spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အစိုးရဘတ်ဂျတ်နဲ့ လုပ်ဆောင်တဲ့ဆိတ်မွေးမြူရေး မအောင်မြင်လို့ မွေးမြူတဲ့သူတွေကိုပြန်လျော်ခိုင်း

Author

Date

Category

စိုးထိုက်အောင်

ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေဘက်မှာ အစိုးရအစီအစဉ်နဲ့ ချထားပေးတဲ့ ဆိတ်မွေးမြူရေးလုပ်ငန်းမှာ သေသွားတဲ့ဆိတ်ကောင်ရေတွေကို ပြန်လျော်ပေးရမည်ဆိုလို့ ဆိတ်မွေးမြူထားကြတဲ့သူတွေမှာ အခက်တွေ့နေကြရပါတယ်။

၂၀၂၀ ခုနှစ် မတ်လမှာပဲ အစိုးရကနေ သေသွားတဲ့ ဆိတ်ကောင်ရေတွေကို ပြန်လျော်ပေးဖို့ ထုတ်ပြန်ထားတဲ့အတွက် ဆိတ်မွေးမြူတဲ့သူတွေက ပြန်ဝယ်ထည့်နိုင်ဖို့လည်း ကြိုးစားဆောင်ရွက်နေကြရပါတယ်။

ပြည်မမှ ယူလာသောဆိတ်များ ၂လအတွင်းသေဆုံးသွားသော ဆိတ်များတချို့

ဆိတ်မွေးမြူရေးလုပ်ငန်းမှ အမည်မဖော်လိုသူ ဆိတ်မွေးမြူတဲ့သူတစ်ဦးက “ လက်ရှိကျန်နေတဲ့ဆိတ်တွေကိုပဲ ပွားလာမလားအဲ့လိုမျိုးပဲ မျှော်ရမှာပေါ့ ကျတော်တို့ပြန်ပြီးတော့လျော်ဖို့ကလဲ ကျတော်တို့မှာမဖြစ်နိုင်ဘူးလေ စားဝတ်နေရေးကလဲ နကိုယ်ကတည်းက အဆင်မပြေလို့သူတို့ဆီက အကူညီရပါတယ်ဆိုမှ ဒါကိုပြန်ပြီးတော့မှလျော်ရမယ်ဆိုရင်တော့ ကျတော်အတွက်က အဆင်မပြေဘူးပေါ့။”လို့ပြောပါတယ်။

အသက်မွေးဝမ်းကြောင်းအဆင်ပြေစေဖို့ရည်ရွယ်ပြီး ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံတချို့ကနေပြီးတော့ ဆိတ်မွေးမြူရေးလုပ်ငန်း တောင်းဆိုခဲ့သဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာလက ဆိတ်အကောင်ရေ ၁၀၀ကို အစိုးရကနေ ချထားပေးခဲ့တာဖြစ်ပါတယ်။

ဆိတ်တွေကို ကားပေါ်ကနေ ချတဲ့အချိန်မှာလဲ ကုန်ပစ္စည်းတွေ တင်၊ချ သလိုမျိုး ဆွဲပြီးပစ်တင်တာတွေ၊ တွန်းချတာတွေကြောင့် အတွင်းဒဏ်ရာတွေ၊ အပြင်ဒဏ်ရာတွေရှိနေတယ်လို့သိရပါတယ်။ ယူလာတဲ့ဆိတ်တွေကလဲ အရွယ်အစားမျိုးစုံဆိုပေမဲ့ ကျန်းမာသန်စွမ်းတဲ့ဆိတ်တွေမပါဘူးလို့ဒေသခံတွေက ပြောပါတယ်။ ဆိတ်တွေကိုမွေးမြူဖို့အတွက်ခြံတွေ၊ ဆိတ်အစာတွေကိုလဲ ထောက်ပံ့ပေးထားတာမရှိတဲ့ အတွက် မွေးမြူသူတွေအနေနဲ့အခုလို မအောင်မြင်တဲ့အခြေအနေမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်အတက်နိုင်ဆုံးလုပ်နေရတယ်လို့ပြောဆိုနေကြပါတယ်။

ဆိတ်တွေရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ တစ်ကောင်ပြီးတစ်ကောင် သေသွားကြတယ်လို့ ဆိတ်မွေးမြူတဲ့ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

