေးတဲ့အချိန်မှာတောင်မှ အများကြီးအိတ်လိုက် မသယ်နိုင်တဲ့တိုင်အောင်မှ အနည်းဆုံး သုံးရက်စာကို စနစ်တကျ ထုတ်ပိုးမယ်ဆိုရင် ခဏကပြောတဲ့ တစ်ခါတည်း ပြေးတာနဲ့ အဲ့ဒီအိတ်ကို ကျနော်တို့ ဥပမာ ကျနော်တို့ လူတစ်ယောက်ကို နှစ်ဘူးဆိုရင် အနည်းဆုံး တစ်ယောက်ကို ခြောက်ဘူးပါရမယ်။ မိသားစုဆယ်ယောက်ရှိတယ်ဆိုရင် အဲ့လိုမျိုး တွက်ပြီးတော့ ထုတ်ထားဖို့ ပြေးတဲ့အချိန်မှာ အဲ့ဒီအိတ်ကို ထုတ်ပြေးရတာ လွယ်တယ်ပေါ့နော။ တခါတလေကျတော့ အဲ့လိုမျိုး ကျနော်တို့ မပြင်ထားဘူးဆိုရင် ထွက်ပြေးဟေ့ဆိုတဲ့နေရာမှာ ကျနော်တို့ စားနပ်ရိက္ခာသယ်တဲ့နေရာမှာ အခက်အခဲဖြစ်သွားတယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

၂၀၂၂ခုနှစ်အတွင်းမှာ အလှူရှင်တွေဟာ နည်းပါးလာပြီး စစ်ဘေးရှောင်ဟာ ပိုမိုများပြားလာတဲ့အတွက် အခုလို ကြိုတင်ပြင်ဆင်ထားဖို့ ပန်ကြားရတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်သူတွေရဲ့ အိမ်တွေမှာ ဆန်၊ရေ၊စပါး အများအပြားသုံးရတဲ့ မွေးမြူရေးလုပ်ငန်းနဲ့ သရေစာထုတ်ကုန်လုပ်ငန်းတွေကို ရပ်ဆိုင်းထားကြဖို့၊ စားနပ်ရိက္ခာတွေကိုလည်း မျှစားကြရန် ပန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စုဘက်ရှိ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထား ပြီးလေကြောင်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အခုလို မထင်မှတ်ပဲ စစ်ဘေးဒုက္ခသည်စခန်းတွေကို စစ်ကောင်စီက တိုက်ခိုက်ချိန် အရေးပေါ် စားနပ်ရိက္ခာတွေ သယ်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် ပြည်သူတွေ လမ်းခုလပ်မှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့နေကြရတာပါ။

ကရင်နီပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် ခုနစ် မေလ ၂၂ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွင်း စစ်ရေးဆိုင်ရာ ထိတွေ့မှုတွေများကြောင့် လူဦးရေ စုစုပေါင်း ၁၇၀၀၀၀ လောက်က ပြည်သူလူထုတွေ စစ်ဘေးရှောင်ဘဝအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးဒုက္ခသည်တွေအများစုက စားနပ်ရိက္ခာအနည်းငယ်နဲ့ ယာယီ ဒုက္ခသည်စခန်းတွေမှာ အကန့်အသန့်ဖြင့် နေထိုင်ကြရတာကြောင့် ရှေ့လျှောက်ပိုမိုကြပ်တည်းလာနိုင်တဲ့အတွက် စားနာရိက္ခာ‌တွေကို စုဆောင်းထားဖို့လိုတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts