spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

အင်အားမမျှတာကြောင့် ဒေါငံခါးကို ယာယီလက်လွှတ်လိုက်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ်တိုက်ပွဲအတွင်း တာဝေးပစ် လျှော့ဒုံးအတွဲလိုက်ပစ်ခတ်မှုအပြင် လက်နက်ကြီး၊ လေကြောင်းပစ်ကူတိုက်ခိုက်မှုကြောင့် စစ်ရေးအရ အရေးပါတဲ့ ဒေါငံခါးရပ်ကွက်ကို ယာယီလက်လွှတ်လိုက်ရတယ်လို့ KNDF B01 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ အချိန်ပြည့်ပါပဲ မနက်မိုးလင်းဆိုတာနဲ့ မိုးတောင်မလင်းသေးဘူးပေါ့နော။ ၄ခွဲ ၅နာရီနောက်ပိုင်းဆို သူတို့က စပစ်ပြီ လက်နက်ကြီးတွေနဲ့ထုတယ်။ အဲ့မျိုးတွေလုပ်တယ်။ သူတို့မနေ့က ကုန်းသာဖက်ကနေ စကျော်လာပြီးတော့မှ ဒေါငံခါးကိုဝင်လာတယ်။ အဲ့ချိန်မှာ ဒီးမော့ဆို PDF တို့ KNDF တို့ KGZ တို့ အလယ်ပိုင်းတိုင်းတို့ တခြားသော PDF အဖွဲ့တွေနဲ့ ကျနော်တို့ ခုခံကြပါတယ်။ သို့ပေမယ့်လည်း စစ်ကောင်စီဖက်ကနေ ၁၂၀မမတို့ ၆၀မမတို့ ၁၀၂တပ်ဆီကနေ ထုတဲ့လက်နက်ကြီးတွေကြောင့် ကျနော်တို့ မခံနိုင်ဘူးပေါ့နော အ့လိုအခြေအနေကြောင့် တဖြေးဖြေးစီ ပေးရတဲ့အခြေအနေရှိတယ်။ ဆုတ်မယ် ခံပစ်မယ် လက်နက်ကြီးကြောင့် မခံနိုင်ရင် ပြန်ဆုတ်မယ် အဲ့လိုပဲတောင့်ခံသေးတာပေါ့နော။ တောင့်ခံခဲ့ပါတယ်။ မနေ့ကဆို အရမ်းသိသာတယ်ပေါ့နော။ ဒီပွဲကြီးမှာဆိုရင် လျှော့ဒုံးပြောင်း ကားကြီးတွေနဲ့ ပစ်ပါတယ်။ ဒါပေမယ့် အဲ့လောက်ထိမသိသာဘူး။ မနေ့ကဆိုရင် ၈လုံးတွဲတွေ ၆လုံးတွဲတွေ ဆက်တိုက် ကျနော်တို့ဆီကိုပစ်တယ်။ လက်နက်ကြီးတောင်မှ ကျနော်တို့မခံနိုင်တဲ့အခြေအနေမှာ အခုလိုကျနော်တို့ကို လျှော့ဒုံးကြီးကားတွေနဲ့ပါ ကျနော်တို့ကိုပစ်တော့ တော်တော်လေးကို ကျနော်တို့ခံရပါတယ်။ မနေ့က ကျနော်တို့ရဲဘော်တွေလည်း အများအပြား ဒဏ်ရာရတယ်။ စစ်ကောင်စီဖက်ကလည်း ဒဏ်ရာရတယ် ထိခိုက်တဲ့သူလည်းရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အရေအတွက်ကိုတော့ တိတိကျကျကြီးတော့ မပြောနိုင်ပါဘူး။” လို့ KNDF B01 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့ရဲ့တစ်ဝက်ကို စစ်ကောင်စီက နယ်မြေစိုးမိုးမှုရထားပြီး လက်ရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နန်းမယ်ခုံကနေ ဒေါငံခါးတစ်ကြောကို ရက်ပေါင်း ၂၀အတွင်း စစ်ကောင်စီက လက်နက်ကြီးအသုံးပြုမှု၊ လေကြောင်းပစ်ကူမှုကြောင့် အင်အားမမျှဘဲ ဆုတ်ပေးလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာတဲ့တစ်လျှောက်မှာလည်း စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်၊ အဆောက်အအုံ ၄၀ထက်နည်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားရှိရာနေရာကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လျက်ရှိပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာဦးဗညားက “လူထုတွေကို အကြောက်တရားဖြစ်အောင်ပဲဖြစ်ဖြစ် လူထုတွေကိုသေစေလိုသော စိတ်ဆန္ဒရှိတယ်လို့မြင်တယ်။ ဘာဖြစ်လို့ သူတို့ကိုယ်၌က လူထုကိုရန်သူလို့သတ်မှတ်တယ်ဆိုတဲ့ စကားစုတွေသုံးလာတာရှိတယ်။ သူတို့ကိုမထောက်ခံသူအားလုံးဟာ သူတို့ရန်သူဆိုတဲ့စဉ်းစားချက်နဲ့လုပ်နေတယ်လို့ပဲ မြင်ပါတယ်။ အဲ့ဒါကတော့ လူထုတွေအပေါ်မှာ အကြောက်တရားနဲ့ဖြစ်ထွန်းအောင် သို့မဟုတ်လည်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောဖြစ်စေပေါ့နော သေစေလိုသောရည်ရွယ်ချက်ရှိတာကို ကျနော်တို့တွေ့ရတယ်။”လို့ အရပ်သားရှိရာ လေကြောင်းသုံးတိုက်ခိုက်မှုအပေါ် သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့တစ်ဂွင်ကို လက်နက်ကြီးရဲ့ပစ်ခတ်တာ၊ လျှော့ဒုံးနဲ့ပစ်ခတ်တာ၊ လေကြောင်းသုံးတိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်လျက်ရှိတာကြောင့် လက်နက်အင်အားမမျှတဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့က ဆုတ်ပေးလိုက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးပြီး နယ်မြေစိုးမိုးမှုကြောင့် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေရပါတယ်။

spot_img
spot_img

Recent posts