၎င်းက “ ၅ရက်မြောက်နေ့မှာလဲ ကျတော်ပြည်နယ်မှုးကိုလဲ ဖုန်းဆက်ပြီးမှ ဆိတ်တွေ အခြေအနေမကောင်းဘူး ပြန်လာယူလဲယူပေါ့၊ တစ်ခုခုလုပ်ရင်လဲလုပ်ပေါ့၊ တစ်ခြားနေရာပို့ရင်လဲပို့ပေါ့ ဒီနေရာ၊ ဒီဒေသနဲ့တော့အဆင်မပြေဘူးပြောတဲ့အချိန်မှာလဲ သူတို့လာမယူဘူးပေါ့ အခုမှအလုပ်အစဆို သေတော့သေမှာပေါ့ ဒါပေမဲ့ ၄၊၅ကောင် ၁၀ကောင်လောက်ပဲသေမယ် ပြီးရင် မသေတော့ဘူး သူအဲ့လိုပဲပြောပြီးမှ ဒီတိုင်းပဲဆက်သွားလိုက်တော့ ဆိတ်တွေက ၂လ အတွင်းမှာအကောင် ၅၀လောက် သေသွားတာပေါ့။” လို့ ပြောပါတယ်။

အခုလိုမွေးမြူပြီးနောက် ဒေသခံတွေအောင်မြင်မည်ဆိုပါက အကျိုးအမြတ်တွေကို ဒေသခံတွေအတွက်ဟုသာ သိထားခဲ့ကြတာဖြစ်ပြီး အခုလို ဆိတ်ကောင်ရေသေကြေဆုံးရှုံးမှုတွေဖြစ်ပေါ်လာရင် အစိုးရကနေ တာဝန်ယူဖြေရှင်းပေးမယ်လို့ ယူဆမိခဲ့ကြတာဖြစ်ပါတယ်။

အခုလို ဆိတ်မွေးမြူရေးလုပ်ငန်းအောင်မြင်မှုမရှိတာကြောင့် အစိုးရကနေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြေရှင်းပေးဖို့ ပြည်နယ်လွှတ်တော်မှာမေးမြန်းဖူးတယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အခုလို ပြောပါတယ်။

“ဒါတွေက အစိုးရစီမံချက်ဖြစ်တယ် နောက်ပြီးတော့မှ ရွာသားတွေအကျိုးဖြစ်ဖို့အတွက် အစိုးရတွေက လာပြီးတော့မှ လုပ်ပေးတဲ့ကိစ္စဖြစ်တယ်ပေါ့နော်။ အခုက ဒီလိုအရှုံးပေါ်တဲ့အခါမှာ ရွာသူရွာသားတွေကို လျော်ခိုင်းတဲ့ပုံစံမျိုးဖြစ်နေတယ် တစ်ကယ်တမ်းဆို ဒါတွေက မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်ပေါနော်။” လို့ဦးသဲရယ်က ပြောပါတယ်။

ဆိတ်တွေကို ပြည်မဘက်ကနေ ဆိတ်အကောင်ရေ(၁၀၀) သယ်ဆောင်လာတာဖြစ်ပြီးတော့ ဒေသရဲ့ရာသီဥတုနဲ့မကိုက်ညီတဲ့အတွက်၊ ကားနဲ့ပြည့်ကြပ်နေအောင်တင်ဆောင်လာတဲ့အတွက် နှစ်လအတွင်းမှာပဲ ဆိတ်အကောင်ရေ (၅၀) ခန့်သေဆုံးသွားတယ်လို့ဆိတ်မွေးမြူတဲ့လူက ပြောပါတယ်။

လက်ရှိမှာ ဆိတ်အကောင် ၁၀၀ ကနေ ၈ ကောင်ပဲ ကျန်တော့တဲ့အချိန်မှာ ပြီးခဲ့တဲ့၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ နန်းဖဲ ကျေးရွာဘက်မှာ ဆိတ်တွေကို ရွှေ့ပြောင်းမွေးမြူခဲ့ကြတယ်လို့ဆိုပါတယ်။ အခုဆိုလျှင် ၈ ကောင်ကနေ သားပေါက် ၃ ကောင်၊ ၉ ကောင်ကိုတော့ထပ်မံဝယ်ဖြည့်ထားတာဖြစ်ပြီး အားလုံးစုစုပေါင်း အကောင် ၂၀ သာ ရှိပါတော့တယ်။

ဖရူဆိုမြို့နယ်အတွင်းက ဒေါဗျာကူးကျေးရွာမှာ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့က (၂၀၁၇-၂၀၁၈)အစိုးရဘတ်ဂျတ်နဲ့ဆိတ်မွေးမြူရေးလုပ်ငန်းကိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆိတ်တွေကို ပြည်မဘက်ကနေ ကားဖြင့် သယ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts