spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အကြမ်းဖက်စစ်ကောင်စီတပ် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူးလွန်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည်တွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာကို ပိတ်ဆို့၊ မီးရှို့ဖျက်ဆီးမှုရှိနေတာကြောင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ( KSCC) ရဲ့ Humanitarian Focal က ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးရှိ လွယ်ယင်းတောင်ခြေမှာ စစ်ဘေးရှောင်ပြည်သူအတွက် ပေးပို့ထားတဲ့ ဆန်၊ ဆေးဝါးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့ ဇွန်လ ၁၁ရက်နေ့မှာ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင်တွေကို ကျတော်တို့ကူညီနေတဲ့ ဆန်၊ ဆီ၊ ဆားတွေကို ပိတ့်ဆိုတာတွေ ကြားခဲ့ရတဲ့အတိုင်းပေါ့။ အခုက ပိတ်ဆို့တဲ့အပြင် အခုလိုမျိုး ဖျက်ဆီးတာတော့ လူမဆန်တဲ့လုပ်ရပ်လို့ ပြောနိုင်တာက ဒီဟာက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတစ်ခုလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ ကနဦးသိရတာက အဲ့ဒီဖက်မှာလည်း လူနည်းသွားပြီး ထွက်ပြေးတိမ်းရှောင်တဲ့ တောထဲတောင်ထဲမှာ ခိုလှုံနေတဲ့ ကျတော်တို့စစ်ဘေးရှောင်တွေအတွက် ပို့ဆောင်တဲ့ ဆန်တွေပေါ့နော အဲဒီဟာကို ဖျက်ဆီးတယ်လို့ပဲ ကြားထားတယ်။” လို့ KSCC ရဲ့ Humanitarian Focal က ပြောပါတယ်။

ဒါ့အပြင် ကရင်နီစစ်ရှောင်တွေကို ပို့ဆောင်တဲ့ ရိက္ခာလမ်းကြောင်းတွေလည်း ပိတ်ဆို့ခံရသလို အလံဖြူထောင်ပြီးသွားနေတဲ့ ကားတွေလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်မှုရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။

“အလံဖြူထောင်နေရဲ့သား ပစ်ခတ်ခံရတယ် အဲဒီအပေါ်မှာ ထိခိုက်ဒဏ်ရာရမှု ရှိတယ်။ လောလောဆယ်ကတော့ ရိက္ခာသယ်တဲ့အချိန်မှာ ပစ်ခတ်ခံရတယ်ဆိုတာ ဒီတလောမှာ နောက်ဆုံးဖြစ်ရပ်ပေါ့နော အဲဒီမတိုင်ခင်မှာဆိုရင် အားလုံးသိတဲ့အတိုင်းပဲ ကတ်သလစ်ဘာသာရေးကားဆိုရင်လည်း ခြိမ်းခြောက်ခြင်းခံရတယ်။ နောက်ပြီးတော့ ကျတော်တို့ ထောက်ပို့ရေးမှာ ကူညီပေးနေတဲ့ အထူးသဖြင့် စားနပ်ရိက္ခာသယ်ယူပေးနေတဲ့သူတွေနဲ့ ကျတော်တွေ့ပါတယ် သူတို့အပစ်ခတ်ခံရတယ်။ အရင်တလောဆိုရင်လည်း လက်ရှိ
ဒီစာက အရမ်းကိုဆိုးဝါးတဲ့ ကျတော်တို့မျိုးနွယ်စုမှာ လူသားမျိုးနွယ်စုကိုချိုးဖောက်တဲ့ ရာဇဝတ်မှုတစ်ခုဖြစ်သလို ကျတော်တို့ခေါ်တဲ့ လူသားချင်းစာနာထောက်ထားမှုမှာ ပိုပြီးတော့ ဆိုဝါးတဲ့ အခြေအနေတစ်ခုကို တွန်းပို့နေတယ်လို့ပဲ မြင်လို့ရပါတယ် သိလည်းသိနေပါတယ် အဲဒီလိုမျိုး အခြေနေဖြစ်တယ်ဆိုတာလေ။” KSCC ရဲ့ Humanitarian Focal က ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုပိုမိုများပြားလာပြီး အထူးသဖြင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီမော့ဆိုမြို့နယ်အတွင်းမှာ ပစ်ခတ်မှုပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသ အနီးတစ်ဝိုက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေ့စဉ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

ကရင်နီပြည်နယ်အပါအဝင် အခြားဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ သွားရောက်ကူညီသူတွေကို ဘေးကင်းစွာသွားလာခွင့်ပြုဖို့ နဲ့ အရေးတကြီး လိုအပ်နေသူအားလုံးထံ အကူအညီတိုက်ရိုက်သွားရောက်ခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့ကို မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts