spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

သုံးရက်နေ့နောက်ဆုံး CDM ထွက်ဖို့ ဝန်ထမ်းတွေကို ဖိအားပေးခံရ

Author

Date

Category

CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေ အခုလ၃ရက်နေ့နောက်ဆုံးထားပြီး အလုပ်ပြန်ဆင်းဖို့ ဖိအားပေးခံရတယ်လို့ သိရပါတယ်။

” CDM ထွက်ရင် ပုံမှန်အတိုင်းလစာပြန်ပေးမယ်ပေါ့။ မထွက်ရင် ဝရမ်းထုတ်မယ်လို့ ပြောတယ်။ ” လို့ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကျောင်းတွေကို ဇွန်လ ၁ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ သိရပါတယ်။

လက်ရှိCDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေက လစာ မယူတဲ့အတွက် မိသားစုတွေကလည်း စားဝတ်နေရေးတွေမှာ အခက်အခဲကြုံနေရပါတယ်။

CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်း၊ ဆရာဝန်တွေ၊ Social punishment ပြုလုပ်သူတွေကို ပုဒ်မ ၅၀၅ က နဲ့အရေးယူသွားမယ်လို့ လည်းအာဏာသိမ်းစစ်ကောင်စီက MRTV မှာကြေညာထားပါတယ်။

ကယားပြည်နယ် ဆရာများသမ္မဂ္ဂက အာဏာသိမ်းစစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေကိုတက်မှာမဟုတ်ပဲ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ပေးအပ်တဲ့တာဝန်တွေတာထမ်းဆောင်မယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။

spot_img
spot_img

Recent posts