spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အခြေခံပညာကျောင်းပညာသင်ကာလတိုးပါက ဆရာ/မတွေ အချိန်ဇယားရှုပ်ထွေးပြီး အခက်တွေ့နိုင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အခြေခံပညာ ကျောင်းတွေကို ပညာသင်ကာလ မတ်လကုန်အထိ သတ်မှတ်လိုက်မယ်ဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအခန်းစောင့် ဆရာ/မတွေတခြား စာစစ်ဖို့ လုပ်ငန်းတွေအစ အချိန်ဇယားတွေ ရှုပ်ထွေးပြီး အခက်အခဲတွေကြုံတွေ့နိုင်တယ်လို့ ပညာရေးဝန်ထမ်းမှ အမည်မဖော်လိုသူ ဆရာမ တစ်ဦးက ပြောပါတယ်။

၎င်းက “ဘယ်လိုဇတ်ပဲလာလာကနေရမဲ့ဘဝပါ။ အခုလိုကျောင်းတက်မယ်ဆိုရင်ဖြင့် ဆရာမအားလုံးအတွက်ကတော့ စာစစ်ဖို့ စာသင်ဖို့ အချိန်ဇယားတွေရှုပ်ထွေးပြီး ဒုက္ခတော့ရောက်လိမ့်မယ်။ မြေပြင်အခြေအနေမသိတဲ့သူ လူကြီးဖြစ်ရင် ဒုက္ခရောက်တာပဲလေ။ ဆယ်တန်းစောင့်နေတဲ့ အလယ်တန်းဆရာမတွေက သူ့ရဲ့ ငါတန်းကနေ ရှစ်တန်းဘယ်လိုထားရမလဲ၊ ဆယ်တန်းပြီးတော့ ကိုးတန်းဘယ်စစ်၊ ဆယ်တန်းစာအရင်စစ်မလား၊ အများကြီးပဲဒုက္ခကတော့ မီးစင်ကြည့်ကတာပေါ့။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ပညာရေးဝန်ကြီးကနေပြီး မတ်လအထိ အခြေခံပညာကျောင်းတွေကို ဖွင့်လှစ်ရမှာဖြစ်ပြီး မိဘတွေ အဆင်ပြေအောင် နောက်ဆုတ်ရခြင်းဖြစ်တယ်လို့ ပျဉ်းမနားမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေနဲ့ ဆွေးနွေးပွဲအပြီး မီဒီယာတွေကို ပြောဆိုထားခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် ကနေပြီး အခြေခံပညာကျောင်းတွေကို ပညာသင်ကာလ မတ်လကုန်အထိ သတ်မှတ်ချက်အပေါ်လည်း ပြင်ဆင်မှုတွေ မပြုလုပ်ပါကအစိုးရရဲ့ ၂၀၂၀ရွေးကောက်ပွဲကို ကူညီလုပ်ဆောင်ပေးမည်မဟုတ် ဆန့်ကျင်သွားမယ်လို့လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။

စာသင်ကာလပြောင်းလဲသတ်မှတ်ရာမှာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဆရာ ဆရာမ တွေနဲ့ တိုင်ပင်ဖို့လိုအပ်တယ်လို့ ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂ (KSSU) ဥက္ကဌ မျိုးလှိုင်ဝင်းက ပြောပါတယ်။

” ပညာရေးဝန်ကြီးဌာနက အောက်ခြေလွတ်နေတယ်လို့ မှတ်ယူတယ်ပေါ့။ ဘာဖြစ်လို့မှတ်ယူလဲဆိုတော့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ ဆရာ ဆရာမတွေနဲ့မတိုင်ပင်ဘဲနဲ့ ဝန်ကြီးဌာနတစ်ခုထဲပဲ ဒီလိုPolicy(မူဝါဒ)တွေကို ချမှတ်ပြီးပြုလုပ်နေတာဟာ တကယ်တမ်းလက်တွေ့မြေပြင်မှာ အလုပ်လုပ်နေတဲ့ ဆရာ ဆရာမတွေအတွက် အများကြီးအတားအဆီးတွေဖြစ်တယ်။” လို့ ပြောပါတယ်။

မတ်လကုန်ထိကျောင်းတက်မည့်ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်သည့်ဖဲကြိုးစိမ်းလှုပ်ရှားမှုကိုထောက်ခံ မတ်လကုန်အထိ စာသင်ကြားမှုကို တိုးမြှင့်ထားသည့်အတွက် ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များမှ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို လုပ်ဆောင်သည့်အပေါ် ထောက်ခံတယ်လို့ KSSUက ဇန်နဝါရီ ၁၀ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

သဘောထားထုတ်ပြန်ချက်မှာ ပြည်သူလူထုနှင့် ကျောင်းသားထု အကျိုးစီးပွားများကို ရှေးရှုပြီး ပညာရေးဝန်ကြီးဌာနကနေ မတ်လကုန်ထိ စာသင်ကာလသတ်မှတ်မှုအပေါ် ချက်ချင်းရပ်ဆိုင်းပေးရန်နှင့် ဆရာ ဆရာမလောင်းများ၏ တောင်းဆိုချက်များကို တာဝန်ရှိသူများက အမြန်ဆုံးလိုက်လျောပေးရန် တောင်းဆိုထားပါတယ်။

စာသင်ကာလကို သတ်မှတ်ထားသည့်အပေါ်တွင် ဆရာ ဆရာမများအတွက် အနှောက်အယှက်များ အခွင့်အလမ်းများ ပိတ်ပင်တာဖြစ်သည်ဟု နားလည်ကြောင်း ကျောင်းသားများအတွက်လည်း အခက်အခဲဖြစ်စေကြောင်း KSSUဥက္ကဌ မျိုးလှိုင်ဝင်းက ဆက်ပြောသည်။

မတ်လကုန်အထိ ကျောင်းတက်ရန်သတ်မှတ်မှုကို ပညာရေးဝန်ကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက စံတော်ချိန်သတင်းဌာနသို့ ပြောကြားချက်အရ သိရှိရကြောင်းသိရသည်။

spot_img
spot_img

Recent posts