spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

အငှားချထားသည့် စက်ယန္တရား ၁ဝ စီး၏ ငွေစာရင်းရှင်းတမ်း အစိုးရအဖွဲ့ မချပြနိုင်

Author

Date

Category

ဖဲဘူး

ပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တရား ၁ဝ စီး၏ နှစ်အလိုက် ငှားရမ်းခနှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ကုန်ကျစရိတ်များကို သိလိုကြောင်း လွှတ်တော်တွင် မေးမြန်းရာ သက်ဆိုင်ရာဝန်ကြီးမှ သေချာသည့် အဖြေပြန်ပေးနိုင်ခြင်းမရှိပေ။

ဒုတိယအကြိမ် ကယားပြည်နယ် နဝမပုံမှန် လွှတ်တော်အစည်းအဝေးတွင် အမှတ် ၁ မယ်စဲ့မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မေးမြန်းခဲ့ခြင်းဖြစ်ပြီး အစိုးရရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ သိထားတာကတော့ ဒီစက်ယန္တရားကို ငှားထားတာကတော့ တစ်လလျှင် သိန်း ၅ဝ ။ ဒီ သိန်း ၅ဝ ဆိုတာက ပြည်သူ့ဘဏ္ဍာငွေ။ ပြည်သူ့ ဘဏ္ဍာငွေကို တင်ပြရမယ်။ စက်ယန္တရား ၁ဝ စီးရှိတယ်၊ ရှိတဲ့ဟာကို တင်ပြရမယ်။ ဒါကိုသူတို့က မတင်ပြဘဲနဲ့ သူတို့ ဒီစည်းက ထွက်နေတဲ့ဟာကို လူတစုက သုံးစွဲနေတယ်။ အချက်လက်တွေအကုန်သိရတယ်။”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

အဆိုပါ စက်ယန္တရားများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဒေသလုပ်ငန်းရှင်များထံ အခငွေကြေးယူကာ ငှားရမ်းထားကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားသည်။ ငှားရမ်းခငွေများကို ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ပြန်လည်အသုံးပြုကြောင်း ဆိုသည်။

သက်ဆိုင်ရာဝန်ကြီး၏ ဖြေကြားမှုသည် မေးမြန်ထားသည့် မေးခွန်းနှင့် မကိုက်ညီသည့်အပြင် အဆိုပါ ငှားရမ်းခများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲခြင်းမရှိကြောင်း တွေ့ရှိရသဖြင့့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ယခုကိစ္စအတွက် ပြည်နယ်အစိုးရအဖွဲ့တွင် တာဝန်ရှိနေပြီး ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ခြင်းဟု ၎င်းက ဆိုသည်။

“တစ်စီးကို ၁ သိန်းနှုန်းပဲ ငှားအုန်း ၊ တစ်ရက်ကို ၁ သိန်း နှုန်းငှား၊ တလကို သိန်း ၃ဝ ရမယ်။  ၁ဝ စီး အတိုင်းအတာပေါ့နော။ ဘတ်ဂျက်ဝင်ငွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးနေတဲ့ဟာ ၊ မသမာတဲ့လူတစုက သုံးစွဲနေတဲ့ဟာ ဒါမဖြစ်သင့်ဘူး။”ဟု မေးခွန်းမေးမြန်းသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဆိုသည်။

၎င်း စက်ယန္တရားများကို ယခင်အစိုးရမှ ၂၀၁၅ ခုနှစ်ကတည်းက ငွေလုံးငွေရင်းဖြင့် ဝယ်ယူခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

အဆိုပါ စက်ယန္တရားမျာကို ဘတ်ဂျက်စာရင်းများတွင် ဖော်ပြထားခြင်းမရှိသည့်အပြင် ငှါးရမ်းခရငွေများ၏ စာရင်းအင်းများကိုလည်း ဖော်ပြထားခြင်း မရှိကြောင်း ဦးအောင်နိုင်ဦးက ဝေဖန်သည်။

spot_img
spot_img

Recent posts